သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုသမ္မတ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာအရေး ဆွေးနွေး


အင်ဒိုသမ္မတ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာအရေး ဆွေးနွေး
အင်ဒိုသမ္မတ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာအရေး ဆွေးနွေး

အင်ဒိုသမ္မတ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာအရေး ဆွေးနွေး

{{Zawgyi/Unicode}}

အင်ဒိုနီးရှားသမတ ဂျိုကိုဝီဒိုဒို က လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကိစ္စကိုအာဆီယံအနေ နဲ့ကူညီဆောင်ရွက်ပေးနိုင်ရေးရှေ့တိုးလုပ်ဆောင်ဖို့အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန္နဝါရီလ ၄ ရက်နေ့မှာထုတ်ပြန် ကြေညာပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးခေါင်းဆောင်နှစ်ဦးအမြင်ခြင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံမှာအမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဖွံဖြိုးတိုးတက်ရေးတို့အတွက် သင့်တော်တဲ့နည်းလမ်းကိုရှာဖွေပြီး အာဆီယံအနေနဲ့ ကူညီလုပ်ဆောင်ရေးဟာအရေးကြီးကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကိုသွားရောက်မှာဖြစ်ပြီး၊ အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံမှာဖြစ်ကြောင်းနဲ့ မြန်မာကိုအာဆီယံထဲကနေဘေးဖယ်ထားတာဟာ အာဆီယံမူနဲ့ မညီဘူးလို့ပြောဆိုထားပါတယ်။

ASEAN အရှေ့တောင်အာရှအသင်းအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးဖို့ လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ထားပေမယ့်၊ မြန်မာစစ်ကောင်စီကပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ် ခေါင်းဆောင်တွေကိုမဖိတ်ဘဲထားခဲ့ပါတယ်။ အဲဒီတုံးက မြန်မာကိုမဖိတ်ကြားဖို့ အင်ဒိုနီးရှားကဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

......................................

တိုက်ရိုက် လင့်ခ်


{{Unicode}}





XS
SM
MD
LG