သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္မ်ား ဘံုသေဘာထားရရွိ


ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး က်င္းပေနတဲ့ျမင္ကြင္း။ (ဧၿပီ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

အမ်ားေမွ်ာ္လင့္ေနတဲ့ ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး ၿပီးဆံုးသြားပါၿပီ။ ျမန္မာစစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကုိယ္တိ္ုင္ တက္ေရာက္ၿပီး အာဆီယံေခါင္းေဆာင္ေတြရဲ႕ ျမန္မာ့အေရး စိုးရိမ္ခ်က္ေတြကို နားေထာင္ခဲ့ပါတယ္။ ဒီအစည္းအေဝးကေန အာဆီယံရဲ႕ ျမန္မာ့အေရး ဘံုသေဘာတူညီခ်က္မႈတရပ္ ထြက္လာတယ္ ဆုိေပမယ့္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ဒီအစည္းအေဝးဟာ ေအာင္ျမင္တယ္လို႔ မယူဆပါဘူး။ အျပည့္အစုံကုိ ကိုသားၫြန္႔ဦး တင္ဆက္ေပးထားပါတယ္။

အစည္းအေဝးအတြင္း အိမ္ရွင္ အင္ဒိုနီးရွားႏိုင္ငံရဲဲ႕ သမၼတ Joko Widodo က ျမန္မာ့အေရး အာဆီယံ အထူးကိုယ္စားလွယ္ ထားရွိဖို႔ကိစၥကို တိုက္တြန္းေျပာဆိုခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

အင္ဒိုနီးရွားသမၼတ Joko Widodo က အင္ဒိုနီးရွားဘာသာစကားနဲ႔ သူ႕ေၾကညာခ်က္ကို ဖတ္ျပခဲ့တာပါ။

အင္ဒိုနီးရွားသမၼတရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ စစ္တပ္က အၾကမ္းဖက္မႈေတြကို ရပ္ဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔၊ ေဆြးေႏြးပဲြေတြ ခ်က္ခ်င္းလုပ္ဖို႔၊ အာဆီယံ အထူးကိုယ္စားလွယ္တဦး ထားရွိဖို႔နဲ႔ အာဆီယံ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ကမကထလုပ္တဲ့ လူသားခ်င္း စာနာကူညီမႈ လုပ္ငန္းေတြ ျမန္မာႏိုင္ငံက ခြင့္ျပဳဖို႔ ဆိုတာေတြကို ေတာင္းဆိုခဲ့တယ္လို႔ ေဖာ္ျပပါတယ္။ အင္ဒိုနီးရွားအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းေတြ အျမန္ဆံုး ေျပလည္ေစဖို႔ ေစာင့္ၾကည့္သြားမယ္လို႔ ဆိုပါတယ္။

ျမန္မာ့အေရး ေျဖရွင္းတဲ့ေနရာမွာ ျမန္မာလူထု အက်ိဳးစီးပြားက ပဓာနက်တယ္လို႔လည္း အင္ဒိုနီးရွားသမၼတက ေျပာခဲ့ပါတယ္။ ျမန္မာႏိ္ုင္ငံတြင္း အၾကမ္းဖက္မႈေတြကို ရပ္ၿပီး ေတြ႔ဆံုေဆြးေႏြးမႈေတြ စတင္ဖို႔ဆိုတဲ့ အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ ဘံုသေဘာထားတရပ္ ရခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အစည္းအေဝးမွာ ေရာက္ေနတဲ့ အာဏာသိမ္း ျမန္မာစစ္ေကာင္စီ အႀကီးအကဲက အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ ဘံုသေဘာထားအားလံုးကို လက္ခံမခံ မရွင္းလင္းပါဘူး။

ျမန္မာႏိုင္ငံကို အာဆီယံ ကိုယ္စားလွယ္ ေစလႊတ္မယ့္ကိစၥကို ျမန္မာစစ္ေကာင္စီ အႀကီးအကဲက ျငင္းဆန္တာ မလုပ္ခဲ့ဘူးလို႔ စင္ကာပူဝန္ႀကီးခ်ဳပ္က သူ႔တြစ္တာစာမ်က္ႏွာမွာ အစည္းအေဝးအၿပီး ေရးပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဘက္က ဘာေတြ ေဆြးေႏြးခဲ့သလဲ၊ ဘာေတြ သေဘာတူခဲ့သလဲ ဆိုတာေတြကိုေတာ့ တိတိက်က် မသိရေသးပါဘူး။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဟာ ဒီကေန႔မနက္ပဲ အင္ဒိုနီးရွားႏိုင္ငံကို ဆိုက္ေရာက္ အစည္းအေဝးတက္ၿပီးေတာ့ ညေနပိုင္းမွာ ျမန္မာႏုိင္ငံကုိ ျပန္ထြက္ခြာသြားပါၿပီ။ အာဆီယံေခါင္းေဆာင္ေတြရဲ႕ သေဘာဆႏၵကို ေျပာဆိုခဲ့ရလို႔ ေက်နပ္စရာပါပဲလို႔ အင္ဒိုနီးရွားသမၼတကေတာ့ ေျပာပါတယ္။ ဒါေပမယ့္ ျမန္မာ့အေရး ေလ့လာသူေတြကေတာ့ ထူးထူးျခားျခား ရလဒ္မထြက္ခဲ့တဲ့ အစည္းအေဝးပါပဲလို႔ သံုးသပ္ေဝဖန္ပါတယ္။ ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူ ဦးေအာင္မ်ိဳးမင္းကေတာ့ အမ်ားေမွ်ာ္လင့္ထားသလို ေအာင္ျမင္မႈရတဲ့ အစည္းအေဝးတရပ္ ျဖစ္မလာခဲ့ဘူးလို႔ ဗြီႊိအိုေအကို ေျပာပါတယ္။

“ဒီအစည္းအေဝးက ပထမဦးဆုံးကေတာ့ ထိပ္သီးညီလာခံလို႔ ေျပာတယ္။ ဒါေပမယ့္ ေနာက္ပိုင္းေတာ့ အာဆီယံေခါင္းေဆာင္ အစည္းအေဝး ဆုိၿပီးေတာ့ သူတုိ႔ နာမည္တပ္တယ္။ ဒါဟာ ဆိုလိုတဲ့အခ်က္က အာဆီယံရဲ႕ လုပ္ပုိင္ခြင့္ တဆင့္နိမ့္သြားတဲ့သေဘာ။ ေနာက္တခါ အခုထြက္လာတဲ့ဟာတခုက အာဆီယံ တခုလုံးက ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္မ်ဳိး မဟုတ္ဘဲနဲ႔ ႏုိင္ငံအလုိက္ ထြက္တဲ့အရာမ်ဳိး ျဖစ္ေနတာတခုက ဒုတိယ သိပ္ၿပီးေတာ့ အားမေကာင္းဘူး။ ေနာက္တခုကေတာ့ ဒီလိုမ်ဳိး ေတာင္းဆုိခ်က္ကို အေစာႀကီးတည္းက အင္ဒုိနီးရွားႏုိင္ငံတုိ႔ ဘာတုိ႔က ေတာင္းထားၿပီးသား။ ဒါနဲ႔ပတ္သက္ၿပီး မင္းေအာင္လႈိင္ကုိယ္တုိင္ လာထားေပမယ့္ ဒါနဲ႔ပတ္သက္ၿပီး ဘယ္လုိလုပ္ေဆာင္မလဲ ဆုိတဲ့ ကတိစကား မရျခင္း၊ ဒါေတြ ဘယ္လုိလုပ္ေဆာင္မလဲ၊ ဘယ္ေလာက္အထိ ပူးေပါင္းလုပ္ေဆာင္မလဲ ဆုိတဲ့ အခ်က္ေတြ မရျခင္းက ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ေသာ အစည္းအေဝးတရပ္လုိ႔ပဲ က်ေနာ္ သုံးသပ္ခ်င္ပါတယ္။”

ကုိသားညြန္႔ဦး - ကုလသမဂၢ အပါအဝင္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက အာဆီယံက အခုလို ျမန္မာ့အေရးမွာ ၾကားဝင္ညိႇႏႈိင္းေပးဖို႔ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ေနၾကတယ္ခင္ဗ်။ အာဆီယံ ကိုယ္စားလွယ္အဖြဲ႔ ျမန္မာႏုိင္ငံ သြားႏုုိင္ဖုိ႔လည္း ေမွ်ာ္လင့္ေနတာမ်ဳိး ရွိပါတယ္။ အဲဒီေတာ့ ဒီေမွ်ာ္လင့္ခ်က္ေတြက တကယ္ပဲ အရာေရာက္ရဲ႕လား။

ဦးေအာင္မ်ဳိးမင္း - “အာဆီယံရဲ႕ သမုိင္းေၾကာင္းပဲၾကည့္ၾကည့္၊ အာဆီယံရဲ႕ လုပ္ပိုင္ခြင့္ပဲၾကည့္ၾကည့္၊ သူတို႔ရဲ႕ မူဝါဒပဲၾကည့္ၾကည့္ ထိထိေရာက္ေရာက္ လုပ္ႏိုင္မယ္လုိ႔ က်ေနာ္ မယုံၾကည္ဘူး။ အာဆီယံတခုကုိပဲ က်ေနာ္တုိ႔ အားကုိးလုိ႔ မရပါဘူး။ အာဆီယံနဲ႔ ကုလသမဂၢ ဘယ္လိုမ်ဳိး ပူးေပါင္းေဆာင္ရြက္ႏုိင္မလဲ၊ အဲလုိမ်ဳိး ပူးေပါင္းေဆာင္ရြက္မႈက ပုိမုိၿပီးေတာ့ အေရးႀကီးမယ္။ သူတလူ ငါတမင္း လုပ္ေနလုိ႔ မရဘူး။ ဒါေပမယ့္ ဘယ္ေလာက္အထိ ျပည္ပမွာပဲလုပ္လုပ္ ျပည္တြင္းအားကလည္း အေရးႀကီးပါတယ္။ ျပည္တြင္းကလူေတြ ေသြးေအးသြားလို႔ရွိရင္ ျပည္ပရဲ႕ အာ႐ုံစုိက္မႈလည္း နည္းသြားတဲ့အတြက္ အျပန္အလွန္ေပါ့ဗ်ာ၊ ျပည္တြင္းမွာရွိတဲ့လူေတြရဲ႕ အားေကာင္းခ်က္လည္း လိုအပ္တယ္။ အာဆီယံ အေနနဲ႔လည္း သူ သီးသန္႔လုပ္တာ မဟုတ္ဘဲနဲ႔ တျခား ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ လုပ္ေဆာင္မွ ပုိၿပီးေတာ့ အက်ဳိးရွိပါလိမ့္မယ္။”

အစည္အေဝးတက္လာတဲ့ မေလးရွားဝန္ႀကီးခ်ဳပ္ကေတာ့ ျမန္မာႏိုင္ငံတြင္း လူသတ္ အၾကမ္းဖက္မႈေတြကို ရပ္ၿပီး ဖမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။ စင္ကာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong ကေတာ့ အစည္အးေဝးတက္လာတဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ အေနနဲ႔ သူတို႔ရဲ႕ စိုးရိမ္ခ်က္ေတြကို နားေထာင္ၿပီး အာဆီယံအသင္းႀကီးရဲ႕ အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကိုလည္း ျငင္းပယ္မႈ မလုပ္ခဲ့ဘူးလို႔ CNA စင္ကာပူသတင္းဌာနနဲ႔ ေတြ႔ဆံုမႈမွာ ေျပာခဲ့ပါတယ္။ အစည္းအေဝးမွာေတာ့ ထိုင္းနဲ႔ ဖိလစ္ပိုင္က ႏိုင္ငံအႀကီးအကဲေတြ မတက္ေရာက္ဘဲ ႏိုင္ငံျခားေရးဝန္ႀကီးေတြပဲ ေစလႊတ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဆႏၵျပမႈေတြနဲ႔ အၾကမ္းဖက္ ၿဖိဳခဲြမႈေတြေၾကာင့္ ႏိုင္ငံတကာရဲ႕ စိုးရိမ္မႈေတြ ထြက္ေပၚလာရာမွာ အာဆီယံေခါင္းေဆာင္ေတြ အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ပထမဆံုးအႀကိမ္ ေတြ႔ဆံုမႈ ျဖစ္ပါတယ္။ အစည္းအေဝး ေဘးပန္းမွာေတာ့ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Christine Schraner Burgener လည္း အင္ဒိုနီးရွားကို ေရာက္ရွိေနၿပီး အစည္းအေဝး မတိုင္ခင္မွာ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးတခ်ိဳ႕နဲ႔ ျမန္မာ့အေရး ေဆြးေႏြးတာေတြ ရွိခဲ့ပါတယ္။ အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး က်င္းပေနခ်ိန္ အစည္းအေဝးခန္းမ အျပင္မွာေတာ့ ဆႏၵျပသူ ၅၀ ခန္႔က ျမန္မာစစ္ေကာင္စီကို ႐ႈတ္ခ်တဲ့ စာတန္းေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။

ျမန္မာႏိ္ုင္ငံထဲမွာေတာ့ ဖားကန္႔နဲ႔ ထားဝယ္ဘက္မွာ စစ္အာဏာသိမ္း ဆႏၵျပမႈေတြ ဆက္ရွိေနပါတယ္။ ဖားကန္႔မွာေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ေထာက္ခံတဲ့ စာတန္းေတြကို ကိုင္ေဆာင္ၿပီး ဆႏၵျပၾကတာပါ။ အလားတူပဲ မႏၲေလးၿမိဳ႕မွာလည္း ေက်ာင္းသားသမဂၢေတြက ဦးေဆာင္တဲ့ ဆႏၵျပပဲြေတြ ဆက္ရွိေနၿပီး လံုၿခံဳေရးတပ္ေတြ မလာခင္မွာ လူစုခဲြခဲ့ၾကပါတယ္။ ရန္ကုန္မွာေတာ့ စမ္းေခ်ာင္း၊ လိႈင္၊ ကမာရြတ္၊ သာေကတ ေနရာတခ်ိဳ႕မွာ ဆႏၵျပမႈတခ်ိဳ႕ ရွိခဲ့ေပမယ့္ အခ်ိန္ခဏတာ ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ ဘုံသဘောထားရရှိ

အများမျှော်လင့်နေတဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေး ပြီးဆုံးသွားပါပြီ။ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး စိုးရိမ်ချက်တွေကို နားထောင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်မှုတရပ် ထွက်လာတယ် ဆိုပေမယ့် လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီအစည်းအဝေးဟာ အောင်မြင်တယ်လို့ မယူဆပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ဆက်ပေးထားပါတယ်။

အစည်းအဝေးအတွင်း အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ Joko Widodo က မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ် ထားရှိဖို့ကိစ္စကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားသမ္မတ Joko Widodo က အင်ဒိုနီးရှားဘာသာစကားနဲ့ သူ့ကြေညာချက်ကို ဖတ်ပြခဲ့တာပါ။

အင်ဒိုနီးရှားသမ္မတရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်က အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဆွေးနွေးပွဲတွေ ချက်ချင်းလုပ်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်တဦး ထားရှိဖို့နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကမကထလုပ်တဲ့ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေ မြန်မာနိုင်ငံက ခွင့်ပြုဖို့ ဆိုတာတွေကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ အမြန်ဆုံး ပြေလည်စေဖို့ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းတဲ့နေရာမှာ မြန်မာလူထု အကျိုးစီးပွားက ပဓာနကျတယ်လို့လည်း အင်ဒိုနီးရှားသမ္မတက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ရပ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ဆိုတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောထားတရပ် ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အစည်းအဝေးမှာ ရောက်နေတဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီ အကြီးအကဲက အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောထားအားလုံးကို လက်ခံမခံ မရှင်းလင်းပါဘူး။

မြန်မာနိုင်ငံကို အာဆီယံ ကိုယ်စားလှယ် စေလွှတ်မယ့်ကိစ္စကို မြန်မာစစ်ကောင်စီ အကြီးအကဲက ငြင်းဆန်တာ မလုပ်ခဲ့ဘူးလို့ စင်ကာပူဝန်ကြီးချုပ်က သူ့တွစ်တာစာမျက်နှာမှာ အစည်းအဝေးအပြီး ရေးပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ဘာတွေ ဆွေးနွေးခဲ့သလဲ၊ ဘာတွေ သဘောတူခဲ့သလဲ ဆိုတာတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့မနက်ပဲ အင်ဒိုနီးရှားနိုင်ငံကို ဆိုက်ရောက် အစည်းအဝေးတက်ပြီးတော့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ထွက်ခွာသွားပါပြီ။ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောဆန္ဒကို ပြောဆိုခဲ့ရလို့ ကျေနပ်စရာပါပဲလို့ အင်ဒိုနီးရှားသမ္မတကတော့ ပြောပါတယ်။ ဒါပေမယ့် မြန်မာ့အရေး လေ့လာသူတွေကတော့ ထူးထူးခြားခြား ရလဒ်မထွက်ခဲ့တဲ့ အစည်းအဝေးပါပဲလို့ သုံးသပ်ဝေဖန်ပါတယ်။ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ အများမျှော်လင့်ထားသလို အောင်မြင်မှုရတဲ့ အစည်းအဝေးတရပ် ဖြစ်မလာခဲ့ဘူးလို့ ဗွီှိအိုအေကို ပြောပါတယ်။

“ဒီအစည်းအဝေးက ပထမဦးဆုံးကတော့ ထိပ်သီးညီလာခံလို့ ပြောတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ အာဆီယံခေါင်းဆောင် အစည်းအဝေး ဆိုပြီးတော့ သူတို့ နာမည်တပ်တယ်။ ဒါဟာ ဆိုလိုတဲ့အချက်က အာဆီယံရဲ့ လုပ်ပိုင်ခွင့် တဆင့်နိမ့်သွားတဲ့သဘော။ နောက်တခါ အခုထွက်လာတဲ့ဟာတခုက အာဆီယံ တခုလုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မျိုး မဟုတ်ဘဲနဲ့ နိုင်ငံအလိုက် ထွက်တဲ့အရာမျိုး ဖြစ်နေတာတခုက ဒုတိယ သိပ်ပြီးတော့ အားမကောင်းဘူး။ နောက်တခုကတော့ ဒီလိုမျိုး တောင်းဆိုချက်ကို အစောကြီးတည်းက အင်ဒိုနီးရှားနိုင်ငံတို့ ဘာတို့က တောင်းထားပြီးသား။ ဒါနဲ့ပတ်သက်ပြီး မင်းအောင်လှိုင်ကိုယ်တိုင် လာထားပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်မလဲ ဆိုတဲ့ ကတိစကား မရခြင်း၊ ဒါတွေ ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်လောက်အထိ ပူးပေါင်းလုပ်ဆောင်မလဲ ဆိုတဲ့ အချက်တွေ မရခြင်းက အောင်မြင်သင့်သလောက် မအောင်မြင်သော အစည်းအဝေးတရပ်လို့ပဲ ကျနော် သုံးသပ်ချင်ပါတယ်။”

ကိုသားညွန့်ဦး - ကုလသမဂ္ဂ အပါအဝင် နိုင်ငံတော်တော်များများက အာဆီယံက အခုလို မြန်မာ့အရေးမှာ ကြားဝင်ညှိနှိုင်းပေးဖို့ တော်တော်လေး မျှော်လင့်နေကြတယ်ခင်ဗျ။ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ သွားနိုင်ဖို့လည်း မျှော်လင့်နေတာမျိုး ရှိပါတယ်။ အဲဒီတော့ ဒီမျှော်လင့်ချက်တွေက တကယ်ပဲ အရာရောက်ရဲ့လား။

ဦးအောင်မျိုးမင်း - “အာဆီယံရဲ့ သမိုင်းကြောင်းပဲကြည့်ကြည့်၊ အာဆီယံရဲ့ လုပ်ပိုင်ခွင့်ပဲကြည့်ကြည့်၊ သူတို့ရဲ့ မူဝါဒပဲကြည့်ကြည့် ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ကျနော် မယုံကြည်ဘူး။ အာဆီယံတခုကိုပဲ ကျနော်တို့ အားကိုးလို့ မရပါဘူး။ အာဆီယံနဲ့ ကုလသမဂ္ဂ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်မလဲ၊ အဲလိုမျိုး ပူးပေါင်းဆောင်ရွက်မှုက ပိုမိုပြီးတော့ အရေးကြီးမယ်။ သူတလူ ငါတမင်း လုပ်နေလို့ မရဘူး။ ဒါပေမယ့် ဘယ်လောက်အထိ ပြည်ပမှာပဲလုပ်လုပ် ပြည်တွင်းအားကလည်း အရေးကြီးပါတယ်။ ပြည်တွင်းကလူတွေ သွေးအေးသွားလို့ရှိရင် ပြည်ပရဲ့ အာရုံစိုက်မှုလည်း နည်းသွားတဲ့အတွက် အပြန်အလှန်ပေါ့ဗျာ၊ ပြည်တွင်းမှာရှိတဲ့လူတွေရဲ့ အားကောင်းချက်လည်း လိုအပ်တယ်။ အာဆီယံ အနေနဲ့လည်း သူ သီးသန့်လုပ်တာ မဟုတ်ဘဲနဲ့ တခြား နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ဆောင်မှ ပိုပြီးတော့ အကျိုးရှိပါလိမ့်မယ်။”

အစည်အဝေးတက်လာတဲ့ မလေးရှားဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံတွင်း လူသတ် အကြမ်းဖက်မှုတွေကို ရပ်ပြီး ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ကတော့ အစည်အးဝေးတက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ သူတို့ရဲ့ စိုးရိမ်ချက်တွေကို နားထောင်ပြီး အာဆီယံအသင်းကြီးရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကိုလည်း ငြင်းပယ်မှု မလုပ်ခဲ့ဘူးလို့ CNA စင်ကာပူသတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ အစည်းအဝေးမှာတော့ ထိုင်းနဲ့ ဖိလစ်ပိုင်က နိုင်ငံအကြီးအကဲတွေ မတက်ရောက်ဘဲ နိုင်ငံခြားရေးဝန်ကြီးတွေပဲ စေလွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာရာမှာ အာဆီယံခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။ အစည်းအဝေး ဘေးပန်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း အင်ဒိုနီးရှားကို ရောက်ရှိနေပြီး အစည်းအဝေး မတိုင်ခင်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ မြန်မာ့အရေး ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေချိန် အစည်းအဝေးခန်းမ အပြင်မှာတော့ ဆန္ဒပြသူ ၅၀ ခန့်က မြန်မာစစ်ကောင်စီကို ရှုတ်ချတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ ဖားကန့်နဲ့ ထားဝယ်ဘက်မှာ စစ်အာဏာသိမ်း ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ ဖားကန့်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတာပါ။ အလားတူပဲ မန္တလေးမြို့မှာလည်း ကျောင်းသားသမဂ္ဂတွေက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး လုံခြုံရေးတပ်တွေ မလာခင်မှာ လူစုခွဲခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်၊ သာကေတ နေရာတချို့မှာ ဆန္ဒပြမှုတချို့ ရှိခဲ့ပေမယ့် အချိန်ခဏတာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG