သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္အထူးကိုယ္စားလွယ္ခန္႔ဖို႔ အေမရိကန္၊ အာဆီယံစီးပြားေရးေကာင္စီ ေတာင္းဆို


အေမရိကန္၊ အာဆီယံစီးပြားေရးေကာင္စီ (US-ASEAN Business Council )

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရက အထူးသံတမန္ တဦးကို ခန္႔အပ္ေပးဖို႔ အေမရိကန္- အာဆီယံ စီးပြားေရးေကာင္စီက ေတာင္းဆိုလိုက္ပါတယ္။

ပုဂၢလိက အဖြဲ႔အစည္းတခုျဖစ္တဲ့ အေမရိကန္ -အာဆီယံ စီးပြားေရးေကာင္စီဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီေရးနဲ႔ လူမႈအသိုင္းဝိုင္းဖြ႕ံၿဖိဳး တိုးတက္ေရးအတြက္ ပံ့ပိုးေပးဖို႔ ႏိုင္ငံတြင္း အေျခခံအေဆာက္အအံုေတြ၊ တရားေရးနဲ႔ မူဝါဒမူေဘာင္ေတြ တိုးတက္ဖို႔အျပင္ အားလံုးပါဝင္တဲ့ ေရရွည္စီးပြါးေရးဖြ႕ံၿဖိဳးဖို႔ပါ အကူညီေပးေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းလိုက္တာေၾကာင့္ ရရွိေနတဲ့ ႏိုင္ငံေရး စီးပြားေရး တိုးတက္မႈေလးေတြပါ အကုန္ျပန္ဆုတ္ယုတ္မယ့္ အႏၲရာယ္ ၾကံဳေနရတာေၾကာင့္ ဒီအေျခေနကို ေျဖရွင္းဖို႔ သမၼတဘိုင္ဒန္ အစိုးရက ျပတ္ျပတ္သားသား ဦးေဆာင္ေပး ဖို႔ အေမရိကန္- အာဆီယံ စီးပြားေရးေကာင္စီက ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ၿပီး ပန္ၾကားလိုက္တာ ျဖစ္ပါတယ္။

အေမရိကန္အစိုးရက ေမွ်ာ္မွန္းေဆာင္ရြက္ေနတဲ့ အင္ဒို- ပစိဖိတ္ေဒသ ဦးစားေပးမႈမွာ စိန္ေခၚမႈ တရပ္အေနနဲ႔ ျမန္မာႏိုင္ငံ့ အေရးကို အျမန္ဆံုး ရႈျမင္ ေျဖရွင္းမယ္ ဆိုရင္ ေဒသတြင္း ႏိုင္ငံေရး၊ လံုျခံဳေရး၊ လူသားခ်င္းစာနာေရးနဲ႔ စီးပြားေရး လို က႑ေတြ အတြက္ သက္ဆုိင္ရာ အဖြဲ႔အစည္း အသီးသီးရဲ႕ စိုးရိမ္မႈေတြအတြက္ အျမန္အဆင္ေျပလာႏိုင္ေၾကာင္းလည္း အၾကံေပးထားပါတယ္။

အခုလို အေမရိကန္- အာဆီယံ စီးပြားေရးေကာင္စီရဲ႕ ေတာင္းဆိုမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ သေဘာထားကို ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကေမးျမန္းတဲ့ အခါမွာေတာ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန လက္ေထာက္ေျပာခြင့္ရ Jalina Porter က လက္ရွိမွာေတာ့ အေမရိကန္အစိုးရအေနနဲ႔ တစံုတရာ ေၾကညာေျပာၾကားဖို႔ မရွိေသးေၾကာင္း ျပန္ၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာ့အရေး အမေရိကန်အထူးကိုယ်စားလှယ်ခန့်ဖို့ အမေရိကန်၊ အာဆီယံစီးပွားရေးကောင်စီ တောင်းဆို
(Unicode)

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးသံတမန် တဦးကို ခန့်အပ်ပေးဖို့ အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

ပုဂ္ဂလိက အဖွဲ့အစည်းတခုဖြစ်တဲ့ အမေရိကန် -အာဆီယံ စီးပွားရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ လူမှုအသိုင်းဝိုင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ပံ့ပိုးပေးဖို့ နိုင်ငံတွင်း အခြေခံအဆောက်အအုံတွေ၊ တရားရေးနဲ့ မူဝါဒမူဘောင်တွေ တိုးတက်ဖို့အပြင် အားလုံးပါဝင်တဲ့ ရေရှည်စီးပွါးရေးဖွံ့ဖြိုးဖို့ပါ အကူညီပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ရရှိနေတဲ့ နိုင်ငံရေး စီးပွားရေး တိုးတက်မှုလေးတွေပါ အကုန်ပြန်ဆုတ်ယုတ်မယ့် အန္တရာယ် ကြုံနေရတာကြောင့် ဒီအခြေနေကို ဖြေရှင်းဖို့ သမ္မတဘိုင်ဒန် အစိုးရက ပြတ်ပြတ်သားသား ဦးဆောင်ပေး ဖို့ အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက မျှော်မှန်းဆောင်ရွက်နေတဲ့ အင်ဒို- ပစိဖိတ်ဒေသ ဦးစားပေးမှုမှာ စိန်ခေါ်မှု တရပ်အနေနဲ့ မြန်မာနိုင်ငံ့ အရေးကို အမြန်ဆုံး ရှုမြင် ဖြေရှင်းမယ် ဆိုရင် ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ လူသားချင်းစာနာရေးနဲ့ စီးပွားရေး လို ကဏ္ဍတွေ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ စိုးရိမ်မှုတွေအတွက် အမြန်အဆင်ပြေလာနိုင်ကြောင်းလည်း အကြံပေးထားပါတယ်။

အခုလို အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ သဘောထားကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကမေးမြန်းတဲ့ အခါမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ Jalina Porter က လက်ရှိမှာတော့ အမေရိကန်အစိုးရအနေနဲ့ တစုံတရာ ကြေညာပြောကြားဖို့ မရှိသေးကြောင်း ပြန်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG