သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာ ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေအားလုံးပြည့်စုံနေ” ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး


ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ "ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေအားလုံး ပြည့်စုံနေတယ်" လို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သောကြာနဲ့ စနေနေ့တွေမှာ မြန်မာနိုင်ငံကိုသွားဖို့ရှိပြီး အဲဒီမတိုင်ခင် တနင်္လာနေ့က စင်္ကာပူနိုင်ငံ၊ ISEAS-Yusof Ishak အင်စတီကျုက ကမကထပြုကျင်းပတဲ့ ဟောပြော ဆွေးနွေးပွဲတခုအတွင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က အဲဒီလိုပြောခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအကျပ်အတည်းဟာ နက်ရှိုင်းလာနေပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားစာနာမှု အကျပ်အတည်းဆီ ဦးတည်သွားပြီလို့ ဝန်ကြီး Sokhonn က သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ "အခုဆိုရင် အစိုးရနှစ်ရပ်ရှိနေပါတယ်၊ လက်နက်ကိုင်အဖွဲ့ အများအပြား ရှိနေပါတယ်၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို လူထုက ဆင်နွှဲနေကြပါတယ်၊ နိုင်ငံတဝန်းမှာ ပျောက်ကြားစစ် ဆင်နွှဲနေကြပါတယ်" လို့လည်း ဝန်ကြီး Sokhonn ကပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးသလို ဖြစ်မယ်ဆိုတဲ့ ဝေဖန်ချက်ကို ဝန်ကြီး Sokhonn ကပယ်ချပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ "လက်ငင်း အာရုံစူးစိုက်မှုက မြန်မာနိုင်ငံအခြေအနေ တိုးတက်လာရေးဖြစ်တယ်" လို့ ဆိုခဲ့ပါတယ်။

ဒီအတွက် ကြိုးပမ်းအားထုတ်မှုတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရပ်နဲ့ အာဆီယံခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ်က သဘောတူထားတဲ့ "ငါးချက်ပါ ဘုံသဘောထား" တို့အပေါ် ဆက်ပြီး အလေးထားလုပ်သွားမယ်လို့လည်း ဝန်ကြီး Sokhonn ကပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ "အားလုံးပါဝင်တဲ့ ဆွေးနွေးပြောဆိုမှုနဲ့ သက်ဆိုင်သူတွေ အားလုံးကြားမှာ နိုင်ငံရေးယုံကြည်မှု တည်ဆောက်ဖို့အတွက် သင့်လျော်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးခြင်းအားဖြင့်" "တိုးတက်မှုအတွက် လမ်းဖောက်ဖို့" ရည်ရွယ်တယ်လို့ ဝန်ကြီး Sokhonn ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ "ဒေသတွင်းတည်ငြိမ်မှု၊ အာဆီယံရုပ်ပုံ၊ ယုံကြည်ကိုးစားခံရမှု၊ ညီညွတ်မှု" တို့အတွက် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့ ဝန်ကြီး Sokhonn ကပြောပါတယ်။

ဒါပေမယ့်လည်း အာဆီယံစည်းဝေးပွဲတွေကို စစ်ကောင်စီခေါင်းဆောင် ပြန်တက်ရောက်နိုင်ရေး ခွင့်ပြုဖို့ ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်းအားထုတ်နေတယ်လို့ ဝန်ကြီး Prak Sokhonn ကပြောသွားပါတယ်။

=========

[[Unicode]]

“မြန်မာ ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေအားလုံးပြည့်စုံနေ” ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး











=========

XS
SM
MD
LG