သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ေတြ႔ဖို႔ မရွိ” စစ္ေကာင္စီေျပာခြင့္ရ


[[Zawgyi/Unicode]]

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ စစ္ေကာင္စီကဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႔ဆုံႏိုင္ေျခ အလားအလာအေပၚ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆိုပါတယ္။

“က်ေနာ္သိထားသေလာက္ေတာ့ မရွိပါဘူးဗ်ာ။ ဒီကအစိုးရပိုင္းဆုိင္ရာေတြနဲ႔ေတာ့ ေတြ႔ဖို႔ရွိပါတယ္။ က်ေနာ္တို႔ ႏွစ္ႏိုင္ငံဆက္ဆံေရးနဲ႔ အာဆီယံနဲ႔ပတ္သက္တဲ့ဟာေတြပဲ ေဆြးေႏြးဖို႔မ်ားပါတယ္ဗ်။”

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္းေတြထြက္လာၿပီးတဲ့ေနာက္ စစ္ေကာင္စီေျပာခြင့္ရက အခုလိုျငင္းဆိုလိုက္တာပါ။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ေသာၾကာနဲ႔ စေနေန႔ေတြမွာ ျမန္မာႏိုင္ငံကိုေရာက္မယ္လို႔ ကေမာၻဒီးယားကလာတဲ့သတင္းေတြမွာ ေဖာ္ျပၾကေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ တရားဝင္ ထုတ္ျပန္ထားတာ မရွိပါဘူး။

ဒီခရီးစဥ္အေပၚ ျမန္မာ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြသာမက ကေမာၻဒီးယား အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြကပါ ကန႔္ကြက္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------

[[Unicode]]

“ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့ မရှိ” စစ်ကောင်စီပြောခွင့်ရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ စစ်ကောင်စီကဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ခြေ အလားအလာအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

“ကျနော်သိထားသလောက်တော့ မရှိပါဘူးဗျာ။ ဒီကအစိုးရပိုင်းဆိုင်ရာတွေနဲ့တော့ တွေ့ဖို့ရှိပါတယ်။ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အာဆီယံနဲ့ပတ်သက်တဲ့ဟာတွေပဲ ဆွေးနွေးဖို့များပါတယ်ဗျ။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက် စစ်ကောင်စီပြောခွင့်ရက အခုလိုငြင်းဆိုလိုက်တာပါ။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သောကြာနဲ့ စနေနေ့တွေမှာ မြန်မာနိုင်ငံကိုရောက်မယ်လို့ ကမ္ဘောဒီးယားကလာတဲ့သတင်းတွေမှာ ဖော်ပြကြပေမယ့် စစ်ကောင်စီဘက်ကတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။

ဒီခရီးစဉ်အပေါ် မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေသာမက ကမ္ဘောဒီးယား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကပါ ကန့်ကွက်ထားကြပါတယ်။

#MyanmarASEAN #AungSanSuuKyi #MyanmarCambodia #VOABurmese

=========

XS
SM
MD
LG