သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ ျမန္မာခရီးစဥ္ ေမွ်ာ္မွန္းခ်က္မ်ား


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္

[[Zawgyi/Unicode]]

အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ဒီေသာၾကာေန႔မွာ ျမန္မာႏိုင္ ငံကို လာေရာက္ဖို႔ရွိေနပါတယ္။ ျမန္မာ့အေရး အာဆီယံဘုံသေဘာတူညီခ်က္ကို ျမန္မာဘက္က လက္ေတြ႕မလုပ္ႏိုင္သေ႐ြ႕ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ ဒီခရီးစဥ္ဟာ အာဆီယံတခုလုံးရဲ႕ ျမန္မာအေပၚ သေဘာထားေျပာင္းလဲလာဖို႔မျဖစ္ႏိုင္ေသးဘူးလို႔ သုံးသပ္မႈေတြရွိပါတယ္။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

စင္ကာပူအေျခစိုက္ ISEAS-Yusof Ishak Institute အဖြဲ႔က ျမန္မာေလ့လာေရးအစီအစဥ္ ပူးတြဲညွိႏႈိင္းေရးမႉး မမိုးသူဇာက ဒီခရီးစဥ္ထူးျခားမႈကို အခုလို ရွင္းျပပါတယ္။

“ဝန္ႀကီးခ်ဳပ္ဟြန္ဆန္သြားတာသည္ အာဆီယံကို ကိုယ္စားျပဳၿပီး သြားတာမဟုတ္ဘူး-ဆိုတာေတာ့ သံုးသပ္ လို႔ ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက အာဆီယံအတြက္သြားတယ္လို႔ ေၾကညာထားျခင္း လံုးဝ မရွိပါဘူး။ သူ႔ရဲ႕ခရီးစဥ္ကို အခု စိတ္ဝင္စားေနၾကတာကေတာ့လည္း သူသည္ အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ကိုစယူတဲ့ ႏွစ္ဦးပိုင္းကာလမွာ သူ႔ရဲ႕ပထမဦးဆံုးခရီးစဥ္ ေျခလွမ္းလည္းျဖစ္တယ္၊ ေနာက္ၿပီးေတာ့မွ အာဆီယံအဝန္းအဝိုင္းအတြက္ကို တကယ္ပဲ ျမန္မာအေရးကိစၥရဲ႕အေရးႀကီးတဲ့အေနအထားမွာ သြားတဲ့ခရီးစဥ္ကလည္း ျမန္မာႏိုင္ငံျဖစ္ေနတဲ့အတြက္ ဒီအခ်က္အေပၚမွာ မူတည္ၿပီးေတာ့ေပါ့ေနာ္-စိတ္ဝင္စားမႈေတြက မ်ားေနၾကတာေပါ့ေနာ္။ အခုေနအတုိင္းဆိုလို႔ရွိရင္ေတာ့ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုအေနနဲ႔ကလည္း တြစ္တာမွာ အတိအလင္း သူေၾကညာထားၿပီးပါၿပီ။ မစၥတာဟြန္ဆန္နဲ႔တယ္လီဖံုးနဲ႔စကားေျပာ ေဆြးေႏြးတဲ့အခါမွာလည္း အာဆီယံရဲ႕သေဘာထား ရပ္တည္ခ်က္ကို သူ ျပန္ၿပီးေတာ့မွ အတည္ျပဳတဲ့အေနအထားမ်ဳိးေတြလည္း အထင္အရွား ေဖာ္ျပထားပါတယ္။ အာဆီယံရဲ႕ ဆံုးျဖတ္ထားတဲ့ ႏိုင္ငံေရးနယ္ပယ္ကမဟုတ္ေသာ ပုဂၢိဳလ္ကိုဖိတ္ၾကားျခင္းဆိုတဲ့ အာဆီယံရဲ႕ မူဝါဒသေဘာထားကိုေတာ့ ေသြျဖည္မွာမဟုတ္တဲ့အေၾကာင္းလိုမ်ဳိး ေဖာ္ျပထားပါတယ္။

ဒီခရီးစဥ္အေပၚ ၿပီးခဲ့တဲ့ေရြးေကာက္ပြဲအႏိုင္ရ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီဝင္အမ်ားစုနဲ႔ ဖြဲ႔ထားတဲ့ CRPH ေခၚ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီဥကၠ႒ ဦးေအာင္ၾကည္ညြန္႔ကလည္း အခုလို ေဝဖန္လုိက္ပါတယ္။

“ဟြန္ဆန္ရဲ႕ခရီးစဥ္နဲ႔ပတ္သက္ၿပီးေတာ့ကာ အာဆီယံအေနနဲ႔မဟုတ္ဘဲ ႏုိင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္တေယာက္အေနနဲ႔လာမယ္ဆိုတဲ့ပံုစံမ်ဳိးေတာ့လည္း အသံၾကားေနတယ္ေပါ့ေနာ္။ ဒါေပမယ့္ တကယ္တန္းက်တဲ့အခါက်ေတာ့ ျမန္မာႏိုင္ငံမွာ အာဆီယံက နဂိုရ္ကခ်မွတ္ထားတဲ့ အဓိက ထိပ္သီးအစည္းအေဝးေတြမွာေတာင္မွ မင္းေအာင္လိႈင္ကို ခ်န္ထားတဲ့အေနအထားမ်ဳိး၊ အသိအမွတ္ျပဳမထားတဲ့အေနအထားမ်ဳိးကေနၿပီးေတာ့ ဒီလိုလာတယ္ဆိုတဲ့ ကိစၥရပ္ကိုေတာ့ ျပည္သူလူထုအေနနဲ႔ ဘယ္လိုမွသေဘာက်မယ့္အေနအထားမ်ဳိးမရွိဘူး။ ေနာက္ နံပါတ္၂ အေနနဲ႔ အဓိက ဘာလဲဆိုေတာ့ အာဆီယံရဲ႕ နဂိုရ္တုန္းက သေဘာတူခ်က္ ၅ ခုနဲ႔ပတ္သက္ၿပီးေတာ့ စစ္ေကာင္စီဘက္က ဘာမွ လိုက္ေလ်ာတာ၊ ေဆာင္ရြက္တာမရွိေသးဘဲနဲ႔ အခုလို လာတယ္ဆိုတဲ့ ကိစၥရပ္ဟာ တကယ္ေတာ့ အခ်ိန္ကာလအားျဖင့္လည္း သင့္တင့္ေလ်ာက္ပတ္တဲ့အခ်ိန္ကာလလည္း မဟုတ္ဘူးလို႔ေတာ့ ျမင္တယ္။ ေနာက္ တတိယအခ်က္က ဒီလိုအေျခအေနမ်ဳိးက စစ္ေကာင္စီကို အသိအမွတ္ျပဳေပးတယ္ဆိုတဲ့ပံုစံမ်ဳိးနဲ႔ အားေပးေထာက္ခံတယ္ဆိုတဲ့ပံုစံမ်ဳိး ျဖစ္ေနမယ္ဆိုရင္ေတာ့ ဘယ္လိုမွ ဆီေလ်ာ္တဲ့၊ သင့္ေလ်ာ္တဲ့၊ လက္ခံႏိုင္ေလာက္တဲ့ခရီးစဥ္မဟုတ္ဘူးလို႔ ျမင္တယ္။

ဒါေပမယ့္ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးကေတာ့ ဒီခရီးစဥ္ကေန လမ္းစဖြင့္ႏိုင္ဖို႔ တစံုတရာ စေမွ်ာ္လင့္ႏုိင္တယ္လို႔ သုံးသပ္လိုက္ပါတယ္။

“အဓိက ကေတာ့ အာဆီယံရဲ႕ၾကားဝင္မႈကို ႏိုင္ငံတကာကပါ ပံ့ပိုး ကူညီေနတာဆိုေတာ့-တကယ္လို႔သာ သူ႔ရဲ႕သံခင္း တမန္ခင္းေပါ့ေနာ္၊ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ သိနားလည္မႈ၊ ဗဟုသုတအေပၚမွာမူတည္ၿပီးေတာ့ အသံုးခ်ႏုိင္မယ္ဆိုရင္ တစံုတရာ ရလဒ္ ထြက္ႏုိင္မယ္လို႔ က်ေနာ္ေတာ့ အဲလို ျမင္ပါတယ္။ တဘက္ကေတာ့ သူကိုယ္တုိင္လည္း သူ႔ႏုိင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနအရ ေျပာၾကစို႔ ဆိုလို႔ရွိရင္ ဒီအာဏာရွင္စနစ္ထဲမွာ ျဖတ္သန္းခဲ့တဲ့သူျဖစ္ေတာ့ အာဏာရွင္ရဲ႕သေဘာသဘာဝကိုလညး္သိတယ္။ ေနာက္တခုကေတာ့ အာဆီယံနဲ႔ ေနာက္ပိုင္း ႏုိင္ငံတကာ ႏုိင္ငံေရးထဲမွာလည္း သူလည္း ႏွစ္ရွည္ေပါ့ေနာ္၊ က်င္လည္လာတဲ့သူျဖစ္တဲ့အတြက္ေၾကာင့္ လူပုဂၢိဳလ္အရ သူ႔ကို ႀကိဳက္တာ မႀကိဳက္တာ ရွိတယ္ဆိုေပမယ့္ သူသာ ထိထိေရာက္ေရာက္လုပ္ႏုိင္မယ္ဆိုရင္ တစံုတရာေတာ့ ရလဒ္ထြက္ႏုိင္မယ္လို႔ က်ေနာ္ ေမ်ွာ္လင့္ပါတယ္။ ဥပမာအားျဖင့္၊ အက်ဥ္းသားေတြ လႊတ္တဲ့ကိစၥလိုဟာမ်ဳိးက ျဖစ္လာႏိုင္တယ္။ ေနာက္တဆင့္ကေတာ့ ဒိထက္တဆင့္တက္ၿပီးေတာ့ ႏုိင္ငံေရးေျဖရွင္းမႈ ရလဒ္ တခုခုကို ဦးတည္တဲ့အဆင့္ကေတာ့ ဒီတေခါက္တည္းနဲ႔မျဖစ္ႏုိင္ဘူးေပါ့ေနာ္။ အခ်ိန္ယူၿပီးေတာ့ ဒီထက္ပိုၿပီးေတာ့ အႏုစိတ္တဲ့ေတြ႔ဆံုမႈေတြ လုပ္ဖို႔ လိုမယ္လို႔ျမင္ပါတယ္။”

ဒါ့အျပင္ SNLD ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးစိုင္းလိတ္ကလည္း အခုလို ခ်င့္ခ်ိန္ သံုးသပ္ ျပပါတယ္။

“Stateholders ေတြအကုန္လံုးကို ေတြ႔ဆံုဖို႔ လိုအပ္တယ္။ ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ မျဖစ္မေန သူေတြ႔မွလည္း ဒီ ျပႆနာတခ်ဳိ႕တဝက္ကို ေျဖရွင္းႏုိင္လိမ့္မယ္လို႔ျမင္တယ္။ အဲဒီကေနစၿပီး လမ္းစေဖာက္ရင္ေတာ့လည္း အေကာင္းဘက္ကို ဦးတည္ႏုိင္တယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ အစရွိတဲ့ စကစအဖြဲ႔ေတြနဲ႔ပဲ ေတြ႔ဆံုၿပီး ျပန္သြားမယ္ဆိုရင္ေတာ့ အခု မီဒီယာမွာ ပြထေနသလိုေပါ့- လူမႈအဖြဲ႔အစည္းေတြရဲ႕ကန္႔ကြက္မႈေတြတင္မကဘူး၊ တျခားေသာ ႏိုင္ငံေရးအသိုင္းအဝိုင္းနဲ႔ EO အသိုင္းအဝုိင္းကလည္း သူ႔အေပၚဘယ္လိုမွ ေမွ်ာ္လင့္ခ်က္ထားစရာမရွိဘူးလို႔ပဲ ျမင္ပါတယ္။ အင္ဒိုနီးရွားသမၼတကိုယ္တုိင္ သူ႔ကို ႀကိဳတင္ၿပီးေတာ့မွ သတိေပးေနတာေတြ၊ အသိေပးေနတာေတြ ရွိတယ္ေလ။ အဲဒါ စ႐ိုက္သဘာဝခ်င္းတူတဲ့သူအခ်င္းခ်င္း ေပါင္းမိသြားမွာကို အာဆီယံဘက္ကလည္း ႀကိဳတင္ၿပီးေတာ့မွ ပူပန္တဲ့သေဘာလို႔ ဒီလိုပဲ ေတြ႔ပါတယ္။

တကယ္ေတာ့ ျမန္မာ့အေရး အာဆီယံရဲ႕ဘံုသေဘာတူညီခ်က္ေတြကို ျမန္မာဘက္က အေကာင္အထည္မေဖာ္ခဲ့တာေၾကာင့္ စစ္ေကာင္စီေခါင္းေဆာင္နဲ႔ အဖြဲ႔ဝင္ေတြကို အာဆီယံဘက္က ထိပ္သီးေဆြးေႏြးပြဲေတြတက္ဖို႔ ခြင့္ျပဳခ်က္ မေပးခဲ့ခ်ိန္မွာ အခု အာဆီယံ ဥကၠ႒အေနနဲ႔ ဒါေတြကို ေျပာင္းခ်င္ရင္ေတာ့ အခုလို သြားခြင့္ရွိေပမယ့္ အားလံုးရဲ႕ဆံုးျဖတ္ခ်က္လိုတယ္လို႔ သံုးသပ္သူေတြက ေထာက္ျပေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာခရီးစဉ် မျှော်မှန်းချက်များ

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဒီသောကြာနေ့မှာ မြန်မာနိုင် ငံကို လာရောက်ဖို့ရှိနေပါတယ်။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကို မြန်မာဘက်က လက်တွေ့မလုပ်နိုင်သရွေ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ဒီခရီးစဉ်ဟာ အာဆီယံတခုလုံးရဲ့ မြန်မာအပေါ် သဘောထားပြောင်းလဲလာဖို့မဖြစ်နိုင်သေးဘူးလို့ သုံးသပ်မှုတွေရှိပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

စင်ကာပူအခြေစိုက် ISEAS-Yusof Ishak Institute အဖွဲ့က မြန်မာလေ့လာရေးအစီအစဉ် ပူးတွဲညှိနှိုင်းရေးမှူး မမိုးသူဇာက ဒီခရီးစဉ်ထူးခြားမှုကို အခုလို ရှင်းပြပါတယ်။

“ဝန်ကြီးချုပ်ဟွန်ဆန်သွားတာသည် အာဆီယံကို ကိုယ်စားပြုပြီး သွားတာမဟုတ်ဘူး-ဆိုတာတော့ သုံးသပ် လို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက အာဆီယံအတွက်သွားတယ်လို့ ကြေညာထားခြင်း လုံးဝ မရှိပါဘူး။ သူ့ရဲ့ခရီးစဉ်ကို အခု စိတ်ဝင်စားနေကြတာကတော့လည်း သူသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုစယူတဲ့ နှစ်ဦးပိုင်းကာလမှာ သူ့ရဲ့ပထမဦးဆုံးခရီးစဉ် ခြေလှမ်းလည်းဖြစ်တယ်၊ နောက်ပြီးတော့မှ အာဆီယံအဝန်းအဝိုင်းအတွက်ကို တကယ်ပဲ မြန်မာအရေးကိစ္စရဲ့အရေးကြီးတဲ့အနေအထားမှာ သွားတဲ့ခရီးစဉ်ကလည်း မြန်မာနိုင်ငံဖြစ်နေတဲ့အတွက် ဒီအချက်အပေါ်မှာ မူတည်ပြီးတော့ပေါ့နော်-စိတ်ဝင်စားမှုတွေက များနေကြတာပေါ့နော်။ အခုနေအတိုင်းဆိုလို့ရှိရင်တော့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုအနေနဲ့ကလည်း တွစ်တာမှာ အတိအလင်း သူကြေညာထားပြီးပါပြီ။ မစ္စတာဟွန်ဆန်နဲ့တယ်လီဖုံးနဲ့စကားပြော ဆွေးနွေးတဲ့အခါမှာလည်း အာဆီယံရဲ့သဘောထား ရပ်တည်ချက်ကို သူ ပြန်ပြီးတော့မှ အတည်ပြုတဲ့အနေအထားမျိုးတွေလည်း အထင်အရှား ဖော်ပြထားပါတယ်။ အာဆီယံရဲ့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးနယ်ပယ်ကမဟုတ်သော ပုဂ္ဂိုလ်ကိုဖိတ်ကြားခြင်းဆိုတဲ့ အာဆီယံရဲ့ မူဝါဒသဘောထားကိုတော့ သွေဖြည်မှာမဟုတ်တဲ့အကြောင်းလိုမျိုး ဖော်ပြထားပါတယ်။

ဒီခရီးစဉ်အပေါ် ပြီးခဲ့တဲ့ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အများစုနဲ့ ဖွဲ့ထားတဲ့ CRPH ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း အခုလို ဝေဖန်လိုက်ပါတယ်။

“ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ကာ အာဆီယံအနေနဲ့မဟုတ်ဘဲ နိုင်ငံရဲ့ ဝန်ကြီးချုပ်တယောက်အနေနဲ့လာမယ်ဆိုတဲ့ပုံစံမျိုးတော့လည်း အသံကြားနေတယ်ပေါ့နော်။ ဒါပေမယ့် တကယ်တန်းကျတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ အာဆီယံက နဂိုရ်ကချမှတ်ထားတဲ့ အဓိက ထိပ်သီးအစည်းအဝေးတွေမှာတောင်မှ မင်းအောင်လှိုင်ကို ချန်ထားတဲ့အနေအထားမျိုး၊ အသိအမှတ်ပြုမထားတဲ့အနေအထားမျိုးကနေပြီးတော့ ဒီလိုလာတယ်ဆိုတဲ့ ကိစ္စရပ်ကိုတော့ ပြည်သူလူထုအနေနဲ့ ဘယ်လိုမှသဘောကျမယ့်အနေအထားမျိုးမရှိဘူး။ နောက် နံပါတ်၂ အနေနဲ့ အဓိက ဘာလဲဆိုတော့ အာဆီယံရဲ့ နဂိုရ်တုန်းက သဘောတူချက် ၅ ခုနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က ဘာမှ လိုက်လျောတာ၊ ဆောင်ရွက်တာမရှိသေးဘဲနဲ့ အခုလို လာတယ်ဆိုတဲ့ ကိစ္စရပ်ဟာ တကယ်တော့ အချိန်ကာလအားဖြင့်လည်း သင့်တင့်လျောက်ပတ်တဲ့အချိန်ကာလလည်း မဟုတ်ဘူးလို့တော့ မြင်တယ်။ နောက် တတိယအချက်က ဒီလိုအခြေအနေမျိုးက စစ်ကောင်စီကို အသိအမှတ်ပြုပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ အားပေးထောက်ခံတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေမယ်ဆိုရင်တော့ ဘယ်လိုမှ ဆီလျော်တဲ့၊ သင့်လျော်တဲ့၊ လက်ခံနိုင်လောက်တဲ့ခရီးစဉ်မဟုတ်ဘူးလို့ မြင်တယ်။

ဒါပေမယ့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ဒီခရီးစဉ်ကနေ လမ်းစဖွင့်နိုင်ဖို့ တစုံတရာ စမျှော်လင့်နိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။

“အဓိက ကတော့ အာဆီယံရဲ့ကြားဝင်မှုကို နိုင်ငံတကာကပါ ပံ့ပိုး ကူညီနေတာဆိုတော့-တကယ်လို့သာ သူ့ရဲ့သံခင်း တမန်ခင်းပေါ့နော်၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သိနားလည်မှု၊ ဗဟုသုတအပေါ်မှာမူတည်ပြီးတော့ အသုံးချနိုင်မယ်ဆိုရင် တစုံတရာ ရလဒ် ထွက်နိုင်မယ်လို့ ကျနော်တော့ အဲလို မြင်ပါတယ်။ တဘက်ကတော့ သူကိုယ်တိုင်လည်း သူ့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ပြောကြစို့ ဆိုလို့ရှိရင် ဒီအာဏာရှင်စနစ်ထဲမှာ ဖြတ်သန်းခဲ့တဲ့သူဖြစ်တော့ အာဏာရှင်ရဲ့သဘောသဘာဝကိုလည်းသိတယ်။ နောက်တခုကတော့ အာဆီယံနဲ့ နောက်ပိုင်း နိုင်ငံတကာ နိုင်ငံရေးထဲမှာလည်း သူလည်း နှစ်ရှည်ပေါ့နော်၊ ကျင်လည်လာတဲ့သူဖြစ်တဲ့အတွက်ကြောင့် လူပုဂ္ဂိုလ်အရ သူ့ကို ကြိုက်တာ မကြိုက်တာ ရှိတယ်ဆိုပေမယ့် သူသာ ထိထိရောက်ရောက်လုပ်နိုင်မယ်ဆိုရင် တစုံတရာတော့ ရလဒ်ထွက်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဥပမာအားဖြင့်၊ အကျဉ်းသားတွေ လွှတ်တဲ့ကိစ္စလိုဟာမျိုးက ဖြစ်လာနိုင်တယ်။ နောက်တဆင့်ကတော့ ဒိထက်တဆင့်တက်ပြီးတော့ နိုင်ငံရေးဖြေရှင်းမှု ရလဒ် တခုခုကို ဦးတည်တဲ့အဆင့်ကတော့ ဒီတခေါက်တည်းနဲ့မဖြစ်နိုင်ဘူးပေါ့နော်။ အချိန်ယူပြီးတော့ ဒီထက်ပိုပြီးတော့ အနုစိတ်တဲ့တွေ့ဆုံမှုတွေ လုပ်ဖို့ လိုမယ်လို့မြင်ပါတယ်။”

ဒါ့အပြင် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း အခုလို ချင့်ချိန် သုံးသပ် ပြပါတယ်။

“Stateholders တွေအကုန်လုံးကို တွေ့ဆုံဖို့ လိုအပ်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မဖြစ်မနေ သူတွေ့မှလည်း ဒီ ပြဿနာတချို့တဝက်ကို ဖြေရှင်းနိုင်လိမ့်မယ်လို့မြင်တယ်။ အဲဒီကနေစပြီး လမ်းစဖောက်ရင်တော့လည်း အကောင်းဘက်ကို ဦးတည်နိုင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစရှိတဲ့ စကစအဖွဲ့တွေနဲ့ပဲ တွေ့ဆုံပြီး ပြန်သွားမယ်ဆိုရင်တော့ အခု မီဒီယာမှာ ပွထနေသလိုပေါ့- လူမှုအဖွဲ့အစည်းတွေရဲ့ကန့်ကွက်မှုတွေတင်မကဘူး၊ တခြားသော နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ EO အသိုင်းအဝိုင်းကလည်း သူ့အပေါ်ဘယ်လိုမှ မျှော်လင့်ချက်ထားစရာမရှိဘူးလို့ပဲ မြင်ပါတယ်။ အင်ဒိုနီးရှားသမ္မတကိုယ်တိုင် သူ့ကို ကြိုတင်ပြီးတော့မှ သတိပေးနေတာတွေ၊ အသိပေးနေတာတွေ ရှိတယ်လေ။ အဲဒါ စရိုက်သဘာဝချင်းတူတဲ့သူအချင်းချင်း ပေါင်းမိသွားမှာကို အာဆီယံဘက်ကလည်း ကြိုတင်ပြီးတော့မှ ပူပန်တဲ့သဘောလို့ ဒီလိုပဲ တွေ့ပါတယ်။

တကယ်တော့ မြန်မာ့အရေး အာဆီယံရဲ့ဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်မဖော်ခဲ့တာကြောင့် စစ်ကောင်စီခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို အာဆီယံဘက်က ထိပ်သီးဆွေးနွေးပွဲတွေတက်ဖို့ ခွင့်ပြုချက် မပေးခဲ့ချိန်မှာ အခု အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ဒါတွေကို ပြောင်းချင်ရင်တော့ အခုလို သွားခွင့်ရှိပေမယ့် အားလုံးရဲ့ဆုံးဖြတ်ချက်လိုတယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်ခင်ဗျာ။

#MyanmarASEAN #CambodiaMyanmar #VOABurmese #ASEAN #စိုင်းလိတ် #ဦးကိုကိုကြီး #မမိုးသူဇာ #ဦးအောင်ကြည်ညွန့် #ဟွန်ဆန် #မြန်မာခရီးစဉ် #ဘုံသဘောတူညီချက်၅ခု #ဗွီအိုအေ

===============

XS
SM
MD
LG