သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေမ႓ာဒီးယား ဝန္ႀကီးခ်ဳပ္ ရဲ႕ ျမန္မာခရီးစဥ္ အေပၚ သံုးသပ္ခ်က္တခ်ိဳ႕


Zawgyi

ကေမ႓ာဒီးယား ဝန္ႀကီးခ်ဳပ္ ရဲ႕ ျမန္မာခရီးစဥ္ အေပၚ သံုးသပ္ခ်က္တခ်ိဳ႕

အာစီယံအလွည့္က်ဥကၠဌ ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ေ၀ဖန္မွုေတြအမ်ိဳးမ်ိဳးရွိေနတဲ့ၾကားကဘဲ ျမန္မာႏုိင္ငံကုိေသာၾကာေန့မွာေရာက္ရွိလာေတာ့ မွာျဖစ္ပါတယ္။ သူ့ရဲ့ခရီးစဥ္ဟာ ASEAN ကေနအေရးယူထားတဲ့ျမန္မာစစ္ေခါင္း ေဆာင္ေတြကုိ အသိအမွတ္ျပုရာက်တယ္ဆုိၿပီးဆန့္က်င္ကန့္ကြက္မွုေတြ လည္းရွိပါတယ္။AP သတင္းဌာနရဲ့သတင္းေဆာင္းပါးကုိအေျခခံၿပီး ေလ့လာသုံး သပ္သူတခ်ဳိ့ရဲ့အျမင္ ေတြကုိ-ကုိေဇာ္မုိးေက်ာ္ကတင္ျပေပးပါမယ္။

##

အာဆီယံရဲ့အလွည္က် ဥကၠဌ ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာသူရဲ့ႏွစ္ရက္ၾကာ ခရီးစဥ္အတြက္ျမန္မာႏုိင္ငံကုိေရာက္ရွိလာမွာျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္း ထားတဲ့ျမန္မာႏုိင္ငံမွာ ပဋိပကၡေတြျပင္းထန္ေနတာေလ်ာ့က် သြားဖုိ့ေဒသတြင္းအာဆီ ယံႏုိင္ငံေတြရဲ့ သံတမန္ေရးအရက်ိဳးပမ္းမွုရပ္တန့္ေနတာကုိျပန္လည္စတင္ ႏုိင္ဖုိ့ဆုိတဲ့ ေခါင္းစဥ္နဲ့ေရာက္လာတာျဖစ္ပါတယ္။

ဒါေပမယ့္ တရား၀င္ေရြးေကာက္ပဲြအႏုိင္ရထားတဲ့အစုိးရအေပၚအာဏာသိမ္းထားတဲ့ စစ္ေခါင္းေဆာင္ေတြကုိ တရား၀င္အသိအမွတ္ျပုသလုိျဖစ္သြားတယ္ဆုိကာအေတာ္ မ်ားမ်ားကအမ်က္ေဒါသထြက္ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေဖေဖၚ၀ါရီလက ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွိုင္ ဦးေဆာင္ၿပီးစစ္တပ္က အာဏာသိမ္းခဲ့တာကုိ ျပည္သူေတြကကန့္ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ဒါကုိလည္း စစ္တပ္က အၾကမ္းဖက္ႏွိမ္နင္းခဲ့ပါတယ္။

အဲဒိအခ်ိန္ကတည္းကစၿပီး ျမန္မာျပည္ဟာလည္း စီးပြားပ်က္ကပ္ဆုိဒ္ခဲ့ၿပီး၊ တႏုိင္ငံလုံး အၾကမ္းဖက္တုိက္ခုိက္မွုေတြေပၚထြန္းလာခဲ့ပါတယ္။ အသစ္ထူေထာင္လုိက္တဲ့လက္ ႏွက္ကုိင္အဖဲြ့ေတြနဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ တုိင္းျပည္ အႏွံတုိက္ပဲြေတြျဖစ္လာပါတယ္။ စစ္တပ္ရဲ့ထုိးစစ္ေတြေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ အရပ္သားေတြလည္းအုိးအိမ္စြန့္ခြါထြက္ေျပးခဲ့ၾကရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကေဒသတြင္း ASEAN ေခါင္းေဆာင္ေတြက ဒီအေျခအေနေတြကုိကူညီ ေျဖရွင္းေပးဖုိ့ႀကိုးပမ္းခဲ့ၾကပါတယ္။ အင္ဒုိနီးရွားႏုိင္ငံဂ်က္တာကာမွာက်င္းပခဲ့တဲ့ အာစီယံထိပ္သီးစည္းေ၀းမွာ ဗုိလ္ခ်ဳပ္မွုးႀကီးမင္ေအာင္ပါတက္ေရာက္ခဲ့ၿပီး ျမန္မာ ႏုိင္ငံမွာဒီမုိကေရစီျပန္လည္ေဖၚေဆာင္ေရးအတြက္ အခ်က္ ၅ ခ်က္ပါ လုပ္ငန္းစဥ္ တရပ္ကုိ အျပန္အလွန္သေဘာတူခဲ့ၾကပါတယ္။

ဒီအခ်က္ ၅ ခ်က္ထဲမွာ ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္တုိက္ခုိက္မွုေတြရပ္တန့္ဖုိ့နဲ့ ႏုိင္ငံေရးအရစတင္ေဆြးေႏြးၾကဖုိ့ဆုိတဲ့အခ်က္ေတြပါ၀င္ပါတယ္။ ဒါေပမယ့္ ဒီသေဘာတူညီခ်က္ေတြဟာဘာမွ အေကာင္အထည္ေပၚမလာခဲ့ပါဘူး။ ဒါေၾကာင့္ အာစီယံေခါင္းေဆာင္ေတြက ျမန္မာစစ္ေခါင္းေဆာင္ေတြကုိ စိတ္ပ်က္ၿပီး၊ တုန့္ျပန္တဲ့ အေနနဲ့ ၂၀၂၁ ခုႏွစ္ေအာက္တုိဘာလမွာ က်င္းပတဲ့အာစီယံထိပ္သီးအစည္းေ၀းမွာ ဗုိလ္ခ်ဳပ္မွုးႀကီးမင္းေအာင္လွုိင္ကုိတက္ခြင့္မေပးဘဲ ေဘးဖယ္ထားခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ASEAN ဥကၠဌသစ္ျဖစ္လာတဲ့ ၀န္ႀကီးခ်ဳပ္ဟြန္ဆန္က ဒီရပ္တန့္ ေနတဲ့အၾကပ္အတည္းကုိေျဖရွင္းဖုိ့နည္လမ္းရွာတယ္ဆုိၿပီးလုပ္ေဆာင္လာတာပါ။ သူဟာ အရင္ဆုံးျမန္မာႏုိင္ငံျခားေရး၀န္ႀကီးနဲ့ေတြ့ခဲ့ပါတယ္။ အခုေတာ့ သူကုိယ္တုိင္ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ့ေတြ့ဖုိ့ ေနျပည္ေတာ္ကုိေရာက္ရွိလာမွာျဖစ္ပါတယ္။ ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္၀န္ဆန္ဟာ ျမန္မာႏုိင္ငံမွာစစ္တပ္က အာဏာသိမ္းေနာက္ ပထမဆုံးလာေရာက္တဲ့ တုိင္းျပည္ေခါင္းေဆာင္တဦးျဖစ္ပါတယ္။

ဆီြဒင္ႏုိင္ငံက Lund တကၠသုိလ္က အေရွ့နဲ့အေရွ့ေတာင္အာရွဆုိင္ရာကၽြမ္းက်င္သူ Astrid Noren Nilsson ကေတာ့အခုလုိျမင္ပါတယ္။

“ ၾကည့္ရတာကေတာ့ သူ့အေနနဲ့ ဒီတႀကိမ္ ASEAN မွာဥကၠဌျဖစ္တာေနာက္ဆုံး အႀကိမ္ျဖစ္မယ္ထင္ပါတယ္။ ဒါေၾကာင့္သူက ျမန္မာႏုိင္ငံကအေျခအေနေတြကိုတုိး တက္ေကာင္းမြန္လာေအာင္ေဆာင္ရြက္ႏုိင္တယ္ဆုိရင္ ဒါကုိသူ့ရဲ့အေမြအႏွစ္တခု အျဖစ္ႏုိင္ငံတကာႏုိင္ငံေရးနယ္ပယ္မွာလုပ္ျပခ်င္ပုံရပါတယ္။ သူ့ႏုိင္ငံမွာလည္း ျပည္တြင္းစစ္ကုိရပ္စဲေအာင္လုပ္ႏုိင္ခဲ့တဲ့အတြက္သူ့ကုိယ္သူလည္း ၿငိမ္းခ်မ္းေရး ေဖၚဆာင္ႏုိင္သူတႏုိင္ငံေရးေခါင္းေဆာင္တဦးလို့ရွုျမင္ၿပီးျမန္မာျပည္ကိစၥကုိလည္း ေဆာင္ရြက္လုိပုံရပါတယ္ ”

ဒါေပမယ့္ျမန္မာျပည္တြင္းကလူအေတာ္မ်ားမ်ားကေတာ့ သူ့ရဲ့ခရီးစဥ္ဟာ ေစာ္ကားမွု တခုျဖစ္တယ္လို့ျမင္ၾကပါတယ္။ မႏၱေလးကဆႏၵျပပဲြဟာ ဘယ္ေလာက္စိတ္ဆုိးေဒါ သထြက္ေနတယ္ဆုိတာကုိလွစ္ဟျပလုိက္တဲ့ပုံရိပ္တခုျဖစ္ပါတယ္။

သူတုိ့အေနနဲ့က စစ္ေခါင္းေဆာင္ေတြကုိ သံတမန္ေရးအရအၿမဲတမ္း အထီးက်န္ေအာင္ လုပ္ထားဖုိ့ေတာင္းဆုိေနတာပါ။

အရပ္ဖက္အဖဲြ့စည္းေခါင္းေဆာင္တဦးျဖစ္တဲ့ ေဒၚခင္ဥမၼာကၾကာသာပေတးေန့ မွာျပဳ လုပ္တဲ့အြန္လုိင္းေဆြးေႏြးပဲြတခုမွာ အခုလုိေျပာပါတယ္။

Act:

“၀န္ႀကီးခ်ဳပ္ဟြန္ဆန္ကုိ ျမန္မာျပည္သူေတြကမႀကိဳဆုိဘူးဆုိတာကုိျမန္မာျပည္ သူေတြ ကရွင္းရွင္းလင္းလင္းျပတ္ျပတ္သားသားေဖၚျပထားၿပီးသားပါ။ တႏုိင္ငံလုံးကုိ အၾကမ္း ဖက္တုိက္ခုိက္ေနၿပီး လူေတြအမ်ားႀကီးကုိေသေစတဲ့ စစ္ေကာင္စီကုိ ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္ကတရား၀င္ မွုရွိေအာင္လုပ္ေပးသလုိျဖစ္ေနတဲ့အတြက္ ျမန္မာျပည္ သူေတြ ဟာအေတာ့ကုိဘဲစိတ္ဆုိးေဒါသထြက္ၾကပါတယ္၊ ”

၀န္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ့ ဒီလုပ္ေဆာင္ခ်က္ဟာ သူ့နာမည္ေကာင္းဖုိ့လုပ္တာျဖစ္ေပမယ့္၊ ေဒသဆုိင္ရာအဖဲြ့ႀကီျဖစ္တဲ့ ASEAN ကုိထိခုိက္က်ဆင္းေစတယ္လုိ့သုံးသပ္သူတခ်ိဳ့က ေတာ့ေျပာပါတယ္။

ထုိင္းႏုိင္ငံခ်ဴလာေလာင္ေကာင္းတကၠသုိလ္ လုံၿခုံေရးနဲ့ႏုိင္ငံတကာေလ့လာေရးဌာနက တဲြဘက္ပါေမာကၡ Thitinan Pongsudirak တစ္တီနန္ ေပါင္ဆူဒီရပ္ ကေတာ့အခုလို ျမင္ပါတယ္။

“အာဏာသိမ္းတယ္ဆုိတာ အာဏာသိမ္းတဲ့သူက တုိင္းျပည္ကုိထိန္းခ်ဳပ္ႏုိင္တယ္၊ တုိင္းျပည္ကုိအုပ္ခ်ဳပ္ႏုိင္တယ္ဆုိရင္ဒါကေအာင္ျမင္တဲ့အာဏာသိမ္းမွုတခုဘဲ။ အခုက အာဏာသိမ္းတာက တ၀က္တပ်က္ဘဲ၊ တ၀က္တပ်က္ဘဲ ေအာင္ျမင္ပါတယ္၊ ျပည္သူ ေတြကျပန္လည္ခုခံတုိက္ခုိက္ေနပါတယ္”

ခုလုိကန့္ကြက္မွုေတြရွိေနေပမယ့္လည္း၀န္ႀကီးခ်ဳပ္ဟြန္ဆန္ကေတာ့သူဘာလုပ္ႏုိင္ တယ္ဆုိတာကုိေစာင့့္ၾကည့္ၾကပါဦးလုိ့ေျပာဆုိထားပါတယ္။

အနီးကပ္ေစာင့္ၾကည့္ခံရတဲ့ အျငင္းပြားဖြယ္ဒီခရီးစဥ္မွာေတာ့ ဘယ္လုိဘဲျဖစ္ျဖစ္၊ ယခင္အာဏာသိမ္းခံခဲ့ရတဲ့ေခါင္းေဆာင္ေတြနဲ့ေတြ့ခြင့္ရမွာေတာ့မဟုတ္ပါဘူး။ ဒီခရီး စဥ္မွာဆက္လက္ညွိႏုိင္းယူဖုိ့ဆုိရာမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ဟာ အပစ္ဒါဏ္ ခ်ခံထားရသူျဖစ္တဲ့အတြက္ သူနဲ့ေတြ့ဖုိ့ဆုိတာမျဖစ္ႏုိင္ဘူးလုိ့ ျမန္မာစစ္တပ္ေခါင္း ေဆာင္ေတြကေျပာဆုိထားၿပီးျဖစ္ပါတယ္လုိ့ ေလ့လာသုံးသပ္သူေတြကေတာ့ေျပာဆုိ ေနေၾကာင္းပါခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

##

Unicode

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ရဲ့ မြန်မာခရီးစဉ် အပေါ် သုံးသပ်ချက်တချို့

အာစီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဝေဖန်မှုတွေအမျိုးမျိုးရှိနေတဲ့ကြားကဘဲ မြန်မာနိုင်ငံကိုသောကြာနေ့မှာရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ASEAN ကနေအရေးယူထားတဲ့မြန်မာစစ်ခေါင်း ဆောင်တွေကို အသိအမှတ်ပြုရာကျတယ်ဆိုပြီးဆန့်ကျင်ကန့်ကွက်မှုတွေ လည်းရှိပါတယ်။AP သတင်းဌာနရဲ့သတင်းဆောင်းပါးကိုအခြေခံပြီး လေ့လာသုံး သပ်သူတချို့ရဲ့အမြင် တွေကို-ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။

##

အာဆီယံရဲ့အလှည်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာသူရဲ့နှစ်ရက်ကြာ ခရီးစဉ်အတွက်မြန်မာနိုင်ငံကိုရောက်ရှိလာမှာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်း ထားတဲ့မြန်မာနိုင်ငံမှာ ပဋိပက္ခတွေပြင်းထန်နေတာလျော့ကျ သွားဖို့ဒေသတွင်းအာဆီ ယံနိုင်ငံတွေရဲ့ သံတမန်ရေးအရကျိုးပမ်းမှုရပ်တန့်နေတာကိုပြန်လည်စတင် နိုင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ရောက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် တရားဝင်ရွေးကောက်ပွဲအနိုင်ရထားတဲ့အစိုးရအပေါ်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို တရားဝင်အသိအမှတ်ပြုသလိုဖြစ်သွားတယ်ဆိုကာအတော် များများကအမျက်ဒေါသထွက်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖေါ်ဝါရီလက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီးစစ်တပ်က အာဏာသိမ်းခဲ့တာကို ပြည်သူတွေကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကိုလည်း စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

အဲဒိအချိန်ကတည်းကစပြီး မြန်မာပြည်ဟာလည်း စီးပွားပျက်ကပ်ဆိုဒ်ခဲ့ပြီး၊ တနိုင်ငံလုံး အကြမ်းဖက်တိုက်ခိုက်မှုတွေပေါ်ထွန်းလာခဲ့ပါတယ်။ အသစ်ထူထောင်လိုက်တဲ့လက် နှက်ကိုင်အဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ တိုင်းပြည် အနှံတိုက်ပွဲတွေဖြစ်လာပါတယ်။ စစ်တပ်ရဲ့ထိုးစစ်တွေကြောင့် ထောင်ပေါင်းများစွာသော အရပ်သားတွေလည်းအိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့နှစ်ကဒေသတွင်း ASEAN ခေါင်းဆောင်တွေက ဒီအခြေအနေတွေကိုကူညီ ဖြေရှင်းပေးဖို့ကြိုးပမ်းခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဂျက်တာကာမှာကျင်းပခဲ့တဲ့ အာစီယံထိပ်သီးစည်းဝေးမှာ ဗိုလ်ချုပ်မှုးကြီးမင်အောင်ပါတက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံမှာဒီမိုကရေစီပြန်လည်ဖေါ်ဆောင်ရေးအတွက် အချက် ၅ ချက်ပါ လုပ်ငန်းစဉ် တရပ်ကို အပြန်အလှန်သဘောတူခဲ့ကြပါတယ်။

ဒီအချက် ၅ ချက်ထဲမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရစတင်ဆွေးနွေးကြဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်တွေဟာဘာမှ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ ဒါကြောင့် အာစီယံခေါင်းဆောင်တွေက မြန်မာစစ်ခေါင်းဆောင်တွေကို စိတ်ပျက်ပြီး၊ တုန့်ပြန်တဲ့ အနေနဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ ကျင်းပတဲ့အာစီယံထိပ်သီးအစည်းဝေးမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုတက်ခွင့်မပေးဘဲ ဘေးဖယ်ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ ASEAN ဥက္ကဌသစ်ဖြစ်လာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က ဒီရပ်တန့် နေတဲ့အကြပ်အတည်းကိုဖြေရှင်းဖို့နည်လမ်းရှာတယ်ဆိုပြီးလုပ်ဆောင်လာတာပါ။ သူဟာ အရင်ဆုံးမြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ခဲ့ပါတယ်။ အခုတော့ သူကိုယ်တိုင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့တွေ့ဖို့ နေပြည်တော်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဝန်ဆန်ဟာ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းနောက် ပထမဆုံးလာရောက်တဲ့ တိုင်းပြည်ခေါင်းဆောင်တဦးဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံက Lund တက္ကသိုလ်က အရှေ့နဲ့အရှေ့တောင်အာရှဆိုင်ရာကျွမ်းကျင်သူ Astrid Noren Nilsson ကတော့အခုလိုမြင်ပါတယ်။

“ ကြည့်ရတာကတော့ သူ့အနေနဲ့ ဒီတကြိမ် ASEAN မှာဥက္ကဌဖြစ်တာနောက်ဆုံး အကြိမ်ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့်သူက မြန်မာနိုင်ငံကအခြေအနေတွေကိုတိုး တက်ကောင်းမွန်လာအောင်ဆောင်ရွက်နိုင်တယ်ဆိုရင် ဒါကိုသူ့ရဲ့အမွေအနှစ်တခု အဖြစ်နိုင်ငံတကာနိုင်ငံရေးနယ်ပယ်မှာလုပ်ပြချင်ပုံရပါတယ်။ သူ့နိုင်ငံမှာလည်း ပြည်တွင်းစစ်ကိုရပ်စဲအောင်လုပ်နိုင်ခဲ့တဲ့အတွက်သူ့ကိုယ်သူလည်း ငြိမ်းချမ်းရေး ဖေါ်ဆာင်နိုင်သူတနိုင်ငံရေးခေါင်းဆောင်တဦးလို့ရှုမြင်ပြီးမြန်မာပြည်ကိစ္စကိုလည်း ဆောင်ရွက်လိုပုံရပါတယ် ”

ဒါပေမယ့်မြန်မာပြည်တွင်းကလူအတော်များများကတော့ သူ့ရဲ့ခရီးစဉ်ဟာ စော်ကားမှု တခုဖြစ်တယ်လို့မြင်ကြပါတယ်။ မန္တလေးကဆန္ဒပြပွဲဟာ ဘယ်လောက်စိတ်ဆိုးဒေါ သထွက်နေတယ်ဆိုတာကိုလှစ်ဟပြလိုက်တဲ့ပုံရိပ်တခုဖြစ်ပါတယ်။

သူတို့အနေနဲ့က စစ်ခေါင်းဆောင်တွေကို သံတမန်ရေးအရအမြဲတမ်း အထီးကျန်အောင် လုပ်ထားဖို့တောင်းဆိုနေတာပါ။

အရပ်ဖက်အဖွဲ့စည်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်ခင်ဥမ္မာကကြာသာပတေးနေ့ မှာပြု လုပ်တဲ့အွန်လိုင်းဆွေးနွေးပွဲတခုမှာ အခုလိုပြောပါတယ်။

Act:

“ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာပြည်သူတွေကမကြိုဆိုဘူးဆိုတာကိုမြန်မာပြည် သူတွေ ကရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားဖေါ်ပြထားပြီးသားပါ။ တနိုင်ငံလုံးကို အကြမ်း ဖက်တိုက်ခိုက်နေပြီး လူတွေအများကြီးကိုသေစေတဲ့ စစ်ကောင်စီကို ဝန်ကြီးချုပ် ဟွန်ဆန်ကတရားဝင် မှုရှိအောင်လုပ်ပေးသလိုဖြစ်နေတဲ့အတွက် မြန်မာပြည် သူတွေ ဟာအတော့ကိုဘဲစိတ်ဆိုးဒေါသထွက်ကြပါတယ်၊ ”

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ သူ့နာမည်ကောင်းဖို့လုပ်တာဖြစ်ပေမယ့်၊ ဒေသဆိုင်ရာအဖွဲ့ကြီဖြစ်တဲ့ ASEAN ကိုထိခိုက်ကျဆင်းစေတယ်လို့သုံးသပ်သူတချို့က တော့ပြောပါတယ်။

ထိုင်းနိုင်ငံချူလာလောင်ကောင်းတက္ကသိုလ် လုံခြုံရေးနဲ့နိုင်ငံတကာလေ့လာရေးဌာနက တွဲဘက်ပါမောက္ခ Thitinan Pongsudirak တစ်တီနန် ပေါင်ဆူဒီရပ် ကတော့အခုလို မြင်ပါတယ်။

“အာဏာသိမ်းတယ်ဆိုတာ အာဏာသိမ်းတဲ့သူက တိုင်းပြည်ကိုထိန်းချုပ်နိုင်တယ်၊ တိုင်းပြည်ကိုအုပ်ချုပ်နိုင်တယ်ဆိုရင်ဒါကအောင်မြင်တဲ့အာဏာသိမ်းမှုတခုဘဲ။ အခုက အာဏာသိမ်းတာက တဝက်တပျက်ဘဲ၊ တဝက်တပျက်ဘဲ အောင်မြင်ပါတယ်၊ ပြည်သူ တွေကပြန်လည်ခုခံတိုက်ခိုက်နေပါတယ်”

ခုလိုကန့်ကွက်မှုတွေရှိနေပေမယ့်လည်းဝန်ကြီးချုပ်ဟွန်ဆန်ကတော့သူဘာလုပ်နိုင် တယ်ဆိုတာကိုစောင့်ကြည့်ကြပါဦးလို့ပြောဆိုထားပါတယ်။

အနီးကပ်စောင့်ကြည့်ခံရတဲ့ အငြင်းပွားဖွယ်ဒီခရီးစဉ်မှာတော့ ဘယ်လိုဘဲဖြစ်ဖြစ်၊ ယခင်အာဏာသိမ်းခံခဲ့ရတဲ့ခေါင်းဆောင်တွေနဲ့တွေ့ခွင့်ရမှာတော့မဟုတ်ပါဘူး။ ဒီခရီး စဉ်မှာဆက်လက်ညှိနိုင်းယူဖို့ဆိုရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အပစ်ဒါဏ် ချခံထားရသူဖြစ်တဲ့အတွက် သူနဲ့တွေ့ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ မြန်မာစစ်တပ်ခေါင်း ဆောင်တွေကပြောဆိုထားပြီးဖြစ်ပါတယ်လို့ လေ့လာသုံးသပ်သူတွေကတော့ပြောဆို နေကြောင်းပါခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG