သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဒုသမၼတ Kamala Harrisနဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္ ျမန္မာ့အက်ပ္အတည္းေဆြးေႏြး


အေမရိကန္ဒုသမၼတ Kamala Harris နဲ႔စကၤပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong

Zawgyi/Unicode

အေရွ႕ေတာင္အာရွေခရီးစဥ္နဲ႔ စကၤာပူကိုေရာက္ရွိေနတဲ့ အေမရိကန္ ဒုသမၼတ Kamala Harris က ျမန္မာႏိုင္ငံ ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ေရးမွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ မျဖစ္မေန ကူညီဖို႔ လိုအပ္တယ္ဆိုတာကို စကာၤပူ ဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးခဲ့ပါတယ္။

“ျပည္တြင္းမွာေရာ ျပည္ပႏိုင္ငံေတြမွာပါ လူ႔အခြင့္အေရး တိုးၿပီး ေလးစားလိုက္နာဖို႔ အေမရိကန္ ျပည္ေထာင္စုက အေလးအနက္ထားပါတယ္။ ဒီေန႔ အစည္းအေဝးမွာ ျမန္မာႏိုင္ငံရဲ႕ အၾကပ္အတည္းေတြကို ဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးပါတယ္။” လို႔ စကာၤပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ အတူ ပူးတြဲ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဒုသမၼတKamala Harris ေျပာဆိုသြားတာပါ။

ျမန္မာႏိုင္ငံ ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ေရးအတြက္ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ အေရးပါတဲ့အခန္း႑အေၾကာင္းကိုလည္း ေဆြးေႏြးခဲ့တယ္လို႔လည္း ဒုသမၼတ Harris က ထည့္သြင္းေျပာဆိုပါတယ္။ အင္ဒို ပစိဖိတ္ေဒသကို လြတ္လပ္ပြင့္လင္းတဲ့ ေဒသတခုျဖစ္ေရး ေမွ်ာ္မွန္းခ်က္ေတြကို ဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ေဆြးေႏြးေျပာဆိုခဲ့တဲ့အေၾကာင္း ဒုသမၼတ Harris က အေလးအနက္ ေျပာဆိုပါတယ္။

အေရွ႕ေတာင္အာရွေဒသတြင္း အေမရိကန္ ျပည္ေထာင္စုရဲ႕ ကတိကဝတ္ေတြကို အေလးအနက္အထား ေျပာဆိုတဲ့အခ်ိန္တည္းမွာ ေတာင္တ႐ုတ္ ပင္လယ္အေရးနဲ႔ ပတ္သက္လို႔ ေရေၾကာင္းသြားလာမႈေတြမွာ စဥ္းမ်ဥ္းအေျခခံတဲ့ ႏိုင္ငံကာစနစ္တရပ္ထားရွိေရး ကိစၥကို ဒုသမၼတ Harris က ဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ကမာၻ႔ဦးစီးဦးေဆာင္ ႏိုင္ငံျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဒါကို အေလးအနက္ထားတယ္လို႔လည္း ဒုသမၼတ Harris က ေျပာပါတယ္။

တနလၤာေန႔က စကၤာပူဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးပြဲမွာ ဥတုရာသီ ေျပာင္းလဲမႈ တိုက္ဖ်က္ေရးကိစၥနဲ႔ကပ္ေရာဂါတုိက္ဖ်က္တားဆီးေရးကိစၥေတြလည္း အဓိက ပါဝင္ ပါတယ္။ဒုသမၼတ Kamala Harris ရဲ႕ဒီခရီးစဥ္အတြင္း စကာၤပူႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔လည္း အဂၤါေန႔မွာ ေတြ႔ဆုံဖို႔ရွိသလို ညေနပိုင္းမွာေတာ့ ဗီယက္နမ္ႏိုင္ငံကို ခရီးဆက္မွာျဖစ္ပါတယ္။

======

တိုက္႐ိုက္ လင့္ခ္


Unicode

ကန်ဒုသမ္မတ Kamala Harrisနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အကျပ်အတည်းဆွေးနွေး

အရှေ့တောင်အာရှခေရီးစဉ်နဲ့ စင်္ကာပူကိုရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris က မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေ ကူညီဖို့ လိုအပ်တယ်ဆိုတာကို စကာၤပူ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါတယ်။

“ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ လူ့အခွင့်အရေး တိုးပြီး လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက အလေးအနက်ထားပါတယ်။ ဒီနေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေကို ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပါတယ်။” လို့ စကာၤပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုသမ္မတKamala Harris ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးပါတဲ့အခန်းဏ္ဍအကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း ဒုသမ္မတ Harris က ထည့်သွင်းပြောဆိုပါတယ်။ အင်ဒို ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းတဲ့ ဒေသတခုဖြစ်ရေး မျှော်မှန်းချက်တွေကို ဝန်ကြီးချုပ် Lee Hsien Loong နဲ့ဆွေးနွေးပြောဆိုခဲ့တဲ့အကြောင်း ဒုသမ္မတ Harris က အလေးအနက် ပြောဆိုပါတယ်။

အရှေ့တောင်အာရှဒေသတွင်း အမေရိကန် ပြည်ထောင်စုရဲ့ ကတိကဝတ်တွေကို အလေးအနက်အထား ပြောဆိုတဲ့အချိန်တည်းမှာ တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်လို့ ရေကြောင်းသွားလာမှုတွေမှာ စဉ်းမျဉ်းအခြေခံတဲ့ နိုင်ငံကာစနစ်တရပ်ထားရှိရေး ကိစ္စကို ဒုသမ္မတ Harris က ဝန်ကြီးချုပ် Lee Hsien Loong နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့ဦးစီးဦးဆောင် နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒါကို အလေးအနက်ထားတယ်လို့လည်း ဒုသမ္မတ Harris က ပြောပါတယ်။

တနင်္လာနေ့က စင်္ကာပူဝန်ကြီးချုပ်နဲ့ ဆွေးနွေးပွဲမှာ ဥတုရာသီ ပြောင်းလဲမှု တိုက်ဖျက်ရေးကိစ္စနဲ့ကပ်ရောဂါတိုက်ဖျက်တားဆီးရေးကိစ္စတွေလည်း အဓိက ပါဝင် ပါတယ်။ဒုသမ္မတ Kamala Harris ရဲ့ဒီခရီးစဉ်အတွင်း စကာၤပူနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း အင်္ဂါနေ့မှာ တွေ့ဆုံဖို့ရှိသလို ညနေပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

#Covid#International#ထိုင်ဝမ်#မြန်မာ#အင်ဒိုနီးရှား#တရုတ်#VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG