သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ် မလေးရှားဝေဖန်


FILE - Malaysia's Foreign Minister Saifuddin Abdullah walks ahead of the Special Meeting of Foreign ministers of The Association of Southeast Asian Nations (ASEAN) coordination council in Vientiane, Laos, Feb. 20, 2020.
FILE - Malaysia's Foreign Minister Saifuddin Abdullah walks ahead of the Special Meeting of Foreign ministers of The Association of Southeast Asian Nations (ASEAN) coordination council in Vientiane, Laos, Feb. 20, 2020.

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ် မလေးရှားဝေဖန်

{{Zawgyi/Unicode}}

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်အပေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်တွေကြား မတူတဲ့ သဘောထားအမြင်တွေနဲ့ စိုးရိမ်မှုတွေ ရှိနေကြကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ၂ ရက်ကြာ ခရီးစဉ်ဟာ အာဏာသိမ်းထားတာကို အသိအမှတ်ပြုရာ ရောက်မှာကို စိုးရိမ်တာကြောင့် မသွားသင့်ဘူးလို့ ယူဆသူတွေ ရှိတဲ့အကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပက နိုင်ငံခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ခရီးစဉ်အပေါ် ပြည်တွင်း၊ ပြည်ပ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်အာဏာပိုင်တွေကို အသိအမှတ်ပြုဖို့ မဟုတ်ဘဲ ၂ နိုင်ငံ ဆက်ဆံရေးအတွက် ရည်ရွယ်တာသာဖြစ်ကြောင်း ခရီးစဉ်အဆုံးသတ် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာပဲ ပြောဆိုထားပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးအကဲဖြစ် သွားရောက်ခွင့် ရှိတာမှန်ပေမဲ့၊ ကမ္ဘောဒီးယား နိုင်ငံဟာ အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတာကြောင့် ခရီးစဉ်နဲ့ ပတ်သက်လို့ ကျန်အဖွဲ့ဝင် နိုင်ငံတွေနဲ့ အရင်တိုင်ပင်သင့်ကြောင်း ပြောဆိုခဲ့တာပါ။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ အောင်မြင်မှု တစုံတရာ ရခဲ့တယ်လို့ မထင်ကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတဲ့ အာဆီယံအသင်းရဲ့ ကြိုးပမ်းမှုတွေဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကြောင့် ထိခိုက်မှာကိုလည်း အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေတာ ဖြစ်ပါတယ်။

.........................................

တိုက်ရိုက် လင့်ခ်


{{Unicode}}






XS
SM
MD
LG