{{Zawgyi/Unicode}}
ျမန္မာစစ္အာဏာသိမ္းေကာင္စီမွာပါ၀င္တဲ့ အရပ္သားႏိုင္ငံေရးသမားေတြကို EU ဥေရာပသမဂၢက အေရးယူဒဏ္ခတ္မႈစာရင္းထဲ ထည့္သြင္းလိုက္ပါတယ္။ ျမန္မာ စစ္အာဏာသိမ္းမႈနဲ႔ဆက္စပ္ပတ္သက္ေနတဲ့ လူပုဂၢိဳလ္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ဥေရာပသမဂၢ EU က အေရးယူဒဏ္ခတ္မႈေတြ ထပ္ၿပီးခ်မွတ္လိုက္တာပါ။ ႏုိင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ ႔ အာဏာသိမ္းမႈမွာ၀င္ပတ္သက္မႈရွိတဲ့ လူပုဂၢိဳလ္ ၁၀ ေယာက္အျပင္ ျမန္မာစစ္တပ္ကထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းႀကီး ၂ ခုကို ပစ္မွတ္ထား အေရးယူလိုက္တျဖစ္တယ္လို႔ EU ႏုိင္ငံျခားမူ၀ါဒေရးရာအႀကီးအကဲ Josep Borrell ကတနလၤာေန႔မွာေျပာပါတယ္။
စီးပြားေရးလုပ္ငန္းႀကီး ႏွစ္ခုကေတာ့ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ MEHL နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း MEC တို႔ျဖစ္ပါတယ္။ ျပစ္ဒဏ္ခ်မွတ္ခံရတဲ႔လူပုဂၢိဳလ္အားလုံး ျမန္မာ့ဒီမိုကေရစီေရးနဲ႔ တရားဥပေဒစိုးမိုးေရး ပ်က္ျပားသြားေအာင္လုပ္ေဆာင္တဲ့ေနရာမွာ တာ၀န္ရွိတဲ့လူပုဂၢိဳလ္ေတြျဖစ္သလို လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ၿပီး ဆက္လက္ ဖိႏွိပ္တဲ့ေနရာမွာ ပါ၀င္ပတ္သက္သူေတြျဖစ္တယ္လို႔ EU ကဧၿပီလ ၁၉ ရက္ေန႔မွာ ထုတ္ျပန္တဲ့ေၾကျငာခ်က္ထဲမွာေဖာ္ျပထားပါတယ္။
ခုျပစ္ဒဏ္ခ်မွတ္လိုက္တဲ့ လူပုဂၢိဳလ္ေတြကေတာ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ အာဏာသိမ္းမႈေနာက္ပုိင္း စစ္ေကာင္စီက တာ၀န္ေပးအပ္ထားတဲ့ အရပ္သားေတြျဖစ္ပါတယ္။ အဲဒီလို ပစ္မွတ္ထားဒဏ္ခတ္ခံရတဲ့သူေတြကေတာ့ ပဒိုမန္းၿငိမ္းေမာင္၊ ဦးသိန္းညႊန္႔၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံဆုိင္၊ ေစာဒယ္နီယယ္၊ ေဒါက္တာဗညားေအာင္မိုး၊ ဦးခ်စ္နုိင္( ခ်စ္ႏိုင္ - စိတ္ပညာ) တို႔ျဖစ္ၾကပါတယ္။ ဦးခ်စ္ႏိုင္က စစ္ေကာင္စီရဲ႕ ျပန္ၾကားေရး၀န္ႀကီးျဖစ္ၿပီး က်န္သူေတြကေတာ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီအဖဲြ႕၀င္ေတြျဖစ္ၾကပါတယ္။
အခုဆိုရင္ EU ဒဏ္ခတ္အေရးယူလိုက္တဲ့စာရင္းမွာ လူပုဂၢိဳလ္ ၃၅ ဦးနဲ႔ စီးပြါးေရးလုပ္ငန္းႀကီးက ၂ ခုရွိသြားပါၿပိီ။ အဲဒီလူပုဂၢိဳလ္ေတြအေနနဲ႔ EU အဖြဲ႔၀င္ႏုိင္ငံေတြကိုလည္း ၀င္ေရာက္ခြင့္မရွိသလို သူတို႔ရဲ ႔ပိုင္ဆိုင္မႈေတြလည္း ထိန္းခ်ဳပ္ခံထားရမွာျဖစ္ပါတယ္။ ဒါ့အျပင္ EU ႏုိင္ငံသားေတြနဲ႔ စီးပြြားေရးလုပ္ငန္းေတြနဲ႔လည္း တြဲဖက္လုပ္ကိုင္ခြင့္ပိတ္ထားပါတယ္။
ျမန္မာကို လက္နက္နဲ႔ ပစၥည္းကိရိယာ ေရာင္းခ်ခြင့္ကိုေတာ့ အရင္ကတည္းက ပိတ္ပင္ထားတာျဖစ္ၿပီး အဲဒီဒဏ္ခတ္မႈေတြလည္ ဆက္ၿပီးတည္ရွိေနမွာျဖစ္ပါတယ္။ EU ဒဏ္ခတ္ခံရတဲ့ စာရင္းထဲ အရင္တုန္းက အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြပဲ အဓိက ပါ၀င္တာျဖစ္ေပမယ့္၊ အခုတေခါက္မွာေတာ့ စစ္ေကာင္စီနဲ႔ဆက္ႏြယ္တဲ့ အရပ္သားႏိုင္ငံေရးသမားေတြကိုပါ ထည့္သြင္းလာတာပါ။
................................................
{{Unicode}}
မြန်မာစစ်အာဏာသိမ်းကောင်စီမှာပါဝင်တဲ့ အရပ်သားနိုင်ငံရေးသမားတွေကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ မြန်မာ စစ်အာဏာသိမ်းမှုနဲ့ဆက်စပ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥရောပသမဂ္ဂ EU က အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီးချမှတ်လိုက်တာပါ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အာဏာသိမ်းမှုမှာဝင်ပတ်သက်မှုရှိတဲ့ လူပုဂ္ဂိုလ် ၁၀ ယောက်အပြင် မြန်မာစစ်တပ်ကထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီး ၂ ခုကို ပစ်မှတ်ထား အရေးယူလိုက်တဖြစ်တယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell ကတနင်္လာနေ့မှာပြောပါတယ်။
စီးပွားရေးလုပ်ငန်းကြီး နှစ်ခုကတော့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့လူပုဂ္ဂိုလ်အားလုံး မြန်မာ့ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားသွားအောင်လုပ်ဆောင်တဲ့နေရာမှာ တာဝန်ရှိတဲ့လူပုဂ္ဂိုလ်တွေဖြစ်သလို လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ဆက်လက် ဖိနှိပ်တဲ့နေရာမှာ ပါဝင်ပတ်သက်သူတွေဖြစ်တယ်လို့ EU ကဧပြီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာဖော်ပြထားပါတယ်။
ခုပြစ်ဒဏ်ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက တာဝန်ပေးအပ်ထားတဲ့ အရပ်သားတွေဖြစ်ပါတယ်။ အဲဒီလို ပစ်မှတ်ထားဒဏ်ခတ်ခံရတဲ့သူတွေကတော့ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးချစ်နိုင်( ချစ်နိုင် - စိတ်ပညာ) တို့ဖြစ်ကြပါတယ်။ ဦးချစ်နိုင်က စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်ပြီး ကျန်သူတွေကတော့ စစ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။
အခုဆိုရင် EU ဒဏ်ခတ်အရေးယူလိုက်တဲ့စာရင်းမှာ လူပုဂ္ဂိုလ် ၃၅ ဦးနဲ့ စီးပွါးရေးလုပ်ငန်းကြီးက ၂ ခုရှိသွားပါပြီ။ အဲဒီလူပုဂ္ဂိုလ်တွေအနေနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ဝင်ရောက်ခွင့်မရှိသလို သူတို့ရဲ့ပိုင်ဆိုင်မှုတွေလည်း ထိန်းချုပ်ခံထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် EU နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့လည်း တွဲဖက်လုပ်ကိုင်ခွင့်ပိတ်ထားပါတယ်။
မြန်မာကို လက်နက်နဲ့ ပစ္စည်းကိရိယာ ရောင်းချခွင့်ကိုတော့ အရင်ကတည်းက ပိတ်ပင်ထားတာဖြစ်ပြီး အဲဒီဒဏ်ခတ်မှုတွေလည် ဆက်ပြီးတည်ရှိနေမှာဖြစ်ပါတယ်။ EU ဒဏ်ခတ်ခံရတဲ့ စာရင်းထဲ အရင်တုန်းက အာဏာသိမ်းစစ်ခေါင်းဆောင်တွေပဲ အဓိက ပါဝင်တာဖြစ်ပေမယ့်၊ အခုတခေါက်မှာတော့ စစ်ကောင်စီနဲ့ဆက်နွယ်တဲ့ အရပ်သားနိုင်ငံရေးသမားတွေကိုပါ ထည့်သွင်းလာတာပါ။