သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ ျမန္မာႏုိင္ငံခရီးစဥ္စတင္


စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္ရဲ႕ ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံကို ဒီေန႔ေရာက္လာတဲ့ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္။ ( ဇန္နဝါရီ ၇၊၂၀၂၂။ ဓာတ္ပံု-စစ္ေကာင္စီျပန္ၾကားေရး)

[[Zawgyi/Unicode]]

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ ေနျပည္ေတာ္ကို ဒီကေန႔ေရာက္လာၿပီး စစ္ေကာင္စီက ခန႔္ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ေလဆိပ္မွာ ႀကိဳဆိုခဲ့ပါတယ္။ ညေနအေစာပိုင္းမွာေတာ့ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္တို႔ ေတြ႔ဆုံတဲ့သတင္းကို စစ္ေကာင္စီပိုင္ ႐ုပ္သံသတင္းေတြက ထုတ္လႊင့္သြားပါတယ္။

ေရာက္ေရာက္ခ်င္းမွာပဲ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က စစ္ေကာင္စီကို COVID-19 ဆိုင္ရာ ကာကြယ္ေရးပစၥည္းေတြ လႉဒါန္းခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ ဖိတ္ၾကားခ်က္အရ အလုပ္သေဘာခရီးစဥ္ လာေရာက္တာျဖစ္ၿပီး ႏွစ္ႏိုင္ငံ ဆက္ဆံေရးဆိုင္ရာနဲ႔ အာဆီယံအပါအဝင္ ေဒသဆိုင္ရာ အက်ိဳးတူကိစၥရပ္ေတြကို ေဆြးေႏြးမယ္လို႔ စစ္ေကာင္စီက ၾကာသပေတးေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီထုတ္ျပန္ခ်က္အရဆိုရင္ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ အႀကီးအကဲအျဖစ္ လာေရာက္တာျဖစ္ၿပီး အာဆီယံဥကၠ႒အေနနဲ႔ လာေရာက္တဲ့သေဘာ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးခ်ိန္ကတည္းကဆိုရင္ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ျမန္မာႏိုင္ငံကိုလာေရာက္တဲ့ ပထမဆုံး ျပည္ပအႀကီးအကဲျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ ခရီးစဥ္ကို ျမန္မာႏိုင္ငံတြင္းမွာ ကန႔္ကြက္တာေတြရွိၿပီး ဒီကေန႔မွာဆိုရင္ စစ္ကိုင္းတိုင္းက ကေလးၿမိဳ႕နဲ႔ ဒီပဲရင္းၿမိဳ႕၊ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕၊ မႏၲေလး၊ မုံ႐ြာနဲ႔ တနသၤာရီ စတဲ့ေဒသေတြမွာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကို ကန႔္ကြက္ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာနဲ႔ ကေမာၻဒီးယား အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြ၊ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ (AI) ၊ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ (HRW) ၊ လူ႔အခြင့္အေရးဆိုင္ရာ ပါလီမန္ လႊတ္ေတာ္အမတ္မ်ားအဖြဲ႕ (APHR) တို႔လို ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြကလည္း ေဝဖန္ ကန႔္ကြက္ထားၾကပါတယ္။

ႏွစ္ရက္ၾကာ ခရီးစဥ္နဲ႔ လာေရာက္တဲ့ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေတာ့ ျမန္မာႏိုင္ငံ ေအးခ်မ္း တည္ၿငိမ္ေရးအတြက္ သက္ဆိုင္သူ အားလုံး ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကဖို႔ ခရီးစဥ္မစခင္ ၅ ရက္ေန႔က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံခရီးစဉ်စတင်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ နေပြည်တော်ကို ဒီကနေ့ရောက်လာပြီး စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ညနေအစောပိုင်းမှာတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ်ဟွန်ဆန်တို့ တွေ့ဆုံတဲ့သတင်းကို စစ်ကောင်စီပိုင် ရုပ်သံသတင်းတွေက ထုတ်လွှင့်သွားပါတယ်။

ရောက်ရောက်ချင်းမှာပဲ ဝန်ကြီးချုပ်ဟွန်ဆန်က စစ်ကောင်စီကို COVID-19 ဆိုင်ရာ ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ် လာရောက်တာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာနဲ့ အာဆီယံအပါအဝင် ဒေသဆိုင်ရာ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ စစ်ကောင်စီက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရဆိုရင် ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးအကဲအဖြစ် လာရောက်တာဖြစ်ပြီး အာဆီယံဥက္ကဋ္ဌအနေနဲ့ လာရောက်တဲ့သဘော မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် ဝန်ကြီးချုပ်ဟွန်ဆန်ဟာ မြန်မာနိုင်ငံကိုလာရောက်တဲ့ ပထမဆုံး ပြည်ပအကြီးအကဲဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ကို မြန်မာနိုင်ငံတွင်းမှာ ကန့်ကွက်တာတွေရှိပြီး ဒီကနေ့မှာဆိုရင် စစ်ကိုင်းတိုင်းက ကလေးမြို့နဲ့ ဒီပဲရင်းမြို့၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မန္တလေး၊ မုံရွာနဲ့ တနင်္သာရီ စတဲ့ဒေသတွေမှာ ဝန်ကြီးချုပ်ဟွန်ဆန်ကို ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၊ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန် လွှတ်တော်အမတ်များအဖွဲ့ (APHR) တို့လို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန် ကန့်ကွက်ထားကြပါတယ်။

နှစ်ရက်ကြာ ခရီးစဉ်နဲ့ လာရောက်တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ မြန်မာနိုင်ငံ အေးချမ်း တည်ငြိမ်ရေးအတွက် သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ခရီးစဉ်မစခင် ၅ ရက်နေ့က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

WhatIsHappeningInMyanmar #MyanmarMilitaryCoup #HunSen #ASEAN #voaburmese #စစ်အာဏာသိမ်းမှု #ဟွန်ဆန် #အာဆီယံ #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG