သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာကြိုးပမ်းချက် ASEAN ပူးပေါင်းဆောင်ရွက်ဖို့ Noeleen Heyzer တိုက်တွန်း 


ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer

[[Zawgyi/Unicode]]

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေ ပိုပြီး ဆိုးမလာအောင် ကူညီဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ အားထုတ် ကြိုးပမ်းမှုတွေကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ပူးပေါင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလို တိုက်တွန်းလိုက်တာပါ။

အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အွန်လိုင်းမှာ မြန်မာ့အရေး ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအတွက် လူသားစာနာမှုအကူအညီတွေ ပေးနိုင်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုတွေမှာ တိုးတက်မှုရလာအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တဲ့အကြောင်း ဒီကနေ့ထုတ်ပြန် တဲ့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် တာဝန် ယူပြီးနောက်ပိုင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။ သူ့ရဲ့ မြန်မာခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကို အသိအမှတ်ပြုရာကျတယ်ဆိုပြီး ပြည်တွင်း ပြည်ပ လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁,၄၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကို ကိုးကားပြီး ကုသလမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အခြေအနေတွေ ပိုဆိုးလာနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပဋိပက္ခမှာ ပါဝင်သူအားလုံးရဲ့ အသံတွေကို နားထောင်ရမှာဖြစ်ပြီး အားလုံးနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံသွားရမှာ ဖြစ်တယ်လို့ အထူး ကိုယ်စားလှယ် Noeleen Heyzer က ဒီကနေ့ ကြေညာချက်မှာ အလေးအနက် ထည့်သွင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








============

XS
SM
MD
LG