သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္ကို ျမန္မာစစ္ဘက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ စကၤပူဝန္ႀကီးခ်ဳပ္ တိုက္တြန္း


စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္း အာဆီယံအြန္လိုင္းမိန္႔ခြန္း ေျပာၾကားစဥ္။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံအတြင္း ရွိျဖစ္ေပၚေနတဲ့ ေသြးထြက္သံယိုမႈေတြ အဆုံးသတ္ေရး အာဆီယံက ၾကားဝင္ေဆာင္ရြက္ဖို႔ ခန္႔အပ္ထားတဲ့ အထူးကိုယ္စားလွယ္နဲ႔ ျမန္မာစစ္တပ္အေနနဲ႔ အျမန္ဆုံး အျပည့္အဝ ပူးေပါင္းေဆာင္ရြက္ဖို႔ စကၤာပူ၀န္ႀကီးခ်ဳပ္ Lee Hsien Loong က တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္း ဒုတိယ ႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof အေနနဲ႔ သက္ဆိုင္သူေတြနဲ႔ ေတြ႔ဆုံၿပီး ၾကားဝင္ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ခြင့္ရေရး အပါအဝင္ အာဆီယံနဲ႔ ျမန္မာစစ္ေကာင္စီၾကားရရွိထားတဲ့ သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ေႏွးေကြးေနတာေတြကို ဝန္ႀကီးခ်ဳပ္ Lee Hsien Loong က ေထာက္ျပၿပီး အဲဒီလို လုပ္ေဆာင္ဖို႔ ပ်က္ကြက္မႈေတြဟာ ျမန္မာျပည္သူေတြအတြက္သာမကဘဲ စည္းမ်ဥ္း စည္းကမ္းေတြအေပၚ အေျခခံရပ္တည္တဲ့ အာဆီယံအဖြဲ႔ရဲ႕ ဂုဏ္သိကၡာကိုပါ ထိခိုက္ေစတယ္လို႔ ေျပာပါတယ္။

ဒီကေန႔ စတင္က်င္းပတဲ့ အာဆီယံထိပ္သီးစည္းေဝးပြဲကို အြန္လိုင္းကေနေျပာၾကားတဲ့ မိန္႔ခြန္းအတြင္း စကၤာပူဝန္ႀကီးခ်ဳပ္က အဲဒီလို ထည့္သြင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြင္းက အေျခအေနေတြအေပၚ သူတို႔အေနနဲ႔ အထူး စိုးရိမ္ပူပန္ေၾကာင္း၊ ျမန္မာႏိုင္ငံအတြက္ အာဆီယံက အျပဳသေဘာေဆာင္ၿပီး ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ ၾကားဝင္ေဆာင္ရြက္ေပးေနမႈအေပၚ စကၤာပူႏိုင္ငံက ေထာက္ခံေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ Lee Hsien Loong က ေျပာပါတယ္။

ဒီအေတာအတြင္း ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာေထာက္ထားတဲ့ အကူအညီေတြ အာဆီယံႏိုင္ငံေတြက ဆက္လက္ ပံ့ပိုးေပးသင့္ေၾကာင္း အာဆီယံလူသားခ်င္းစာမႈအကူအညီေပးေရး ပူးေပါင္းေဆာင္ရြက္ေရးဌာနက ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

အာဆီယံကိုယ်စားလှယ်ကို မြန်မာစစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့ စင်္ကပူဝန်ကြီးချုပ် တိုက်တွန်း

မြန်မာနိုင်ငံအတွင်း ရှိဖြစ်ပေါ်နေတဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ရေး အာဆီယံက ကြားဝင်ဆောင်ရွက်ဖို့ ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်တပ်အနေနဲ့ အမြန်ဆုံး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof အနေနဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံပြီး ကြားဝင် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခွင့်ရရေး အပါအဝင် အာဆီယံနဲ့ မြန်မာစစ်ကောင်စီကြားရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နှေးကွေးနေတာတွေကို ဝန်ကြီးချုပ် Lee Hsien Loong က ထောက်ပြပြီး အဲဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်မှုတွေဟာ မြန်မာပြည်သူတွေအတွက်သာမကဘဲ စည်းမျဉ်း စည်းကမ်းတွေအပေါ် အခြေခံရပ်တည်တဲ့ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ပြောပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲကို အွန်လိုင်းကနေပြောကြားတဲ့ မိန့်ခွန်းအတွင်း စင်္ကာပူဝန်ကြီးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အခြေအနေတွေအပေါ် သူတို့အနေနဲ့ အထူး စိုးရိမ်ပူပန်ကြောင်း၊ မြန်မာနိုင်ငံအတွက် အာဆီယံက အပြုသဘောဆောင်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ကြားဝင်ဆောင်ရွက်ပေးနေမှုအပေါ် စင်္ကာပူနိုင်ငံက ထောက်ခံကြောင်းလည်း ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။

ဒီအတောအတွင်း မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အာဆီယံနိုင်ငံတွေက ဆက်လက် ပံ့ပိုးပေးသင့်ကြောင်း အာဆီယံလူသားချင်းစာမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေးဌာနက ပြောကြားလိုက်ပါတယ်။

#MyanmarASEAN #ASEANenovyMyanmar #MyanmarSigapore #LeeHseinLoong #VOABurmese

#စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း#မြန်မာစစ်ဘက်

XS
SM
MD
LG