သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာခရီးစဥ္အေပၚ ေဝဖန္မႈအတြက္ ကေမၻာဒီးယား ကာကြယ္ေျပာဆို


ေနျပည္ေတာ္ သံတမန္ခန္းမမွာ ေတြ႔ဆံုတဲ့ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္။ (ဇန္နဝါရီ ၇၊ ၂၀၂၂။ ဓာတ္ပံု - စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႔)

(Zawgyi / Unicode)

ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္အေပၚ ျပည္တြင္း ျပည္ပ ကန္႔ကြက္ေဝဖန္မႈေတြနဲ႔ ပတ္သက္လို႔ ကေမၻာဒီးယားက ကာကြယ္ေျပာဆိုလိုက္ပါတယ္။ ခရီးစဥ္အတြင္း ျမန္မာစစ္ေခါင္းေဆာင္နဲ႔ ေတြ႔ဆုံခဲ့ၿပီး ဖမ္းဆီးခံ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြနဲ႔ မေတြ႔ခဲ့တာေၾကာင့္ အာဏာသိမ္းစစ္တပ္ကို အသိအမွတ္ျပဳ လက္ခံရာေရာက္မွာ စိုးရိမ္ေနတဲ့ အေပၚမွာလည္း ကေမၻာဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးက ခရီးစဥ္အဆုံးသတ္ စေနေန႔က တုံ႔ျပန္ခဲ့တာပါ။

အာဆီယံ အလွည့္က်ဥကၠ႒ ျဖစ္လာတဲ့ ကေမၻာဒီးယားႏုိင္ငံက ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ခရီးစဥ္ဟာ လက္ေတြ႔မွာ ဘယ္လိုအက်ဳိးရလဒ္ေတြ ရွိခဲ့ပါသလဲ၊ ဒီအေပၚ အာဆီယံအေရးကၽြမ္းက်င္သူ မမိုးသူဇာ၊ ျမန္မာ့အေရးသံုးသပ္သူ ဦးရဲထြန္းနဲ႔ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးတို႔ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ကေမၻာဒီးယား ႏုိင္ငံျခားေရးဝန္ႀကီး Prak Sokhonn က “အခုခရီးစဥ္ဟာ စစ္ေကာင္စီကို အသိအမွတ္ျပဳဖို႔သြားတဲ့ ခရီးစဥ္ မဟုတ္ပါဘူး။ ၂ ႏိုင္ငံ ဆက္ဆံေရးအတြက္ ေဆာင္ရြက္ရမယ့္ ကိစၥေတြကို ဆက္လုပ္ဖို႔သြားတာပါ။ ေဒၚေအာင္ဆန္းစုၾကည္သာ မကပါဘူး၊ တျခားလူေတြနဲ႔လည္း ဝန္ႀကီးခ်ဳပ္က ေတြ႔ခြင့္မေတာင္းခဲ့ပါဘူး။ ဒါကလည္း တဆင့္ခ်င္းသြားဖို႔ လိုတယ္လို႔ ဝန္ႀကီးခ်ဳပ္က ယုံၾကည္ထားလို႔ပါ။ လက္လွမ္းမီသေလာက္ အသီးကိုပဲခူးၿပီး ေတာင္းအျပည့္ရဖို႔ အဓိက ရည္ရြယ္တာ ျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

ဒီအေပၚ စင္ကာပူအေျခစုိက္ ISEAS-Yusof Ishak Institute က ျမန္မာ့ေလ့လာေရး အစီအစဥ္ ပူးတြဲညိႇႏႈိင္းေရးမွဴး မမုိးသူဇာကလည္း အခုလိုေျပာပါတယ္။

“ရလဒ္ရယ္လို႔ေတာ့ အတိအက် အဓိပၸာယ္ မဖြင့္ခ်င္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ခရီးစဥ္အၿပီးမွာ ထုတ္ျပန္တဲ့ ပူးတြဲ သတင္းေၾကညာခ်က္ထဲမွာ ေရွ႕ဆက္ၿပီးေတာ့ ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနနဲ႔ ဘာေတြကို ဆက္လက္ေဆာင္ရြက္သြားမယ္ ဆုိတဲ့ အစီအစဥ္မ်ဳိးေတြေတာ့ အဲဒီထဲမွာ ထည့္သြင္း ေဖာ္ျပထားတယ္။ ဒါေတြက လက္ေတြ႔ အေကာင္အထည္ေဖာ္တဲ့ အေနအထားကေတာ့ မေရာက္ေသးပါဘူး။ အဲဒီေတာ့ အလုပ္နဲ႔ သက္ေသျပဖို႔ောတ့ အားလုံးကေတာ့ ေစာင့္ၾကည့္ေနၾကလိမ့္မယ္လို႔ ထင္ပါတယ္။”

ဒါပေမယ့္ အခုခရီးစဥ္မွာ အျမတ္ထြက္ခဲ့သူကေတာ့ စစ္ေကာင္စီပါလုိ႔ ျမန္မာ့အေရး ေလ့လာသုံးသပ္သူ ဦးရဲထြန္းက ဆုိပါတယ္။

“ထူးထူးျခားျခား သိသိသာသာ ရလဒ္ကေတာ့ နစက က ႏုိင္ငံေရးအရ နည္းနည္း ဂုဏ္သိကၡာ တက္သြားတာေပါ့။ ၿပီးခဲ့တဲ့ ကာလေတြမွာ အာဆီယံက နစကဥကၠ႒ အပါအဝင္ အတူဆုံးျဖတ္ထားတဲ့ သေဘာတူခ်က္ ၅ ခ်က္ကို အေကာင္အထည္ မေဖာ္လို႔ သူ႔ကုိ အာဆီယံအသင္း အစည္းအေဝးေတြ တက္ခြင့္ကုိပါ ပိတ္ထားတာေလ။ ပိတ္ထားတဲ့ အေနအထားကေနၿပီးေတာ့ အခု အာဆီယံဥကၠ႒အသစ္ ေျပာင္းသြားတဲ့ အခါၾကေတာ့ ဥကၠ႒ကုိယ္ႏႈိက္က လာၿပီးေတာ့ ေဖ်ာင္းဖ်တာ၊ လာၿပီးေတာ့ နစက ဥကၠ႒ကို ေတြ႔တာက ၂၀၂၁ ေဖေဖာ္ဝါရီလ အာဏာလႊဲေျပာင္းၿပီးကတည္းက ဘယ္ ႏုိင္ငံ့ေခါင္းေဆာင္မွ လာမေတြ႔ဖူးဘူး။ ဒါ ပထမဆုံး လာေတြ႔တာျဖစ္တယ္။ နစကဘက္က ၾကည့္မယ္ဆုိရင္ေတာ့ ဒါက ဂုဏ္သိကၡာတခု ျပန္တက္လာတဲ့ သေဘာေပါ့။ သုိ႔ေသာ္ ျပန္ၿပီးေတာ့ အစည္းအေဝး တက္ခြင့္ရမလား ဆုိတာကေတာ့ မေသခ်ာေသးဘူး။ အာဆီယံအဖြဲ႔ထဲမွာ ျပန္ၿပီးေတာ့ ေဆြးေႏြးရလိမ့္မယ္ ထင္တယ္။”

ဒီေနရာမွာ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကလည္း ကေမၻာဒီးယားဘက္က သူ႔နည္းသူ႔ဟန္နဲ႔ လမ္းစဖြင့္ခဲ့တာလို႔ သုံးသပ္ပါတယ္။

“ဒီခရီးစဥ္ မစခင္မွာကတည္းက ကေမၻာဒီးယား ဝန္ႀကီးခ်ဳပ္ေရာ၊ ၿပီးေတာ့ အထူးကုိယ္စားလွယ္အျဖစ္နဲ႔ လာမယ့္ ႏုိင္ငံျခားေရးဝန္ႀကီးကပါ ျမန္မာႏုိင္ငံဟာ ျပည္တြင္းစစ္ျဖစ္ဖို႔ အသင့္အေနအထားမွာ ျဖစ္ေနၿပီဆုိတဲ့ သူတုိ႔ရဲ႕ စုိးရိမ္ေၾကာင့္ၾကမႈကို အထူးျပဳၿပီး ေျပာတာကုိ က်ေနာ္ သတိထားမိတယ္။ ဒါေၾကာင့္မုိ႔ အာဆီယံရဲ႕ အခ်က္ ၅ ခ်က္ပါတဲ့ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ကိစၥမွာ အရင္ ဘ႐ူႏုိင္း ဥကၠ႒ လက္ထက္မွာလည္း အေကာင္အထည္ မေပၚခဲ့တဲ့ အခါၾကေတာ့ ကေမၻာဒီးယားက ဥကၠ႒တာဝန္ယူရတဲ့ သက္တမ္းမွာ သူ႔အေနနဲ႔ ခ်ဥ္းကပ္မႈ ပုံစံတမ်ဳိးနဲ႔ ဝင္ေရာက္လည္ပတ္တယ္လို႔ က်နော္ေတာ့ ျမင္ပါတယ္။ ဒါေၾကာင့္မုိ႔လည္း ပူးတြဲေၾကညာခ်က္မွာ ၿငိမ္းခ်မ္းေရး၊ အပစ္အခတ္ ရပ္စဲေရးနဲ႔ ပတ္သက္ၿပီးေတာ့ အထူးျပဳေျပာတာ ေတြ႔ရတယ္။ ေနာက္တခုကေတာ့ အၾကမ္းဖက္မႈေတြ ဘက္အသီးသီးက ေလွ်ာ့ခ်ႏုိင္ဖို႔နဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ အခ်က္ ၅ ခ်က္ပါ အာဆီယံ သေဘာတူညီခ်က္ ေဆာင္ရြက္ဖုိ႔ကုိ ဒီဘက္ကလည္း ပံ့ပုိးကူညီမယ္လို႔ ေျပာေတာ့ ဒီ အာဆီယံ အထူးကုိယ္စားလွယ္ လာေရာက္လည္ပတ္ဖုိ႔ေတာ့ လမ္းေၾကာင္း ပြင့္သြားတယ္လို႔ ျမင္ပါတယ္။”

အခုလို အေျခအေနမွာ စစ္ေကာင္စီဘက္က လက္ေတြ႔အေကာင္အထည္ မေဖာ္တာမ်ဳိး အရင္လို မျဖစ္ေစဘဲ ေရွ႕မွာ တုိးတက္မႈေတြ လိုခ်င္ရင္ေတာ့ အာဆီယံဘက္က Road Map လမ္းျပေျမပုံ အေသးစိတ္ ခ်ျပဖုိ႔ လုိၿပီလို႔ မမုိးသူဇာက ေထာက္ျပပါတယ္။

“ဒီ အခ်က္ႀကီး ၅ ခ်က္က ဘယ္လုိ Detail ေတြ ဆက္ၿပီး ေဆာင္ရြက္သြားမလဲ ဆုိတာေတာ့ အာဆီယံအေနနဲ႔ ေဆြးေႏြးရေတာ့မွာေပါ့ေလ။ ဘာေၾကာင့္လဲဆုိေတာ့ ဒီ Envoy ခန္႔တာေတာ့လည္း ၿပီးသြားၿပီေပ့ါေလ။ Humanitarian Assistance ကိုလည္း ဘယ္လို အေသးစိတ္ ဆက္ၿပီး ညိႇႏႈိင္းေဆာင္ရြက္သြားမလဲ၊ ၿပီးေတာ့မွ ကုလသမဂၢဆုိင္ရာ အထူးကုိယ္စားလွယ္ေပါ့၊ အခုဆုိရင္ ေဒါက္တာ Noeleen Heyzer ကလည္း ခန္႔အပ္ခဲ့ၿပီးၿပီ ဆုိတဲ့အခါၾကေတာ့ ေဒါက္တာ Noeleen Heyzer နဲ႔ အာဆီယံ အလွည့္က်ဥကၠ႒ ခန္႔အပ္ထားတဲ့ အထူးကိုယ္စားလွယ္နဲ႔ ဘယ္လိုဆက္ၿပီး ေဆြးေႏြး စကားေျပာမလဲ၊ ေနာက္ၿပီးေတာ့ ျမန္မာႏုိင္ငံနဲ႔ ႏွစ္ႏုိင္ငံ ဆက္ဆံေရး အေနအထားမွာ ကိုယ္စားလွယ္ေတြ အေနနဲ႔ ျမန္မာႏုိင္ငံနဲ႔ နယ္နိမိတ္ခ်င္း ဆက္စပ္ေနတဲ့ တ႐ုတ္ႏုိင္ငံလို ႏုိင္ငံမ်ိဳးမွာဆုိရင္လည္း ျမန္မာႏုိင္ငံနဲ႔ ပတ္သက္တဲ့ အထူးကုိယ္စားလွယ္ မစၥတာဆြန္ေကာ့ရွန္လို႔ လူစားမ်ဳိးေပါ့၊ ၿပီးေတာ့ ဂ်ပန္ႏုိင္ငံအေနနဲ႔ ၾကည့္မယ္ဆုိရင္လည္း ဂ်ပန္အစုိးရကို ကုိယ္စားျပဳသူ မဟုတ္ေသာ္လည္း ျမန္မာႏုိင္ငံရဲ႕ လူသားခ်င္း စာနာေထာက္ထားမႈဆုိင္ရာ အေနအထားေတြ လာေရာက္ ကူညီေပးခဲ့တဲ့ ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာလည္း ဒီလိုပဲ ပါဝင္ခဲ့တဲ့ ဂ်ပန္ႏုိင္ငံက မစၥတာ ဆာဆာကာဝါလို လူမ်ဳိးေပါ့၊ အေရးပါတယ္ေပါ့။ တဦးခ်င္းစီ ႀကိဳးပမ္းေနမယ့္အစား အားလုံးကေန ညိႇႏႈိင္းၿပီးေတာ့ စည္းစည္းလုံးလုံး ညီညီညြတ္ညြတ္နဲ႔ ဝုိင္းဝန္းေျဖရွင္းေပးႏုိင္ဖုိ႔ အတြက္ကုိ စုစည္း ညိႇွႏႈိင္းေပးႏုိင္မယ့္ အခန္းက႑က အာဆီယံမွာ ရွိပါတယ္။”

တခ်ိန္တည္းမွာ ျမန္မာစစ္ေကာင္စီ အေနနဲ႔ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို အေလးထား ေဖာ္ျပခဲ့ေပမယ့္ သူတုိ႔လုပ္ခ်င္တဲ့ ပုံစံနဲ႔သာ ေျပာခဲ့တာပါလုိ႔ ေဝဖန္သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

မြန်မာခရီးစဉ်အပေါ် ဝေဖန်မှုအတွက် ကမ္ဘောဒီးယား ကာကွယ်ပြောဆို

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ပြည်တွင်း ပြည်ပ ကန့်ကွက်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားက ကာကွယ်ပြောဆိုလိုက်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံ အရပ်သားအစိုးရ ခေါင်းဆောင်တွေနဲ့ မတွေ့ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြု လက်ခံရာရောက်မှာ စိုးရိမ်နေတဲ့ အပေါ်မှာလည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ခရီးစဉ်အဆုံးသတ် စနေနေ့က တုံ့ပြန်ခဲ့တာပါ။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ လက်တွေ့မှာ ဘယ်လိုအကျိုးရလဒ်တွေ ရှိခဲ့ပါသလဲ၊ ဒီအပေါ် အာဆီယံအရေးကျွမ်းကျင်သူ မမိုးသူဇာ၊ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က “အခုခရီးစဉ်ဟာ စစ်ကောင်စီကို အသိအမှတ်ပြုဖို့သွားတဲ့ ခရီးစဉ် မဟုတ်ပါဘူး။ ၂ နိုင်ငံ ဆက်ဆံရေးအတွက် ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆက်လုပ်ဖို့သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်သာ မကပါဘူး၊ တခြားလူတွေနဲ့လည်း ဝန်ကြီးချုပ်က တွေ့ခွင့်မတောင်းခဲ့ပါဘူး။ ဒါကလည်း တဆင့်ချင်းသွားဖို့ လိုတယ်လို့ ဝန်ကြီးချုပ်က ယုံကြည်ထားလို့ပါ။ လက်လှမ်းမီသလောက် အသီးကိုပဲခူးပြီး တောင်းအပြည့်ရဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒီအပေါ် စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute က မြန်မာ့လေ့လာရေး အစီအစဉ် ပူးတွဲညှိနှိုင်းရေးမှူး မမိုးသူဇာကလည်း အခုလိုပြောပါတယ်။

“ရလဒ်ရယ်လို့တော့ အတိအကျ အဓိပ္ပာယ် မဖွင့်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခရီးစဉ်အပြီးမှာ ထုတ်ပြန်တဲ့ ပူးတွဲ သတင်းကြေညာချက်ထဲမှာ ရှေ့ဆက်ပြီးတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဘာတွေကို ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတဲ့ အစီအစဉ်မျိုးတွေတော့ အဲဒီထဲမှာ ထည့်သွင်း ဖော်ပြထားတယ်။ ဒါတွေက လက်တွေ့ အကောင်အထည်ဖော်တဲ့ အနေအထားကတော့ မရောက်သေးပါဘူး။ အဲဒီတော့ အလုပ်နဲ့ သက်သေပြဖို့ောတ့ အားလုံးကတော့ စောင့်ကြည့်နေကြလိမ့်မယ်လို့ ထင်ပါတယ်။”

ဒါပမေယ့် အခုခရီးစဉ်မှာ အမြတ်ထွက်ခဲ့သူကတော့ စစ်ကောင်စီပါလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ဆိုပါတယ်။

“ထူးထူးခြားခြား သိသိသာသာ ရလဒ်ကတော့ နစက က နိုင်ငံရေးအရ နည်းနည်း ဂုဏ်သိက္ခာ တက်သွားတာပေါ့။ ပြီးခဲ့တဲ့ ကာလတွေမှာ အာဆီယံက နစကဥက္ကဋ္ဌ အပါအဝင် အတူဆုံးဖြတ်ထားတဲ့ သဘောတူချက် ၅ ချက်ကို အကောင်အထည် မဖော်လို့ သူ့ကို အာဆီယံအသင်း အစည်းအဝေးတွေ တက်ခွင့်ကိုပါ ပိတ်ထားတာလေ။ ပိတ်ထားတဲ့ အနေအထားကနေပြီးတော့ အခု အာဆီယံဥက္ကဋ္ဌအသစ် ပြောင်းသွားတဲ့ အခါကြတော့ ဥက္ကဋ္ဌကိုယ်နှိုက်က လာပြီးတော့ ဖျောင်းဖျတာ၊ လာပြီးတော့ နစက ဥက္ကဋ္ဌကို တွေ့တာက ၂၀၂၁ ဖေဖော်ဝါရီလ အာဏာလွှဲပြောင်းပြီးကတည်းက ဘယ် နိုင်ငံ့ခေါင်းဆောင်မှ လာမတွေ့ဖူးဘူး။ ဒါ ပထမဆုံး လာတွေ့တာဖြစ်တယ်။ နစကဘက်က ကြည့်မယ်ဆိုရင်တော့ ဒါက ဂုဏ်သိက္ခာတခု ပြန်တက်လာတဲ့ သဘောပေါ့။ သို့သော် ပြန်ပြီးတော့ အစည်းအဝေး တက်ခွင့်ရမလား ဆိုတာကတော့ မသေချာသေးဘူး။ အာဆီယံအဖွဲ့ထဲမှာ ပြန်ပြီးတော့ ဆွေးနွေးရလိမ့်မယ် ထင်တယ်။”

ဒီနေရာမှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ကမ္ဘောဒီးယားဘက်က သူ့နည်းသူ့ဟန်နဲ့ လမ်းစဖွင့်ခဲ့တာလို့ သုံးသပ်ပါတယ်။

“ဒီခရီးစဉ် မစခင်မှာကတည်းက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရော၊ ပြီးတော့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ လာမယ့် နိုင်ငံခြားရေးဝန်ကြီးကပါ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ဖို့ အသင့်အနေအထားမှာ ဖြစ်နေပြီဆိုတဲ့ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို အထူးပြုပြီး ပြောတာကို ကျနော် သတိထားမိတယ်။ ဒါကြောင့်မို့ အာဆီယံရဲ့ အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကိစ္စမှာ အရင် ဘရူနိုင်း ဥက္ကဋ္ဌ လက်ထက်မှာလည်း အကောင်အထည် မပေါ်ခဲ့တဲ့ အခါကြတော့ ကမ္ဘောဒီးယားက ဥက္ကဋ္ဌတာဝန်ယူရတဲ့ သက်တမ်းမှာ သူ့အနေနဲ့ ချဉ်းကပ်မှု ပုံစံတမျိုးနဲ့ ဝင်ရောက်လည်ပတ်တယ်လို့ ကျနော်တော့ မြင်ပါတယ်။ ဒါကြောင့်မို့လည်း ပူးတွဲကြေညာချက်မှာ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ အထူးပြုပြောတာ တွေ့ရတယ်။ နောက်တခုကတော့ အကြမ်းဖက်မှုတွေ ဘက်အသီးသီးက လျှော့ချနိုင်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီချက် ဆောင်ရွက်ဖို့ကို ဒီဘက်ကလည်း ပံ့ပိုးကူညီမယ်လို့ ပြောတော့ ဒီ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်လည်ပတ်ဖို့တော့ လမ်းကြောင်း ပွင့်သွားတယ်လို့ မြင်ပါတယ်။”

အခုလို အခြေအနေမှာ စစ်ကောင်စီဘက်က လက်တွေ့အကောင်အထည် မဖော်တာမျိုး အရင်လို မဖြစ်စေဘဲ ရှေ့မှာ တိုးတက်မှုတွေ လိုချင်ရင်တော့ အာဆီယံဘက်က Road Map လမ်းပြမြေပုံ အသေးစိတ် ချပြဖို့ လိုပြီလို့ မမိုးသူဇာက ထောက်ပြပါတယ်။

“ဒီ အချက်ကြီး ၅ ချက်က ဘယ်လို Detail တွေ ဆက်ပြီး ဆောင်ရွက်သွားမလဲ ဆိုတာတော့ အာဆီယံအနေနဲ့ ဆွေးနွေးရတော့မှာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဒီ Envoy ခန့်တာတော့လည်း ပြီးသွားပြီပေ့ါလေ။ Humanitarian Assistance ကိုလည်း ဘယ်လို အသေးစိတ် ဆက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမလဲ၊ ပြီးတော့မှ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်ပေါ့၊ အခုဆိုရင် ဒေါက်တာ Noeleen Heyzer ကလည်း ခန့်အပ်ခဲ့ပြီးပြီ ဆိုတဲ့အခါကြတော့ ဒေါက်တာ Noeleen Heyzer နဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်နဲ့ ဘယ်လိုဆက်ပြီး ဆွေးနွေး စကားပြောမလဲ၊ နောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားမှာ ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ တရုတ်နိုင်ငံလို နိုင်ငံမျိုးမှာဆိုရင်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်လို့ လူစားမျိုးပေါ့၊ ပြီးတော့ ဂျပန်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဂျပန်အစိုးရကို ကိုယ်စားပြုသူ မဟုတ်သော်လည်း မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အနေအထားတွေ လာရောက် ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ဒီလိုပဲ ပါဝင်ခဲ့တဲ့ ဂျပန်နိုင်ငံက မစ္စတာ ဆာဆာကာဝါလို လူမျိုးပေါ့၊ အရေးပါတယ်ပေါ့။ တဦးချင်းစီ ကြိုးပမ်းနေမယ့်အစား အားလုံးကနေ ညှိနှိုင်းပြီးတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ အတွက်ကို စုစည်း ညှိှနှိုင်းပေးနိုင်မယ့် အခန်းကဏ္ဍက အာဆီယံမှာ ရှိပါတယ်။”

တချိန်တည်းမှာ မြန်မာစစ်ကောင်စီ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အလေးထား ဖော်ပြခဲ့ပေမယ့် သူတို့လုပ်ချင်တဲ့ ပုံစံနဲ့သာ ပြောခဲ့တာပါလို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG