သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေမာၻဒီးယား ဦးေဆာင္တဲ့ အာဆီယံႏွင့္ ျမန္မာ့ျပႆနာ


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္တို႔ ေနျပည္ေတာ္ သံတမန္ခန္းမမွာ ေတြ႔ဆံုၾကစဥ္။ (ဇန္နဝါရီ ၇၊ ၂၀၂၂/ ဓာတ္ပံု စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႔)

အာဆီယံအလွည့္က် ဥကၠ႒ရာထူးကိုလက္ခံၿပီး မၾကာခင္မွာပဲ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen ဟာ ကမာၻ႔ႏိုင္ငံအမ်ားအျပားက လက္ေရွာင္ေနၾကတဲ့ ျမန္မာအာဏာသိမ္းစစ္ေကာင္စီ အႀကီးအကဲနဲ႔ သြားေရာက္ေတြ႔ဆုံခဲ့ပါတယ္။ ဒါဟာ ျမန္မာ့ျပႆနာ ေျပလည္ေရးအတြက္ အားထုတ္မႈျဖစ္တယ္လို႔ သူက ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ Hun Sen ရဲ႕ ခရီးစဥ္ဟာ သူေျပာသလို တကယ္ပဲ ျမန္မာ့ျပႆနာ ေျပလည္ေရးအတြက္ အေထာက္အပံ့ ျဖစ္ေစပါသလား။ ထိုင္းႏိုင္ငံ ခ်ဴလာေလာင္ကြန္းတကၠသိုလ္ (Chulalongkorn University) ႏိုင္ငံေရးသိပၸံပါေမာကၡ အေရွ႕ ေတာင္အာရွေရးရာကြၽမ္းက်င္သူ Thitinam Pongsudhirak (သီတီနမ္ ပြန္ဆုဒီရာ့ခ္) နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ပါေမာကၡ သီတီနမ္ ခင္ဗ်ား။ -- မၾကာေသးခင္က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ Hun Sen က ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဒီခရီးစဥ္ကို ေတာ္ေတာ္ေဝဖန္ရွဳတ္ခ်ၾကပါတယ္။ ဒါေပမယ့္ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြထဲမွာ မေလးရွားႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးကလြဲၿပီး က်န္အစိုးရေတြက တရားဝင္ ဒီကိစၥကို ေဝဖန္တာ၊ ရွဳတ္ခ်တာ မၾကားရပါဘူး။ ဆိုေတာ့ ဒီခရီးစဥ္ကို အဲဒီအာဆီယံႏုိင္ငံေတြက လက္ခံတယ္။ သေဘာတူတယ္လို႔ က်ေနာ္တို႔ ယူဆရမလား။

ေျဖ ။ ။ မဟုတ္ပါဘူး။ က်ေနာ္ကေတာ့ အဲဒီလို မထင္ပါဘူး။ Hun Sen က အာဆီယံရဲ ႔ ဂုဏ္သတင္းနဲ႔ သိကၡာကို သူ႔ရဲ ႔ကိုယ္ပိုင္အႀကံအစည္အတြက္ အသံုးခ်တာ ျဖစ္ပါတယ္။ သူဟာ သူ႔အတြက္ နာမည္ေကာင္းနဲ႔ ဂုဏ္သတင္းေကာင္းေတြ တြင္က်န္ရစ္ေစခ်င္တာ ေသခ်ာပါတယ္။ သူဟာ သူ႔ရဲ ႔အာဏာရပါတီေခါင္းေဆာင္မႈကို သူ႔ရဲ ႔သား ဟြန္မြန္နက္ (Hun Munet) က လႊဲေျပာင္းေပးဖုိ႔ လုပ္ေနတာပါ။ ဟြန္ဆန္အတြက္က ေနာက္ထပ္ (၆) ႏွစ္ က်န္ပါေသးတယ္။ အခုတႀကိမ္က သူက ပါတီကို ေခါင္းေဆာင္ခြင့္ရတာ ေနာက္ဆံုးတႀကိမ္လည္း ျဖစ္ပါတယ္။ အခုေတာ့ သူဟာ မင္းေအာင္လိႈင္ကို သြားေတြ႔ၿပီး စစ္ေကာင္စီကို တရားဝင္အသိအမွတ္ျပဳလိုက္တာ ျဖစ္ပါတယ္။ ဒါဟာ အာဆီယံရဲ ႔ ရပ္တည္ခ်က္ကို ၿဖိဳဖ်က္လိုက္တာ၊ သစၥာေဖာက္လုိက္တာ ျဖစ္ပါတယ္။

ေမး ။ ။ ဒါက ဟြန္ဆန္ရဲ ႔ အႀကံအစည္၊ ဟြန္ဆန္ရဲ ႔ ရည္ရြယ္ခ်က္ေပါ့။ အာဆီယံအဖြဲ႔ဝင္ တျခားႏုိင္ငံေတြရဲ ႔ ဒီကိစၥအေပၚ ရပ္တည္ခ်က္ကိုလည္း သံုးသပ္ပါအံုး။

ေျဖ ။ ။ အာဆီယံရဲ ႔ တျခားႏုိင္ငံေတြက ဒါကို သေဘာတူတယ္လို႔ က်ေနာ္ကေတာ့ မထင္ပါဘူး။ အမ်ားစုကေတာ့ ေလာေလာဆယ္မွာ ႏႈတ္ဆိတ္မႈနဲ႔ တံု႔ျပန္ေနၾကပါတယ္။ ဒါေပမဲ့ ကြယ္ရာမွာေတာ့ ဒီလိုလုပ္လိုက္တာနဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္ေနၾကမယ္ ထင္ပါတယ္။ တကယ္ေတာ့ အာဆီယံက အခုကတည္းက ျပတ္ျပတ္သားသား စိတ္ဝမ္းကြဲေနၾကတာပါ။ အင္ဒိုနီးရွားဆိုရင္ ျမန္မာႏုိင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားဖို႔ဆိုတဲ့ သေဘာထားကို ျပင္းျပင္းထန္ထန္ ျပသေနတာ ျဖစ္ပါတယ္။ မႏွစ္ကတည္းက အင္ဒိုနီးရွား၊ မေလးရွား၊ စကၤာပူ၊ ဖိလစ္ပိုင္တို႔က တဘက္ က်န္းမာေရး အကူအညီ အေထာက္အပံ့ေတြေပးဖို႔နဲ႔ စစ္တပ္ရဲ ႔ အၾကမ္းဖက္ႏိွမ္နင္းမႈေတြကို ရပ္ဆိုင္းရံုတင္မက ေဖေဖၚဝါရီလဆန္း အာဏာမသိမ္းခင္က ရိွခဲ့တဲ့ အလုပ္ျဖစ္ေနခဲ့တဲ့ ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္သြားဖို႔ ေတာင္းဆိုလာခဲ့ၾကတာပါ။ ဒီေလးႏုိင္ငံက တအုပ္စုပါ။

ေမး ။ ။ ဒါကေတာ့ ဒီမိုကေရစီကို လိုလားတဲ့ အာဆီယံႏုိင္ငံေတြေပါ့။ ဆိုေတာ့ ျမန္မာ့အိမ္နီးခ်င္း။ ျမန္မာႏုိင္ငံအတြက္လည္း သိပ္အေရးႀကီးတဲ့ ထိုင္းႏုိင္ငံရဲ ႔ သေဘာထားကိုလည္း သိပါရေစ။ ထိုင္းႏုိင္ငံအစိုးရကလည္း စစ္အာဏာသိမ္းၿပီးေတာ့ ဒီမိုကေရစီအသြင္ ေျပာင္းထားတဲ့ အစိုးရဆုိေတာ့ ဒီအစိုးရရဲ ႔ ျမန္မာစစ္ေကာင္စီအေပၚ သေဘာထားကိုလည္း သိခ်င္ပါတယ္။

ေျဖ ။ ။ ထိုင္းႏုိင္ငံရဲ ႔ ရပ္တည္ခ်က္က စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ တကယ္ေတာ့ ထိုင္းႏုိင္ငံကလည္း အဲဒီေလးႏိုင္ငံဘက္က ရပ္တည္သင့္ပါတယ္။ ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ဖို႔ ေတာင္းဆိုသင့္ပါတယ္။ ဒါေပမဲ့ ဒီလုိမဟုတ္ဘဲ ၾကားေနေရးလမ္းကို ေရြးခဲ့ပါတယ္။ ရင္မဆိုင္ဘဲ ေဝ့လည္ေၾကာင္ပတ္ လုပ္ေနခဲ့ပါတယ္။

ေမး ။ ။ က်န္တဲ့ အာဆီယံႏုိင္ငံေတြရဲ ႔ သေဘာထားက ဘယ္လိုရိွလဲ။

ေျဖ ။ ။ က်န္ႏုိင္ငံေတြကေတာ့ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္တဲ့ ႏုိင္ငံေတြပါ။ သူတို႔ဟာ စစ္ေကာင္စီ၊ စစ္တပ္ကို စာနာမယ္လို႔လဲ ယူဆႏုိင္ပါတယ္။ ဒီအခ်ိန္မွာ ဟြန္ဆန္ရဲ ႔ လုပ္ရပ္ဟာ သူ႔ရဲ ႔ ၾသဇာအရိွန္အဝါ တိုးခ်ဲ ႔ရာမွာ အာဆီယံကို အသံုးခ်ဖို႔ အားထုတ္မႈ ျဖစ္ပါတယ္။ သူက ခပ္တံုးတံုးေတာ့ မဟုတ္ပါဘူး။ သူလိုခ်င္တာကို ႀကံဖန္လုပ္ႏိုင္ပါတယ္။ ရက္ရက္စက္စက္လည္း လုပ္တတ္ပါတယ္။ ျမန္မာစစ္ေကာင္စီကို အသိအမွတ္ျပဳ လက္ခံၿပီး၊ ေရွ ႔ဆက္သြားဖို႔ သူ ေမွ်ာ္လင့့္ထားပံု ရပါတယ္။ ဒါဟာ အာဆီယံကို ခုတံုးလုပ္ၿပီး သိပ္အႏၱရာယ္မ်ားတဲ့ Game ကို ကစားဖို႔ သူလုပ္ေနတာပါ။ ဘာေၾကာင့္လဲဆိုရင္ စစ္အစိုးရကို တရားဝင္အသိအမွတ္ျပဳ လက္ခံလိုက္ရင္ စစ္တပ္အေနနဲ႔ သူ႔ျပည္သူေတြအေပၚ ရက္ရက္စက္စက္ အၾကမ္းဖက္မႈေတြ က်ဴးလြန္ဖို႔ တိုက္တြန္းအားေပးလိုက္တာပဲ ျဖစ္သြားမွာပါ။

ေမး ။ ။ တကယ္ေတာ့ ျမန္မာႏုိင္ငံကို အာဆီယံဝင္ဖို႔ လက္ခံခဲ့တဲ့ ၁၉၉၇ ခုႏွစ္တုန္းကလည္း ျမန္မာႏုိင္ငံဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္အစိုးရလက္ေအာက္မွာ ရိွေနခဲ့တာပါ။ ဒီမိုကေရစီအစိုးရ မဟုတ္ပါဘူး။ ဆုိေတာ့ အဲဒီတုန္းကလည္း အာဆီယံကလည္း လက္ခံခဲ့တယ္။ နာခ်ဖို႔၊ ေျဖာင့္ဖ်ဖို႔ ႀကိဳးစားခဲ့တယ္။ အခုအေျခအေနနဲ႔ ဘယ္လိုမ်ားကြာသလဲ။ ႏိႈင္းယွဥ္ေပးပါ။

ေျဖ ။ ။ အခုအေျခအေနကေတာ့ ထူးျခားပါတယ္။ စစ္အာဏာသိမ္းမႈဟာ ၁၉၆၂၊ ၁၉၈၈ တို႔လို ေအာင္ျမင္ခဲ့မယ္ဆိုရင္ေတာ့ ပံုစံတမ်ဳိး ျဖစ္ပါလိမ့္မယ္။ အာဆီယံကလည္း စစ္အစိုးရလက္ေအာက္ ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံရမွာပါပဲ။ ဒါေပမဲ့ အခုတႀကိမ္မွာေတာ့ စစ္အာဏာသိမ္းမႈက မေအာင္ျမင္ပါဘူး။ စစ္ေကာင္စီဟာ အာဏာကို သိမ္းယူေပမယ့္၊ ႏိုင္ငံကို မခ်ဳပ္ကိုင္ႏုိင္ပါဘူး။ ႏုိင္ငံတဝွမ္း ပုန္ကန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဆိုေတာ့ ဒါဟာ အာဆီယံႏုိင္ငံေတြအတြက္ သိပ္ကိုထူးျခားပါတယ္။ အာဆီယံဟာ ႏွစ္ဘက္စလံုးနဲ႔ ထိေတြ႔ဆက္ဆံရမွာ ျဖစ္ပါတယ္။ NUG အပါအဝင္ အရပ္သားအုပ္ခ်ဳပ္ေရးေတြ၊ PDF ေတြ၊ EAO ေခၚ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ CDM လႈပ္ရွားမႈအဖြဲ႔ေတြနဲ႔ ထိေတြ႔ဆက္ဆံရမွာပါ။ သူတုိ႔ဟာ အာဏာလက္ကိုင္ မရိွေပမယ့္၊ Shadow Civilian Government အတိုက္အခံအရပ္သား အစိုးရပါ။ သူတုိ႔ဟာ တုိင္းျပည္ေနရာ အေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ထားပါတယ္။ ဒီအေျခအေနမွာ ဟြန္ဆန္က မင္းေအာင္လိႈင္တို႔ စစ္ေကာင္စီကို အသိအမွတ္ျပဳဖို႔လုပ္တာ အာဆီယံလုပ္ႏိုင္တဲ့ အခန္းက႑ကို ဖ်က္ဆီးလိုက္တာလည္း ျဖစ္ႏုိင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အာဆီယံလုပ္ႏိုင္တဲ့ အခန္းက႑ဆိုလို႔ အာဆီယံလုပ္ႏုိင္တဲ့ အခန္းက႑က ဘယ္ေလာက္မ်ား ထိေရာက္မႈ ရိွႏုိင္လို႔လဲ။ ျမန္မာျပည္သူေတြရဲ ႔ သေဘာထားေတြကို ၾကည့္ရတာကေတာ့ ျမန္မာျပည္သူ အမ်ားစုကေတာ့ အာဆီယံကို အားမထားၾကပါဘူး။ အစကတည္းကလည္း သိပ္ၿပီးေတာ့ ေမွ်ာ္လင့္ခ်က္ မထားခဲ့ၾကပါဘူး။

ေျဖ ။ ။ အာဆီယံမွာ ဘံုသေဘာတူညီခ်က္ (၅) ခ်က္ ရိွပါတယ္။ ေသးငယ္တဲ့ႏုိင္ငံ ဘရူးႏိုင္းက အာဆီယံကို မႏွစ္က ဦးေဆာင္ခဲ့ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဒါကို ဘယ္လိုကိုင္တြယ္မယ္ဆိုတဲ့ တာဝန္ႀကီးတရပ္ကို ကိုင္တြယ္ခဲ့ရပါတယ္။ အဲဒီအခါ အခ်ိန္အေတာ္ေလး ေနွာင့္ေႏွးခဲ့ရၿပီး၊ ဘံုသေဘာတူညီမႈ (၅) ခ်က္ကို ေဆာင္ရြက္ႏုိင္ခဲ့တဲ့အတြက္ ဘရူးႏုိင္းက ဂုဏ္တက္စရာ ျဖစ္ခဲ့ရပါတယ္။ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြၾကား ေဆြးေႏြးညိွႏိႈင္းၿပီးမွ သေဘာတူထားတဲ့ မူေတြပါ။ အဲဒီ မူ (၅) ခ်က္ဟာ ျပင္းထန္တဲ့ မူေတြ မဟုတ္ေပမယ့္၊ အာဆီယံအေနနဲ႔ ေရွ ႔ကိုေရြ ႔ႏိုင္မယ့္ လမ္းေၾကာင္း ျဖစ္ပါတယ္။ ကုလသမဂၢနဲ႔ လံုၿခံဳေရးေကာင္စီတုိ႔ကလည္း ဒီအတြက္ အာဆီယံကို တာဝန္အပ္ႏွင္းထားတာပါ။ အဲဒီမူ (၅) ခ်က္နဲ႔ အေျခခံအခ်က္ကေတာ့ အာဆီယံကိုယ္စားလွယ္ ေစလႊတ္ဖို႔လည္း ပါပါတယ္။ အဲဒီကိုယ္စားလွယ္အဖြဲ႔ဟာ ျမန္မာျပည္ကို သြားေရာက္ၿပီး၊ ဘက္ေပါင္းစံုနဲ႔ ထိေတြ႔ဆက္ဆံဖို႔ ျဖစ္ပါတယ္။ ဒီဘံုသေဘာတူညီမႈဟာ အာဆီယံအေနနဲ႔ လုပ္ေဆာင္ႏုိင္တဲ့ တခုတည္းေသာ နည္းလမ္းလည္း ျဖစ္ပါတယ္။ ဟြန္ဆန္ရဲ ႔ ခရီးစဥ္ဟာ ဒီအာဆီယံမူေတြကို ခ်ဳိးေဖာက္ၿပီး ထိေရာက္မႈမရိွေအာင္ လုပ္လိုက္တာပါ။ အာဆီယံအေနနဲ႔ ဘာမွမတတ္ႏုိင္ေတာ့ပါဘူး။

ေမး ။ ။ ဆိုေတာ့ ဟြန္ဆန္က ျမန္မာႏုိင္ငံကို မသြားဘူး။ အာဆီယံရဲ ႔ ရပ္တည္ခ်က္မူကို မဖ်က္ဆီးဘူးဆိုရင္ေကာ အာဆီယံရဲ ႔ သေဘာတူညီခ်က္က ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္ လုပ္ႏုိင္မွာမို႔လို႔လဲ။ အာဆီယံကို စစ္ေကာင္စီက အစကတည္းက မူ (၅) ခ်က္ကို လက္မခံဘူးလို႔ ေျပာထားၿပီး ျဖစ္ပါတယ္။

ေျဖ ။ ။ အာဆီယံ မူ (၅) ခ်က္က အစကတည္းက ထိေရာက္မႈမရိွ ျဖစ္ေနခဲ့ပါတယ္။ မွန္ပါတယ္။ တကယ္ေတာ့ မင္းေအာင္လိႈင္က မူ (၅) ခ်က္ကို လက္ခံခဲ့ပါတယ္။ ဒါေပမဲ့ မလိုက္နာဘဲ ကတိဖ်က္လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ဒီသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဘရူးႏုိင္းအေနနဲ႔ မႏွစ္ကတည္းက အခက္အခဲေတြ ေတြ႔ခဲ့ရပါတယ္။ တနည္းေျပာရရင္ မင္းေအာင္လိႈင္က အာဆီယံကို လွည့္စားခဲ့တာပါ။ အခုေတာ့ ဟြန္ဆန္လုပ္ရပ္ေၾကာင့္ မင္းေအာင္လိႈင္အေနနဲ႔ ပိုခိုင္မာသြားပါၿပီ။ အခုေနာက္ပိုင္းမွာ အသစ္ခန္႔အပ္လာမယ့္ အာဆီယံသံတမန္ကို မင္းေအာင္လိႈင္က လက္ခံေကာင္း လက္ခံလာပါလိမ့္မယ္။ ဒါေပမဲ့ မင္းေအာင္လိႈင္ရဲ ႔ အလိုက်ျဖစ္သြားပါၿပီ။ တကယ္ေတာ့ အာဆီယံရဲ ႔ အလိုက် ျဖစ္ရမွာပါ။

ေမး ။ ။ ဒါေပမယ့္လည္း အာဆီယံရဲ ႔ အေျခခံကိုယ္ႏိႈက္က ဆံုးျဖတ္ခ်က္ခ်ဖို႔အတြက္ အမ်ားသေဘာတူညီမႈ Consensus ဆိုတာကို ရယူရမယ္လို႔ ဆိုထားေလေတာ့ အခု ကေမာၻဒီးယား ဥကၠ႒ ျဖစ္လာေတာ့ ဒီဥကၠ႒ ျဖစ္လာတာနဲ႔ အာဆီယံရဲ ႔ အေျခခံမႈဝါဒ ေျပာင္းလဲသြားႏုိင္တယ္လုိ႔မ်ား က်ေနာ္တို႔ တြက္လို႔ရမလား။ ျဖစ္ႏုိင္ပါ့မလား။

ေျဖ ။ ။ အခု အာဆီယံရဲ ႔ အေျခခံဖြဲ႔စည္းပံု အားနည္းခ်က္ကို ျပသလိုက္တာလို႔ ထင္ပါတယ္။ ဘံုသေဘာတူညီမႈ Consensus ကို အေျခခံဆံုးနည္းလမ္းဟာ ထိေရာက္မႈ မရိွႏိုင္ေတာ့ပါဘူး။ ဒီမူကို ေျပာင္းလဲဖို႔ တခုခုေတာ့ လုပ္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ အာဆီယံဟာ အသံုးမတည့္ ျဖစ္သြားပါလိမ့္မယ္။ ထိေရာက္မႈမရိွ ျဖစ္သြားပါလိမ့္မယ္။ အဓိပၸါယ္ကေတာ့ အင္အားအႀကီးဆံုးႏုိင္ငံက အေရးႀကီးတဲ့ အခန္းက႑ကေနၿပီ က်န္အဖြဲ႔ဝင္ႏုိင္ငံေတြအတြက္ ညိွႏိႈင္းေပးႏိုင္ေျခ၊ အေလွ်ာ့အတင္းလုပ္ႏုိင္ေျခ ဆံုးရွံဳးသြားႏိုင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အာဆီယံျပင္ပႏုိင္ငံေတြကို ၾကည့္မယ္ဆိုရင္ တရုတ္ႏုိင္ငံက အေတာ္ေလး အေရးႀကီးတဲ့ ႏုိင္ငံလို႔ ထင္ပါတယ္။ ဆိုေတာ့ စစ္ေကာင္စီအေနနဲ႔ အာဆီယံမူ (၅) ခ်က္ကို လက္သင့္ခံလိုက္နာလာေအာင္၊ တရုတ္အေနနဲ႔ နာခ်ႏုိင္လိမ့္မယ္၊ တြန္းအားေပးႏိုင္မယ့္ အေျခအေန ရိွတယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အေနာက္ႏုိင္ငံေတြထက္စာရင္ တရုတ္က အဓိကက်တဲ့ ႏုိင္ငံတခုပါ။ တရုတ္က NLD ဦးေဆာင္တဲ့ အစိုးရနဲ႔ ဆက္ဆံရတာ ေက်နပ္မႈရိွတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ျမန္မာႏုိင္ငံမွာ မဟာဗ်ဴဟာအရ၊ စီးပြားေရးအရ လုပ္ငန္းေဆာင္တာေတြလည္း အမ်ားႀကီး ရိွပါတယ္။ စစ္တပ္က အာဏာသိမ္းလိုက္ေတာ့ ဒါေတြအားလံုး ျပန္ညိွရမယ့္ အေျခအေန ျဖစ္သြားပါတယ္။ ဒါေပမဲ့ ျမန္မာစစ္ေကာင္စီကို ဖိအားေပးတဲ့အထိေတာ့ လုပ္လိမ့္မယ္ မထင္ပါဘူး။ တရုတ္အေနနဲ႔ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ ထြန္းကားေရးထက္ သူ႔အက်ဳိးစီးပြားကို ကာကြယ္ေရးသာ အဓိကထားမွာပါ။ အဲဒီအတြက္ တည္ၿငိမ္မႈကိုပဲ လိုခ်င္မွာပါ။ ဆိုေတာ့ စစ္ေကာင္စီအေနနဲ႔ အာဏာခ်ဳပ္ကိုင္ၿပီး တည္ၿငိမ္မႈ ေပးႏုိင္ရင္ တရုတ္က ဒီအတိုင္း ဆက္လိုက္သြားပါလိမ့္မယ္။ ဒါေပမဲ့ အတုိက္အခံေတြ ေတာ္လွန္ေရးအင္အားစုေတြဘက္က နယ္ေျမေတြကို ပိုမိုထိန္းခ်ဳပ္လာႏုိင္တယ္၊ ပိုၿပီးေအာင္ျမင္မႈ ရလာႏုိင္တယ္ဆိုရင္ေတာ့ တရုတ္သည္ပင္ အတိုက္အခံေတြနဲ႔ ထိေတြ႔ဆက္ဆံရံုမွတပါး ေရြးစရာတျခားနည္းလမ္းမရိွ ျဖစ္လာလိမ့္မယ္လို႔ ထင္ပါတယ္။ အာဆီယံလည္း ထိုနည္းအတုိင္းပဲ ျဖစ္လာပါလိမ့္မယ္။

====Unicode======

ကမ္ဘောဒီးယား ဦးဆောင်တဲ့ အာဆီယံနှင့် မြန်မာ့ပြဿနာ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကိုလက်ခံပြီး မကြာခင်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ဟာ ကမ္ဘာ့နိုင်ငံအများအပြားက လက်ရှောင်နေကြတဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီ အကြီးအကဲနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အားထုတ်မှုဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဝန်ကြီးချုပ် Hun Sen ရဲ့ ခရီးစဉ်ဟာ သူပြောသလို တကယ်ပဲ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အထောက်အပံ့ ဖြစ်စေပါသလား။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် (Chulalongkorn University) နိုင်ငံရေးသိပ္ပံပါမောက္ခ အရှေ့ တောင်အာရှရေးရာကျွမ်းကျင်သူ Thitinam Pongsudhirak (သီတီနမ် ပွန်ဆုဒီရာ့ခ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပါမောက္ခ သီတီနမ် ခင်ဗျား။ -- မကြာသေးခင်က ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ လူတော်တော်များများက ဒီခရီးစဉ်ကို တော်တော်ဝေဖန်ရှုတ်ချကြပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကလွဲပြီး ကျန်အစိုးရတွေက တရားဝင် ဒီကိစ္စကို ဝေဖန်တာ၊ ရှုတ်ချတာ မကြားရပါဘူး။ ဆိုတော့ ဒီခရီးစဉ်ကို အဲဒီအာဆီယံနိုင်ငံတွေက လက်ခံတယ်။ သဘောတူတယ်လို့ ကျနော်တို့ ယူဆရမလား။

ဖြေ ။ ။ မဟုတ်ပါဘူး။ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ Hun Sen က အာဆီယံရဲ့ ဂုဏ်သတင်းနဲ့ သိက္ခာကို သူ့ရဲ့ကိုယ်ပိုင်အကြံအစည်အတွက် အသုံးချတာ ဖြစ်ပါတယ်။ သူဟာ သူ့အတွက် နာမည်ကောင်းနဲ့ ဂုဏ်သတင်းကောင်းတွေ တွင်ကျန်ရစ်စေချင်တာ သေချာပါတယ်။ သူဟာ သူ့ရဲ့အာဏာရပါတီခေါင်းဆောင်မှုကို သူ့ရဲ့သား ဟွန်မွန်နက် (Hun Munet) က လွှဲပြောင်းပေးဖို့ လုပ်နေတာပါ။ ဟွန်ဆန်အတွက်က နောက်ထပ် (၆) နှစ် ကျန်ပါသေးတယ်။ အခုတကြိမ်က သူက ပါတီကို ခေါင်းဆောင်ခွင့်ရတာ နောက်ဆုံးတကြိမ်လည်း ဖြစ်ပါတယ်။ အခုတော့ သူဟာ မင်းအောင်လှိုင်ကို သွားတွေ့ပြီး စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံရဲ့ ရပ်တည်ချက်ကို ဖြိုဖျက်လိုက်တာ၊ သစ္စာဖောက်လိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ ဒါက ဟွန်ဆန်ရဲ့ အကြံအစည်၊ ဟွန်ဆန်ရဲ့ ရည်ရွယ်ချက်ပေါ့။ အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတွေရဲ့ ဒီကိစ္စအပေါ် ရပ်တည်ချက်ကိုလည်း သုံးသပ်ပါအုံး။

ဖြေ ။ ။ အာဆီယံရဲ့ တခြားနိုင်ငံတွေက ဒါကို သဘောတူတယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ အများစုကတော့ လောလောဆယ်မှာ နှုတ်ဆိတ်မှုနဲ့ တုံ့ပြန်နေကြပါတယ်။ ဒါပေမဲ့ ကွယ်ရာမှာတော့ ဒီလိုလုပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေကြမယ် ထင်ပါတယ်။ တကယ်တော့ အာဆီယံက အခုကတည်းက ပြတ်ပြတ်သားသား စိတ်ဝမ်းကွဲနေကြတာပါ။ အင်ဒိုနီးရှားဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ဆိုတဲ့ သဘောထားကို ပြင်းပြင်းထန်ထန် ပြသနေတာ ဖြစ်ပါတယ်။ မနှစ်ကတည်းက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်တို့က တဘက် ကျန်းမာရေး အကူအညီ အထောက်အပံ့တွေပေးဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ရပ်ဆိုင်းရုံတင်မက ဖေဖေါ်ဝါရီလဆန်း အာဏာမသိမ်းခင်က ရှိခဲ့တဲ့ အလုပ်ဖြစ်နေခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ တောင်းဆိုလာခဲ့ကြတာပါ။ ဒီလေးနိုင်ငံက တစ်အုပ်စုပါ။

မေး ။ ။ ဒါကတော့ ဒီမိုကရေစီကို လိုလားတဲ့ အာဆီယံနိုင်ငံတွေပေါ့။ ဆိုတော့ မြန်မာ့အိမ်နီးချင်း။ မြန်မာနိုင်ငံအတွက်လည်း သိပ်အရေးကြီးတဲ့ ထိုင်းနိုင်ငံရဲ့ သဘောထားကိုလည်း သိပါရစေ။ ထိုင်းနိုင်ငံအစိုးရကလည်း စစ်အာဏာသိမ်းပြီးတော့ ဒီမိုကရေစီအသွင် ပြောင်းထားတဲ့ အစိုးရဆိုတော့ ဒီအစိုးရရဲ့ မြန်မာစစ်ကောင်စီအပေါ် သဘောထားကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်က စိတ်ပျက်ဖို့ကောင်းပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံကလည်း အဲဒီလေးနိုင်ငံဘက်က ရပ်တည်သင့်ပါတယ်။ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ တောင်းဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ ကြားနေရေးလမ်းကို ရွေးခဲ့ပါတယ်။ ရင်မဆိုင်ဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့ပါတယ်။

မေး ။ ။ ကျန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ ။ ။ ကျန်နိုင်ငံတွေကတော့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ နိုင်ငံတွေပါ။ သူတို့ဟာ စစ်ကောင်စီ၊ စစ်တပ်ကို စာနာမယ်လို့လဲ ယူဆနိုင်ပါတယ်။ ဒီအချိန်မှာ ဟွန်ဆန်ရဲ့ လုပ်ရပ်ဟာ သူ့ရဲ့ သြဇာအရှိန်အဝါ တိုးချဲ့ရာမှာ အာဆီယံကို အသုံးချဖို့ အားထုတ်မှု ဖြစ်ပါတယ်။ သူက ခပ်တုံးတုံးတော့ မဟုတ်ပါဘူး။ သူလိုချင်တာကို ကြံဖန်လုပ်နိုင်ပါတယ်။ ရက်ရက်စက်စက်လည်း လုပ်တတ်ပါတယ်။ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြု လက်ခံပြီး၊ ရှေ့ဆက်သွားဖို့ သူ မျှော်လင့်ထားပုံ ရပါတယ်။ ဒါဟာ အာဆီယံကို ခုတုံးလုပ်ပြီး သိပ်အန္တရာယ်များတဲ့ Game ကို ကစားဖို့ သူလုပ်နေတာပါ။ ဘာကြောင့်လဲဆိုရင် စစ်အစိုးရကို တရားဝင်အသိအမှတ်ပြု လက်ခံလိုက်ရင် စစ်တပ်အနေနဲ့ သူ့ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ တိုက်တွန်းအားပေးလိုက်တာပဲ ဖြစ်သွားမှာပါ။

မေး ။ ။ တကယ်တော့ မြန်မာနိုင်ငံကို အာဆီယံဝင်ဖို့ လက်ခံခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရလက်အောက်မှာ ရှိနေခဲ့တာပါ။ ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။ ဆိုတော့ အဲဒီတုန်းကလည်း အာဆီယံကလည်း လက်ခံခဲ့တယ်။ နာချဖို့၊ ဖြောင့်ဖျဖို့ ကြိုးစားခဲ့တယ်။ အခုအခြေအနေနဲ့ ဘယ်လိုများကွာသလဲ။ နှိုင်းယှဉ်ပေးပါ။

ဖြေ ။ ။ အခုအခြေအနေကတော့ ထူးခြားပါတယ်။ စစ်အာဏာသိမ်းမှုဟာ ၁၉၆၂၊ ၁၉၈၈ တို့လို အောင်မြင်ခဲ့မယ်ဆိုရင်တော့ ပုံစံတမျိုး ဖြစ်ပါလိမ့်မယ်။ အာဆီယံကလည်း စစ်အစိုးရလက်အောက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရမှာပါပဲ။ ဒါပေမဲ့ အခုတကြိမ်မှာတော့ စစ်အာဏာသိမ်းမှုက မအောင်မြင်ပါဘူး။ စစ်ကောင်စီဟာ အာဏာကို သိမ်းယူပေမယ့်၊ နိုင်ငံကို မချုပ်ကိုင်နိုင်ပါဘူး။ နိုင်ငံတဝှမ်း ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆိုတော့ ဒါဟာ အာဆီယံနိုင်ငံတွေအတွက် သိပ်ကိုထူးခြားပါတယ်။ အာဆီယံဟာ နှစ်ဘက်စလုံးနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ NUG အပါအဝင် အရပ်သားအုပ်ချုပ်ရေးတွေ၊ PDF တွေ၊ EAO ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ CDM လှုပ်ရှားမှုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံရမှာပါ။ သူတို့ဟာ အာဏာလက်ကိုင် မရှိပေမယ့်၊ Shadow Civilian Government အတိုက်အခံအရပ်သား အစိုးရပါ။ သူတို့ဟာ တိုင်းပြည်နေရာ အတော်များများကို ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေမှာ ဟွန်ဆန်က မင်းအောင်လှိုင်တို့ စစ်ကောင်စီကို အသိအမှတ်ပြုဖို့လုပ်တာ အာဆီယံလုပ်နိုင်တဲ့ အခန်းကဏ္ဍကို ဖျက်ဆီးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

မေး ။ ။ ဆိုတော့ အာဆီယံလုပ်နိုင်တဲ့ အခန်းကဏ္ဍဆိုလို့ အာဆီယံလုပ်နိုင်တဲ့ အခန်းကဏ္ဍက ဘယ်လောက်များ ထိရောက်မှု ရှိနိုင်လို့လဲ။ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို ကြည့်ရတာကတော့ မြန်မာပြည်သူ အများစုကတော့ အာဆီယံကို အားမထားကြပါဘူး။ အစကတည်းကလည်း သိပ်ပြီးတော့ မျှော်လင့်ချက် မထားခဲ့ကြပါဘူး။

ဖြေ ။ ။ အာဆီယံမှာ ဘုံသဘောတူညီချက် (၅) ချက် ရှိပါတယ်။ သေးငယ်တဲ့နိုင်ငံ ဘရူးနိုင်းက အာဆီယံကို မနှစ်က ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒါကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ တာဝန်ကြီးတရပ်ကို ကိုင်တွယ်ခဲ့ရပါတယ်။ အဲဒီအခါ အချိန်အတော်လေး နှောင့်နှေးခဲ့ရပြီး၊ ဘုံသဘောတူညီမှု (၅) ချက်ကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘရူးနိုင်းက ဂုဏ်တက်စရာ ဖြစ်ခဲ့ရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးညှိနှိုင်းပြီးမှ သဘောတူထားတဲ့ မူတွေပါ။ အဲဒီ မူ (၅) ချက်ဟာ ပြင်းထန်တဲ့ မူတွေ မဟုတ်ပေမယ့်၊ အာဆီယံအနေနဲ့ ရှေ့ကိုရွေ့နိုင်မယ့် လမ်းကြောင်း ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီတို့ကလည်း ဒီအတွက် အာဆီယံကို တာဝန်အပ်နှင်းထားတာပါ။ အဲဒီမူ (၅) ချက်နဲ့ အခြေခံအချက်ကတော့ အာဆီယံကိုယ်စားလှယ် စေလွှတ်ဖို့လည်း ပါပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို သွားရောက်ပြီး၊ ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒီဘုံသဘောတူညီမှုဟာ အာဆီယံအနေနဲ့ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ ဒီအာဆီယံမူတွေကို ချိုးဖောက်ပြီး ထိရောက်မှုမရှိအောင် လုပ်လိုက်တာပါ။ အာဆီယံအနေနဲ့ ဘာမှမတတ်နိုင်တော့ပါဘူး။

မေး ။ ။ ဆိုတော့ ဟွန်ဆန်က မြန်မာနိုင်ငံကို မသွားဘူး။ အာဆီယံရဲ့ ရပ်တည်ချက်မူကို မဖျက်ဆီးဘူးဆိုရင်ကော အာဆီယံရဲ့ သဘောတူညီချက်က ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မှာမို့လို့လဲ။ အာဆီယံကို စစ်ကောင်စီက အစကတည်းက မူ (၅) ချက်ကို လက်မခံဘူးလို့ ပြောထားပြီး ဖြစ်ပါတယ်။

ဖြေ ။ ။ အာဆီယံ မူ (၅) ချက်က အစကတည်းက ထိရောက်မှုမရှိ ဖြစ်နေခဲ့ပါတယ်။ မှန်ပါတယ်။ တကယ်တော့ မင်းအောင်လှိုင်က မူ (၅) ချက်ကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မလိုက်နာဘဲ ကတိဖျက်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဘရူးနိုင်းအနေနဲ့ မနှစ်ကတည်းက အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ တနည်းပြောရရင် မင်းအောင်လှိုင်က အာဆီယံကို လှည့်စားခဲ့တာပါ။ အခုတော့ ဟွန်ဆန်လုပ်ရပ်ကြောင့် မင်းအောင်လှိုင်အနေနဲ့ ပိုခိုင်မာသွားပါပြီ။ အခုနောက်ပိုင်းမှာ အသစ်ခန့်အပ်လာမယ့် အာဆီယံသံတမန်ကို မင်းအောင်လှိုင်က လက်ခံကောင်း လက်ခံလာပါလိမ့်မယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ အလိုကျဖြစ်သွားပါပြီ။ တကယ်တော့ အာဆီယံရဲ့ အလိုကျ ဖြစ်ရမှာပါ။

မေး ။ ။ ဒါပေမယ့်လည်း အာဆီယံရဲ့ အခြေခံကိုယ်နှိုက်က ဆုံးဖြတ်ချက်ချဖို့အတွက် အများသဘောတူညီမှု Consensus ဆိုတာကို ရယူရမယ်လို့ ဆိုထားလေတော့ အခု ကမ္ဘောဒီးယား ဥက္ကဋ္ဌ ဖြစ်လာတော့ ဒီဥက္ကဋ္ဌ ဖြစ်လာတာနဲ့ အာဆီယံရဲ့ အခြေခံမှုဝါဒ ပြောင်းလဲသွားနိုင်တယ်လို့များ ကျနော်တို့ တွက်လို့ရမလား။ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ အခု အာဆီယံရဲ့ အခြေခံဖွဲ့စည်းပုံ အားနည်းချက်ကို ပြသလိုက်တာလို့ ထင်ပါတယ်။ ဘုံသဘောတူညီမှု Consensus ကို အခြေခံဆုံးနည်းလမ်းဟာ ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ဒီမူကို ပြောင်းလဲဖို့ တခုခုတော့ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အာဆီယံဟာ အသုံးမတည့် ဖြစ်သွားပါလိမ့်မယ်။ ထိရောက်မှုမရှိ ဖြစ်သွားပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ အင်အားအကြီးဆုံးနိုင်ငံက အရေးကြီးတဲ့ အခန်းကဏ္ဍကနေပြီ ကျန်အဖွဲ့ဝင်နိုင်ငံတွေအတွက် ညှိနှိုင်းပေးနိုင်ခြေ၊ အလျှော့အတင်းလုပ်နိုင်ခြေ ဆုံးရှုံးသွားနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ အာဆီယံပြင်ပနိုင်ငံတွေကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက အတော်လေး အရေးကြီးတဲ့ နိုင်ငံလို့ ထင်ပါတယ်။ ဆိုတော့ စစ်ကောင်စီအနေနဲ့ အာဆီယံမူ (၅) ချက်ကို လက်သင့်ခံလိုက်နာလာအောင်၊ တရုတ်အနေနဲ့ နာချနိုင်လိမ့်မယ်၊ တွန်းအားပေးနိုင်မယ့် အခြေအနေ ရှိတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အနောက်နိုင်ငံတွေထက်စာရင် တရုတ်က အဓိကကျတဲ့ နိုင်ငံတခုပါ။ တရုတ်က NLD ဦးဆောင်တဲ့ အစိုးရနဲ့ ဆက်ဆံရတာ ကျေနပ်မှုရှိတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ မဟာဗျူဟာအရ၊ စီးပွားရေးအရ လုပ်ငန်းဆောင်တာတွေလည်း အများကြီး ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တော့ ဒါတွေအားလုံး ပြန်ညှိရမယ့် အခြေအနေ ဖြစ်သွားပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးတဲ့အထိတော့ လုပ်လိမ့်မယ် မထင်ပါဘူး။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးထက် သူ့အကျိုးစီးပွားကို ကာကွယ်ရေးသာ အဓိကထားမှာပါ။ အဲဒီအတွက် တည်ငြိမ်မှုကိုပဲ လိုချင်မှာပါ။ ဆိုတော့ စစ်ကောင်စီအနေနဲ့ အာဏာချုပ်ကိုင်ပြီး တည်ငြိမ်မှု ပေးနိုင်ရင် တရုတ်က ဒီအတိုင်း ဆက်လိုက်သွားပါလိမ့်မယ်။ ဒါပေမဲ့ အတိုက်အခံတွေ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေတွေကို ပိုမိုထိန်းချုပ်လာနိုင်တယ်၊ ပိုပြီးအောင်မြင်မှု ရလာနိုင်တယ်ဆိုရင်တော့ တရုတ်သည်ပင် အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံရုံမှတပါး ရွေးစရာတခြားနည်းလမ်းမရှိ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အာဆီယံလည်း ထိုနည်းအတိုင်းပဲ ဖြစ်လာပါလိမ့်မယ်။

==== Unicode===

#ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်

#Chulalongkorn University #နိုင်ငံရေးသိပ္ပံပါမောက္ခ

#အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ #Thitinam Pongsudhirak

#သီတီနမ်ပွန်ဆုဒီရချ် #ဟွန်ဆန် #Hun Sen #ဟန်မွန်နက်

#Hun Munet #ASEAN #အာဆီယံ #အာဆီယံမူ #တရုတ် #China #NUG, #EAOs #PDF

XS
SM
MD
LG