သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအလွည့္က်ဥကၠ႒ မွ်မွ်တတလုပ္ေဆာင္မယ္လို႔ယံုၾကည္ - ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္း


သတင္းစာရွင္းလင္းပြဲတြင္ တေြ႔ရသည့္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) အလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏုိင္ငံအေနနဲ႔ အလွည့္က်သက္တမ္းအတြင္း မွ်မွ်တတလုပ္ေဆာင္မယ္လို႔ ယံုၾကည္တဲ့အေၾကာင္း အာဏာသိမ္းစစ္ေကာင္စီ ေျပာခြင့္ရက ဒီကေန႔ သတင္းစာရွင္းလင္းပြဲ အတြင္း ေျပာသြားပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ၿပီးခဲ့တဲ့သီတင္းပတ္က ျမန္မာႏုိုင္ငံကိုလာခဲ့တဲ့ ခရီးစဥ္ကေန ရလာဒ္ေကာင္းေတြ ထြက္ခဲ့ တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။ ျမန္မာႏုိင္ငံအေပၚ ႏုိင္ငံတကာက ဖိအားေပးတာ ေလ်ာ့က် မသြားေသးေပမယ့္ အဲဒီဖိအားေတြကို အေလွ်ာ့ေပးသြားမွာ မဟုတ္ဘူးလုိ႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ ျမန္မာခရီးစဥ္ကေန ရလဒ္ေကာင္းေတြ ထြက္ခဲ့တယ္လုိ႔ စစ္ေကာင္စီဘက္ကေျပာေပမယ့္ ဒီခရီးစဥ္နဲ႔ ပတ္သက္ၿပီး အာဆီယံအဖြဲ႔ဝင္ ႏုိင္ငံတခ်ဳိ႕က ေဝဖန္ေျပာဆိုထားပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ ျမန္မာခရီးစဥ္အေပၚ စစ္ေကာင္စီကို ေဒသတြင္းမွာ အသိအမွတ္ျပဳတာျဖစ္တယ္လို႔ ျမင္သြားႏုိင္္တဲ့အေပၚ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံတခ်ဳိ႕ၾကားမွာ စိုးရိမ္မႈရွိတယ္လုိ႔ မေလးရွားႏုိင္ငံျခားေရးဝန္ႀကီးက ၾကာသပေတးေန႔မွာပဲ ေျပာခဲ့ပါတယ္။

“သူ႔ရဲ႕ခရီးစဥ္အေပၚ ျမန္မာစစ္ဘက္ကို အသိအမွတ္ျပဳမႈတခုအျဖစ္ ျမင္ၾကတာ ဒါမွမဟုတ္ အဲဒီလိုအဓိပၸါယ္ဖြင့္ၾကတာေတြ ရွိတဲ့ အတြက္ ဒီခရီးစဥ္ကို မသြားခဲ့သင့္ဘူးလို႔ ျမင္ၾကသူေတြရွိပါတယ္” လို႔ မေလးရွားႏုိ္င္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ၾကာသပေတးေန႔ေႏွာင္းပိုင္းမွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ကလည္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အြန္လိုင္းမွာ ေတြ႔ဆံုေဆြးေႏြးခ်ိန္က ျမန္မာႏုိင္ငံမွာ အက်ပ္အတည္းေတြ ပိုဆိုးမလာေအာင္ ကူညီေျဖရွင္းဖို႔ အတြက္ ႏုိင္္ငံတကာအသိုက္အဝန္းရဲ႕ အားထုတ္ႀကိဳးပမ္းမႈေတြကို အာဆီယံအေနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကို တိုက္တြန္းခဲ့ပါတယ္။

................................................................................

တိုက္႐ိုက္ လင့္ခ္


အာဆီယံအလှည့်ကျဥက္ကဋ္ဌ မျှမျှတတလုပ်ဆောင်မယ်လို့ယုံကြည် - ဗိုလ်ချုပ်ဇော်မင်းထွန်း

Unicode
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အလှည့်ကျသက်တမ်းအတွင်း မျှမျှတတလုပ်ဆောင်မယ်လို့ ယုံကြည်တဲ့အကြောင်း အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောသွားပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်ကနေ ရလာဒ်ကောင်းတွေ ထွက်ခဲ့ တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးတာ လျော့ကျ မသွားသေးပေမယ့် အဲဒီဖိအားတွေကို အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ထွက်ခဲ့တယ်လို့ စစ်ကောင်စီဘက်ကပြောပေမယ့် ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ဝေဖန်ပြောဆိုထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်အပေါ် စစ်ကောင်စီကို ဒေသတွင်းမှာ အသိအမှတ်ပြုတာဖြစ်တယ်လို့ မြင်သွားနိုင်တဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကြားမှာ စိုးရိမ်မှုရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့မှာပဲ ပြောခဲ့ပါတယ်။

“သူ့ရဲ့ခရီးစဉ်အပေါ် မြန်မာစစ်ဘက်ကို အသိအမှတ်ပြုမှုတခုအဖြစ် မြင်ကြတာ ဒါမှမဟုတ် အဲဒီလိုအဓိပ္ပါယ်ဖွင့်ကြတာတွေ ရှိတဲ့ အတွက် ဒီခရီးစဉ်ကို မသွားခဲ့သင့်ဘူးလို့ မြင်ကြသူတွေရှိပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကြာသပတေးနေ့နှောင်းပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးချိန်က မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ပိုဆိုးမလာအောင် ကူညီဖြေရှင်းဖို့ အတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အာဆီယံအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးချုပ်ဟွန်ဆန်ကို တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG