သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံအစည္းအေဝး အထူးေစာင့္ၾကည့္ေနၾက


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေတြ အဆုံးသတ္ေအာင္ နည္းလမ္းရွာေရး အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ မနက္ျဖန္ က်င္းပမယ့္ အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံေတြရဲ႕ အစည္းေ၀းနဲ႔ ပတ္သက္ၿပီး ေဒသတြင္းအဖြဲ႔အစည္းအေပၚ အရင္က မၾကဳံခဲ့ဘူးတဲ့ အကဲစမ္းမႈေတြနဲ႔ ေစာင့္ၾကည့္မႈေတြ ရွိေနရတယ္လို႔ ေလ့လာ သုံးသပ္သူေတြ ေျပာဆိုပါတယ္။ မျဖစ္မေန ေဆာင္ရြက္မယ္ဆိုတဲ့ ကတိက၀တ္ေတြနဲ႔ ဆုံးျဖတ္ခ်က္ေတြ က်လာဖို႔မွာ အဟန္႔အတားေတြလည္း ရွိေနတယ္လို႔ ေျပာဆိုၾကပါတယ္။ AP သတင္းေဆာင္းပါးကို အေျခခံၿပီး ဦးသိန္းထိုက္ဦး ေျပာျပပါလိမ့္မယ္။

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းဟာ ေဒသတြင္း တည္ၿငိမ္ေရးကို ထိခိုက္လာတဲ့ ပဋိပကၡလို႔ ကုလသမဂၢ ေခါင္းေဆာင္ေတြက သတိေပးေနတဲ့အခ်ိန္မွာ မနက္ျဖန္ အာဆီယံ ေဒသတြင္းေခါင္းေဆာင္ေတြ ဂ်ကာတာမွာ ေတြ႕ဆုံၿပီး ျမန္မာ့အေရး ေဆြးေႏြးဖို႔ ျပင္ဆင္ၾကတာပါ။

တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္အေရးကို ဘယ္လို ကိုင္တြယ္မလဲဆိုတာက အာဆီယံ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အဖြဲ႔ႀကီးရဲ႕ ညီၫြတ္မႈနဲ႔ အမ်ားလက္ခံ ယုံၾကည္မႈကို စမ္းသပ္တဲ့ အစည္းအေ၀းတခုလည္း ျဖစ္ေနတယ္လို႔ ေဒသတြင္း အကဲခတ္ေတြက ေျပာဆိုေနပါတယ္။

ထိုင္းႏိုင္ငံ Chulalongkong တကၠိသိုလ္ လုံျခဳံေရးနဲ႔ ႏိုင္ငံတကာ ေလ့လာေရး ဌာန ၫႊန္ၾကားေရးမွဴး ပါေမာကၡ Thitinan Pongsudhirak, (သစ္တီနန္ ေပါင္ဆပ္ဒ္ဟီရက္ခ္) က အခုလို ေျပာပါတယ္။

"အာဆီယံရဲ႕ ရပ္တည္မႈ အခန္းက႑ အဓိက ေနရာကို အထူးအေရးအႀကီး အာ႐ုံစိုက္ခံရတဲ့အခ်ိန္ပါ။ အာဆီယံရဲ႕ ရည္မွန္းခ်က္ အယူအဆက ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ မဟာဗ်ဳဟာက်တဲ့ ေဆြးေႏြးပြဲေတြ ေပၚလာေအာင္ ေဖၚေဆာင္ေပးတဲ့ ေနရာတခုျဖစ္ဖို႔ပါ။ ၅၃ ႏွစ္ အဖြဲ႔တည္ေထာင္ခဲ့တဲ့ ကာလအတြင္းမွာ အဆိုးဝါးဆုံး၊ အျပင္းထန္ဆုံးနဲ႔ စိုးရိမ္စရာ စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရတာပါ"

ေဒသတြင္း ႏိုင္ငံေတြအၾကား တခုခုဆုံးျဖတ္မယ္ဆိုရင္ အဖြဲ႔၀င္ႏိုင္ငံအားလုံး သေဘာတူလက္ခံမွဆိုတဲ့ သတ္မွတ္ခ်က္ ရွိတာေၾကာင့္ ျမန္မာ့အေရးမွာ အားလုံးက သေဘတူဖို႔ ဆိုတာ အာဆီယံအဖြဲ႔အၾကား သိပ္ကို ခက္ခဲမယ္လို႔ ေဒသတြင္း အကဲခတ္ေတြကျမင္ပါတယ္။

အာဏာသိမ္းမႈနဲ႔ ႏိုင္ငံေရးဖိႏွိပ္မႈေတြဟာ တျခား ေဒသတြင္း ႏိုင္ငံတခ်ဳိ႕မွာလည္း အလားသူ ေပၚေပါက္ေနတာေၾကာင့္ ျမန္မာႏိုင္ငံက စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ေျပာင္းလဲေအာင္ ဖိအားေပးႏိုင္ဖို႔ အာဆီယံရဲ႕ အင္အားကို အကဲခတ္ေတြ သံသယနဲ႔ ေစာင့္ၾကည့္ေနပါတယ္။

ဒါေပမဲ့လည္း လမ္းမေပၚက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ သတ္ျဖတ္ေနတာေတြ ခ်က္ျခင္းရပ္တန္႔ဖို႔၊ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြ အေရးေပၚ ေပးအပ္ႏိုင္ေရး အာဆီယံ ကိုယ္တိုင္ ကမကထလုပ္ ၀င္ေရာက္ဖို႔၊ ႏိုင္ငံေရးအရ အေျဖရွာႏိုင္တဲ့ ေဆြးေႏြးမႈေတြ ေပၚလာေအာင္ အာဆီယံ ၾကား၀င္ ႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အဆိုျပဳခ်က္ေတြကေတာ့ ရွိေနပါတယ္။

မဟာဗ်ဳဟာနဲ႔ ႏိုင္ငံတကာ ေလ့လာေရးဌာန သုေတသီတဦးျဖစ္တဲ့ Evan Laksmana က အခုလို ေျပာပါတယ္။

"အာဆီယံ အတြက္ အျမင့္ဆုံး ဆုံးျဖတ္ခ်က္ခ်တဲ့ အဆင့္ပါ၊ ဒီ အစည္းအေ၀းမွာ ႏိုင္ငံတခုရဲ႕ အျမင္သေဘာထားေတြ ဒါမွမဟုတ္ စိုးရိမ္မႈေတြကိုပဲ အက်ဥ္းခ်ဳံးေဖၚျပထားမ်ဳိး သက္သက္ထက္ တခုခု မျဖစ္မေန လုပ္ေဆာင္မယ္ဆိုတဲ့ ကတိက၀တ္ေတြနဲ႔ ဆုံးျဖတ္ခ်က္ တခုခု က်မယ္လို႔ ေမွ်ာ္လင့္ပါတယ္"

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ေဒသတြင္းႏိုင္ငံေတြအၾကား ညီညီၫြတ္ၫြတ္တဲ့ ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြ ေပၚလာမယ့္လို႔ ယုံၾကည္တဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ကလည္း ေျပာဆိုထားပါတယ္။

ဒီလိုမဟုတ္ခဲ့ရင္ မနက္ျဖန္ အာဆီယံ အစည္းအေ၀းဟာ ျမန္မာစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အာဏာရယူထားတာကို တရား၀င္ အသိအမွတ္ျပဳေပးတဲ့ပြဲတခုသာ ျဖစ္သြားလိမ့္မယ္ဆိုၿပီးေတာ့လည္း ႏိုင္ငေရး အတိုက္အခံေတြက ေ၀ဖန္ေနၾကပါတယ္။ ေရြးေကာက္ပြဲ အႏိုင္ရ လႊတ္တာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ အမ်ဳိးသားညီၫြတ္ေရး အစိုးရ NUG အဖြဲ႔၀င္ တဦးျဖစ္တဲ့ ေဒါက္တာဆာဆာက အခုလို ေျပာပါတယ္။

"ဒီအစည္းအေ၀းမွာ လူသတ္သမား အႀကီးအကဲ မင္းေအာင္လိႈင္ကို ဖိတ္ၾကားတာကို လက္မခံဘူးလို႔ ေျပာဆိုသြားတာပါ။ အာဆီယံဟာ စစ္အစိုးရ ဗိုလ္ခ်ဳပ္ေတြကို ထပ္ခါတလဲလဲ ေျပာဆိုေနေပမဲ့ NUG အရပ္သားအစိုးရအဖြဲ႔နဲ႔ ေဆြးေႏြးမႈ မရွိတဲ့အေပၚ မျဖစ္သင့္ဘူး" လို႔ ဒါက စိတ္မေကာင္းစရာလို႔ သူက ေထာက္ျပသြားတာပါ။

ျမန္မာႏိုင္ငံမွာ ေသြးေျမက်မႈေတြ အဆုံးသတ္ၿပီး အေျခအေန ပိုမဆိုးေအာင္ အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံ ေခါင္းေဆာင္ေတြ နည္းလမ္းရွာေနတဲ့ အခ်ိန္မွာပဲ လမ္းမေတြေပၚမွာ ကေလးငယ္ေတြနဲ႔ မိန္းခေလးေတြ အပါအ၀င္ လူ ၇၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီးၿပီလို႔ ႏိုင္ငံတကာက ေထာက္ျပေနပါတယ္။

ေဒသတြင္းေခါင္းေဆာင္ေတြ ေတြ႕ဆုံခ်ိန္ဟာ တကယ္တမ္းက် ေနာက္ေတာင္က်ေနပါၿပီလို႔ ေ၀ဖန္ၾကတာျဖစ္ပါတယ္။ ဒီလို ေနာက္က်ေနတဲ့ ၾကားမွာ တခါလာလည္း မဲျပာပုဆိုး ဆိုသလို တႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ၾကား၀င္မစြက္ဖက္ေရးဆိုတဲ့ အေျခခံမႈနဲ႔ပဲ ဒီမိုကေရစီလိုလားတဲ့ ျမန္မာျပည္သူေတြရဲ႕ ေမွ်ာ္မွန္းခ်က္ေတြကို ထပ္ၿပီး မ်က္ကြယ္ျပဳသြားတာမ်ဳိး မျဖစ္ဖို႔ သတိေပးသံေတြလည္း ၾကားေနရပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ အဆုံးသတ်အောင် နည်းလမ်းရှာရေး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မနက်ဖြန် ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အစည်းဝေးနဲ့ ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းအပေါ် အရင်က မကြုံခဲ့ဘူးတဲ့ အကဲစမ်းမှုတွေနဲ့ စောင့်ကြည့်မှုတွေ ရှိနေရတယ်လို့ လေ့လာ သုံးသပ်သူတွေ ပြောဆိုပါတယ်။ မဖြစ်မနေ ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ဆုံးဖြတ်ချက်တွေ ကျလာဖို့မှာ အဟန့်အတားတွေလည်း ရှိနေတယ်လို့ ပြောဆိုကြပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်လာတဲ့ ပဋိပက္ခလို့ ကုလသမဂ္ဂ ခေါင်းဆောင်တွေက သတိပေးနေတဲ့အချိန်မှာ မနက်ဖြန် အာဆီယံ ဒေသတွင်းခေါင်းဆောင်တွေ ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးဖို့ ပြင်ဆင်ကြတာပါ။

တချိန်တည်းမှာပဲ မြန်မာနိုင်အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတာက အာဆီယံ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ကြီးရဲ့ ညီညွတ်မှုနဲ့ အများလက်ခံ ယုံကြည်မှုကို စမ်းသပ်တဲ့ အစည်းအဝေးတခုလည်း ဖြစ်နေတယ်လို့ ဒေသတွင်း အကဲခတ်တွေက ပြောဆိုနေပါတယ်။

ထိုင်းနိုင်ငံ Chulalongkong တက္ကိသိုလ် လုံခြုံရေးနဲ့ နိုင်ငံတကာ လေ့လာရေး ဌာန ညွှန်ကြားရေးမှူး ပါမောက္ခ Thitinan Pongsudhirak, (သစ်တီနန် ပေါင်ဆပ်ဒ်ဟီရက်ခ်) က အခုလို ပြောပါတယ်။

"အာဆီယံရဲ့ ရပ်တည်မှု အခန်းကဏ္ဍ အဓိက နေရာကို အထူးအရေးအကြီး အာရုံစိုက်ခံရတဲ့အချိန်ပါ။ အာဆီယံရဲ့ ရည်မှန်းချက် အယူအဆက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မဟာဗျုဟာကျတဲ့ ဆွေးနွေးပွဲတွေ ပေါ်လာအောင် ဖေါ်ဆောင်ပေးတဲ့ နေရာတခုဖြစ်ဖို့ပါ။ ၅၃ နှစ် အဖွဲ့တည်ထောင်ခဲ့တဲ့ ကာလအတွင်းမှာ အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံးနဲ့ စိုးရိမ်စရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါ"

ဒေသတွင်း နိုင်ငံတွေအကြား တခုခုဆုံးဖြတ်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူလက်ခံမှဆိုတဲ့ သတ်မှတ်ချက် ရှိတာကြောင့် မြန်မာ့အရေးမှာ အားလုံးက သဘေတူဖို့ ဆိုတာ အာဆီယံအဖွဲ့အကြား သိပ်ကို ခက်ခဲမယ်လို့ ဒေသတွင်း အကဲခတ်တွေကမြင်ပါတယ်။

အာဏာသိမ်းမှုနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေဟာ တခြား ဒေသတွင်း နိုင်ငံတချို့မှာလည်း အလားသူ ပေါ်ပေါက်နေတာကြောင့် မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးကောင်စီကို ပြောင်းလဲအောင် ဖိအားပေးနိုင်ဖို့ အာဆီယံရဲ့ အင်အားကို အကဲခတ်တွေ သံသယနဲ့ စောင့်ကြည့်နေပါတယ်။

ဒါပေမဲ့လည်း လမ်းမပေါ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်နေတာတွေ ချက်ခြင်းရပ်တန့်ဖို့၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် ပေးအပ်နိုင်ရေး အာဆီယံ ကိုယ်တိုင် ကမကထလုပ် ဝင်ရောက်ဖို့၊ နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့ ဆွေးနွေးမှုတွေ ပေါ်လာအောင် အာဆီယံ ကြားဝင် နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အဆိုပြုချက်တွေကတော့ ရှိနေပါတယ်။

မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန သုတေသီတဦးဖြစ်တဲ့ Evan Laksmana က အခုလို ပြောပါတယ်။

"အာဆီယံ အတွက် အမြင့်ဆုံး ဆုံးဖြတ်ချက်ချတဲ့ အဆင့်ပါ၊ ဒီ အစည်းအဝေးမှာ နိုင်ငံတခုရဲ့ အမြင်သဘောထားတွေ ဒါမှမဟုတ် စိုးရိမ်မှုတွေကိုပဲ အကျဉ်းချုံးဖေါ်ပြထားမျိုး သက်သက်ထက် တခုခု မဖြစ်မနေ လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ဆုံးဖြတ်ချက် တခုခု ကျမယ်လို့ မျှော်လင့်ပါတယ်"

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေအကြား ညီညီညွတ်ညွတ်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လာမယ့်လို့ ယုံကြည်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ပြောဆိုထားပါတယ်။

ဒီလိုမဟုတ်ခဲ့ရင် မနက်ဖြန် အာဆီယံ အစည်းအဝေးဟာ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရယူထားတာကို တရားဝင် အသိအမှတ်ပြုပေးတဲ့ပွဲတခုသာ ဖြစ်သွားလိမ့်မယ်ဆိုပြီးတော့လည်း နိုင်ငရေး အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တာ်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာဆာဆာက အခုလို ပြောပါတယ်။

"ဒီအစည်းအဝေးမှာ လူသတ်သမား အကြီးအကဲ မင်းအောင်လှိုင်ကို ဖိတ်ကြားတာကို လက်မခံဘူးလို့ ပြောဆိုသွားတာပါ။ အာဆီယံဟာ စစ်အစိုးရ ဗိုလ်ချုပ်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေပေမဲ့ NUG အရပ်သားအစိုးရအဖွဲ့နဲ့ ဆွေးနွေးမှု မရှိတဲ့အပေါ် မဖြစ်သင့်ဘူး" လို့ ဒါက စိတ်မကောင်းစရာလို့ သူက ထောက်ပြသွားတာပါ။

မြန်မာနိုင်ငံမှာ သွေးမြေကျမှုတွေ အဆုံးသတ်ပြီး အခြေအနေ ပိုမဆိုးအောင် အာဆီယံ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေ နည်းလမ်းရှာနေတဲ့ အချိန်မှာပဲ လမ်းမတွေပေါ်မှာ ကလေးငယ်တွေနဲ့ မိန်းခလေးတွေ အပါအဝင် လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ နိုင်ငံတကာက ထောက်ပြနေပါတယ်။

ဒေသတွင်းခေါင်းဆောင်တွေ တွေ့ဆုံချိန်ဟာ တကယ်တမ်းကျ နောက်တောင်ကျနေပါပြီလို့ ဝေဖန်ကြတာဖြစ်ပါတယ်။ ဒီလို နောက်ကျနေတဲ့ ကြားမှာ တခါလာလည်း မဲပြာပုဆိုး ဆိုသလို တနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေးဆိုတဲ့ အခြေခံမှုနဲ့ပဲ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ထပ်ပြီး မျက်ကွယ်ပြုသွားတာမျိုး မဖြစ်ဖို့ သတိပေးသံတွေလည်း ကြားနေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG