သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ကန်လွှတ်တော်အမတ်တချို့ ကမ္ဘောဒီးယားကိုတောင်းဆို 


US Congress
US Congress

စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ကန်လွှတ်တော်အမတ်တချို့ ကမ္ဘောဒီးယားကိုတောင်းဆို

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်အာဏာပိုင်တွေကို အသိအမှတ်ပြုလက်ခံတာမျိုးမလုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ခေါင်းဆောင်တွေ တောင်းဆိုလိုက်ပါတယ်။

လာမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးမှာ မြန်မာစစ်အာဏာပိုင်တွေကိုဖိတ်ကြားဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းနဲ့မြန်မာနိုင်ငံမှာ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဥပဒေမဲ့ ဖြုတ်ချပြီး ကိုယ့်ပြည်သူတွေကို အကြောင်းမဲ့နှိပ်စက်၊ သတ်ဖြတ်နေတဲ့ စစ်တပ်ကို အာဆီယံအနေနဲ့ အသိမှတ်မပြုဖို့ တောင်းဆိုလိုက်တာပါ။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ Gregory Meeks နဲ့ ထိပ်တန်းကော်မတီဝင် Michael McCaul ၊ အောက်လွှတ်တော် အာရှ၊ ပစိဖိတ်၊ အလယ်ပိုင်းအာရှနဲ့ လက်နက်မပြန့်ပွါးရေးဆိုင်ရာ ဆပ်ကော်မတီကဥက္ကဌ Ami Bera နဲ့ ထိပ်တန်းကော်မတီဝင် Steve Chabot တို့က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အရင်အာဆီယံအလှည့်ကျ ဥက္ကဌ လက်ထက်မှာ မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာကို ထောက်ခံကြောင်းလည်း ပြောပါတယ်။ မြန်မာစစ်တပ် အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ ငြင်းဆန်နေပြီး၊ အကြမ်းဖက်မှုတွေကြောင့် တနှစ်တောင် မပြည့်သေးခင်မှာ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရတဲ့အပြင် ကြီးမားတဲ့ လူသားချင်းစာနာမှုပြဿနာကလည်း ဒေသတွင်းကိုပါ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာနေကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပက နိုင်ငံ့ခေါင်းဆောင် တဦးရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ရာမှာလည်း ပြည်တွင်း၊ ပြည်ပ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေအပြင်၊ အာဆီယံနိုင်ငံတွေကပါ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ၂ ရက်ကြာ ခရီးစဉ်ဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်နိုင်သလို၊ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်မှာလည်း စိုးရိမ်နေကြပါတယ်။

........................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}








XS
SM
MD
LG