သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္သြားဖုိ႔ အိႏိၵယတိုက္တြန္း


အိႏိၵယႏိုင္ငံျခားေရးဌာနအတြင္းဝန္ Harsh Vardhan Shringla (ဓါတ္ပုံ MEA)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ဆံုး ျပန္ေရာက္လာတာ၊ ဖမ္းဆီးခံထားရသူေတြနဲ႔ အက်ဥ္းသားေတြကုိ ျပန္လႊတ္ေပးတာ၊ ကိစၥရပ္ေတြကို ေဆြးေႏြး ေျဖရွင္းတာနဲ႔ အၾကမ္းဖက္လုပ္ရပ္အားလံုး လံုးဝရပ္သြားတာ အိႏိၵယအေနနဲ႔ ျမင္ေတြ႔လိုတယ္လုိ႔ အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla က ေျပာပါတယ္။

ျမန္မာႏိုင္ငံကို ႏွစ္ရက္ၾကာ တရားဝင္ အလုပ္သေဘာလာေရာက္တဲ့ခရီးစဥ္အတြင္း ေတြ႔ဆံုမႈေတြမွာ အတြင္းဝန္ Shringla က အဲဒီလို အေလးအနက္ေျပာဆိုခဲ့တာျဖစ္တယ္လို႔ အိႏိၵယႏိုင္ငံျခားေရးဌာနရဲ႕ ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံပဋိပကၡေျပလည္ေရး အာဆီယံနဲ႔ စစ္ေကာင္စီအၾကား သေဘာတူညီမႈ ရရွိထားတဲ့ အာဆီယံ အေျခခံမူေဘာင္ေတြကို အိႏၵိယက ေထာက္ခံေၾကာင္းနဲ႔ အဲဒီ မူေဘာင္ေတြကို အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံျခားေရးအတြင္း၀န္က အေလးေပး ေျပာၾကားခဲ့တယ္လို႔လည္း ဆိုပါတယ္။

စစ္ေကာင္စီအႀကီးအကဲအပါအဝင္ တျခား စစ္ေကာင္စီတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆုံစဥ္ အိႏၵိယႏိုင္ငံရဲ႕ လုံျခံဳေရးနဲ႔ဆိုင္တဲ့ကိစၥရပ္၊ အထူးသျဖင့္ မဏိပူရျပည္နယ္၊ Churachandpur ခ႐ိုင္အတြင္း အိႏၵိယ စစ္တပ္အရာရွိတဦးနဲ႔ သူ႔မိသားစုဝင္ေတြ လုပ္ၾကံ သတ္ျဖတ္ခံလိုက္ရတဲ့ကိစၥနဲ႔ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတေလွ်ာက္ ၿငိမ္းခ်မ္းတည္ၿငိမ္မႈရရွိေရးအတြက္ အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖို႔၊ တဘက္ႏိုင္ငံကို ေျခကုတ္ ယူၿပီး တျခားတဘက္ကို အႏၲရာယ္ျဖစ္ေစမယ့္လုပ္ရပ္ေတြ လုပ္ခြင့္မျပဳၾကဖို႔ စတဲ့ ကိစၥရပ္ေတြကို ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla နဲ႔ စစ္ေကာင္စီအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာ ေတြ႔ဆုံခဲ့ေၾကာင္း စစ္ေကာင္စီ သတင္းျပန္ၾကားေရးတာဝန္ခံ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ တ႐ုတ္-ျမန္မာ နယ္စပ္ ကုန္သြယ္ေရးမွာ ယြမ္ေငြနဲ႔ ျမန္မာက်ပ္ေငြ တိုက္႐ိုက္ လွဲလွယ္ အသုံးျပဳခြင့္ျပဳထားသလိုပဲ အိႏၵိယ-ျမန္မာ နယ္စပ္ ကုန္သြယ္ေရးမွာလည္း အလားတူ တိုက္႐ိုက္ လွဲလွယ္ အသုံးခြင့္ျပဳခြင့္ မၾကာခင္ လုပ္ေဆာင္သြားမယ္လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ႏိုင္ငံျခားေရးအတြင္း Shringla ဟာ စစ္ေကာင္စီက တာဝန္ရွိသူေတြအျပင္ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ တျခား ႏိုင္ငံေရးပါတီေတြက တာဝန္ရွိသူေတြ၊ ျမန္မာႏိုင္ငံမွာရွိတဲ့ တျခားႏိုင္ငံေတြက သံအမတ္ေတြ၊ ကုလသမဂၢ တာ၀န္ရွိသူေတြနဲ႔လည္း ေတြ႔ဆုံခဲ့တယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။

ဒါေပမယ့္လည္း NLD ပါတီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္အမ်ားအျပားကို စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးေထာင္ခ်ေနတဲ့ အခုလုိအခ်ိန္မွာ NLD ပါတီကိုယ္စားျပဳၿပီး ဘယ္သူေတြနဲ႔ ေတြ႔ဆံုခဲ့တယ္ဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။

အတြင္းဝန္ Shringla ရဲ႕ ခရီးစဥ္ဟာ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏိၵယအစိုးရအဖြဲ႔ထဲက အဆင့္အျမင့္ဆံုး တာဝန္ရွိသူတဦး လာေရာက္တာျဖစ္ပါတယ္။

#MyanmarMilitaryCoup #India #voaburmese #စစ္အာဏာသိမ္းမႈ #အိႏိၵယ #ဗီြအိုေအျမန္မာပိုင္း

===========

[[Zawgyi/Unicode]]

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အိန္ဒိယတိုက်တွန်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံး ပြန်ရောက်လာတာ၊ ဖမ်းဆီးခံထားရသူတွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ ကိစ္စရပ်တွေကို ဆွေးနွေး ဖြေရှင်းတာနဲ့ အကြမ်းဖက်လုပ်ရပ်အားလုံး လုံးဝရပ်သွားတာ အိန္ဒိယအနေနဲ့ မြင်တွေ့လိုတယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ပြောပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ တရားဝင် အလုပ်သဘောလာရောက်တဲ့ခရီးစဉ်အတွင်း တွေ့ဆုံမှုတွေမှာ အတွင်းဝန် Shringla က အဲဒီလို အလေးအနက်ပြောဆိုခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံပဋိပက္ခပြေလည်ရေး အာဆီယံနဲ့ စစ်ကောင်စီအကြား သဘောတူညီမှု ရရှိထားတဲ့ အာဆီယံ အခြေခံမူဘောင်တွေကို အိန္ဒိယက ထောက်ခံကြောင်းနဲ့ အဲဒီ မူဘောင်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးအတွင်းဝန်က အလေးပေး ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီအကြီးအကဲအပါအဝင် တခြား စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စရပ်၊ အထူးသဖြင့် မဏိပူရပြည်နယ်၊ Churachandpur ခရိုင်အတွင်း အိန္ဒိယ စစ်တပ်အရာရှိတဦးနဲ့ သူ့မိသားစုဝင်တွေ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးအတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တဘက်နိုင်ငံကို ခြေကုတ် ယူပြီး တခြားတဘက်ကို အန္တရာယ်ဖြစ်စေမယ့်လုပ်ရပ်တွေ လုပ်ခွင့်မပြုကြဖို့ စတဲ့ ကိစ္စရပ်တွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla နဲ့ စစ်ကောင်စီအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ ယွမ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက် လှဲလှယ် အသုံးပြုခွင့်ပြုထားသလိုပဲ အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာလည်း အလားတူ တိုက်ရိုက် လှဲလှယ် အသုံးခွင့်ပြုခွင့် မကြာခင် လုပ်ဆောင်သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံခြားရေးအတွင်း Shringla ဟာ စစ်ကောင်စီက တာဝန်ရှိသူတွေအပြင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ တခြားနိုင်ငံတွေက သံအမတ်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒါပေမယ့်လည်း NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချနေတဲ့ အခုလိုအချိန်မှာ NLD ပါတီကိုယ်စားပြုပြီး ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

အတွင်းဝန် Shringla ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရအဖွဲ့ထဲက အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦး လာရောက်တာဖြစ်ပါတယ်။

#MyanmarMilitaryCoup #India #voaburmese #စစ်အာဏာသိမ်းမှု #အိန္ဒိယ #ဗွီအိုအေမြန်မာပိုင်း

===========

XS
SM
MD
LG