သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU လူသားစာနာမှုအကူအညီ မြန်မာလူထုအတွက် ထပ်တိုးပေးမည်


ဧပြီလ ၄ ရက်နေ့က ရန်ကုန် ဆန္ဒပြပွဲ မြင်ကွင်း။
ဧပြီလ ၄ ရက်နေ့က ရန်ကုန် ဆန္ဒပြပွဲ မြင်ကွင်း။

[Zawgyi/Unicode]

မြန်မာစစ်အာဏာသိမ်းအုပ်စုကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်အရေးယူလိုက်တဲ့ တချိန်ထဲမှာပဲ မြန်မာလူထုအတွက် လူသားစာနာမှုအကူအညီကို တိုးပေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း EU ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က တနင်္လာနေ့က ဘရပ်ဆဲလ်စ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

"မြန်မာလူထုအတွက် လူသားစာနာမှု အကူအညီကို တိုးမြှင့်ဖို့ လိုအပ်တယ်ဆိုတာ ထပ်ပြီး ရှင်းလင်းသိသာလာပါတယ်။ ဒီအကူအညီကို ယူရို ၉ သန်း တိုးမြှင့်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်ကတော့ ဖိနှိပ်မှုကို ရပ်တန့်ဖို့ဖြစ်ပါတယ်။" လို့ Josep Borrell ကပြောပါတယ်။

ဒီအကူအညီတွေ လူထုဆီ တိုက်ရိုက်ရောက်အောင် ဘယ်အဖွဲ့အစည်းတွေကနေတဆင့်၊ ဘယ်လိုပေးမယ်ဆိုတာကိုတော့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

စစ်ကောင်စီထဲမှာပါတဲ့ အရပ်သား လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးနှစ်ခုကို EU ဒဏ်ခတ်အရေးယူမှုစာရင်းထဲ တနင်္လာနေ့က ထည့်သွင်းခဲ့တာပါ။ ဒီ့မတိုင်ခင်ကလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်အရေးယူထားတာမို့ အခုဆိုရင် EU က ဒဏ်ခတ်အရေးယူထားသူ စုစုပေါင်း ၃၅ ယောက်ရှိပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ စေ့စပ်ညှိနှိုင်းလာစေဖို့ အခုလို ဖိအားတိုးပေးနေတာဖြစ်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ကလည်း တနင်္လာနေ့က ဘာလင်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းချက်ကို လက်ခံသင့်ပြီး ဒီအကြပ်အတည်းကနေ ဘယ်လိုထွက်မယ်ဆိုတဲ့ နည်းလမ်းတွေကိုပြောဖို့ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးကို အသုံးချသင့်တယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ကပြောပါတယ်။

EU လူသားစာနာမှုအကူအညီ မြန်မာလူထုအတွက် ထပ်တိုးပေးမည်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG