သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေခါင္းေဆာင္ ၁၀ ဦး၊ MEHL နဲ႔ MEC တို႔ေပၚ EU အေရးယူမယ္


FILE - European Union flags flutter outside EU Commission headquarters in Brussels, Belgium, Oct. 28, 2015.

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အာဏာသိမ္းလုိက္တဲ့ စစ္ေကာင္စီနဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ လူပုဂၢဳိလ္ ၁၀ ဦးကုိ အီးယူ ဥေရာပသမဂၢက ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္လုိက္ၿပီး စစ္တပ္ပုိင္ စီးပြားေရးလုပ္ငန္း ၂ ခုျဖစ္တဲ့ ျမန္မာ့စီးပြားေရး ဦးပုိင္လီမိတက္နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပုိေရးရွင္းတုိ႔ကုိလည္း အီးယူက ပထမဆုံးအႀကိမ္အျဖစ္ အေရးယူမႈေတြ ျပဳလုပ္ေတာ့မယ္လုိ႔ သံတမန္ ၂ ဦးရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး ရုိက္တာသတင္းမွာ ေရးပါတယ္။

ေရွ႕သီတင္းပတ္အတြင္း စတင္ အသက္၀င္မယ့္ ဒီ ဒဏ္ခတ္ အေရးယူမႈက စစ္တပ္ပုိင္ စီးပြားလုပ္ငန္း ၂ ခုကုိ ပစ္မွတ္ထားေၾကာင္းလည္း သတင္းမွာ ေဖာ္ျပထားပါတယ္။ အခုလုိ အေရးယူႏုိင္ေရး အီးယူအေနနဲ႔ စဥ္းစားေနေၾကာင္း မတ္လ ၈ ရက္ေန႔ကတည္းက ရုိက္တာမွာ ေဖာ္ျပထားၿပီးလည္း ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံအေပၚ စစ္လက္နက္ တင္ပုိ႔ေရာင္းခ်မႈ ပိတ္ပင္ကန္႔သတ္တာနဲ႔ စစ္အရာရွိ ၁၁ ဦးတုိ႔အေပၚ ဒဏ္ခတ္ အေရးယူမႈေတြကုိ ၿပီးခဲ့တဲ့လအတြင္း အီးယူက ခ်မွတ္ခဲ့ၿပီးျဖစ္ေပမယ့္ စစ္တပ္ပုိင္ကုမၸဏီ ၂ ခုကုိ အေရးယူမယ့္ ဒီ ဒဏ္ခတ္မႈအသစ္ဟာ ျမန္မာႏုိင္ငံမွာ ႏုိဘဲၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစုိးရကုိျဖဳတ္ခ်ၿပီးတဲ့အေနာက္ အီးယူရဲ႕ ဒဏ္ခတ္ အေရးယူမႈေတြထဲ သိသာ အထင္ရွားဆုံးလည္း ျဖစ္ပါတယ္။

“ဆုံးျဖတ္ခ်က္မူၾကမ္းကုိ အတည္ျပဳေတာ့မွာပါ။ လူပုဂၢဳိလ္ ၁၀ ဦးနဲ႔ ကုမၸဏီ ၂ ခုဆုိတာေတာ့ သေဘာတူထားၾကၿပီး ျဖစ္ပါတယ္။ စစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ ဘယ္ကုမၸဏီေတြကုိ ထပ္ျဖည့္သြင္းမလဲဆုိတဲ့ကိစၥကုိ ေဆြးေႏြးေနၾကတာပါ၊ ၂ ခုကုိေတာ့ သေဘာတူထားၿပီး ျဖစ္ပါတယ္” - လုိ႔ ဥေရာပ သံတမန္ေတြေျပာတာကုိ ကုိးကားၿပီး ရုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီ ဒဏ္ခတ္အေရးယူမႈအတြက္ အီးယူအဖြဲ႔၀င္ ၂၇ ႏုိင္ငံစလုံးက သေဘာတူထားၿပီးျဖစ္ၿပီး အီးယူႏုိင္ငံေတြက ရင္းႏွီးျမဳပ္ႏွံသူေတြအေနနဲ႔ ျမန္မာ့စီးပြားေရးဦးပုိင္ကုမၸဏီ လီမိတက္ (MEHL) နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပုိေရးရွင္း (MEC) တုိ႔မွာ စီးပြားလုပ္ကုိင္ခြင့္ကုိ ပိတ္ပင္လုိက္တာ ျဖစ္ပါတယ္။

ဒီ ဒဏ္ခတ္ အေရးယူမႈအသစ္ဟာ အေမရိကန္နဲ႔ ၿဗိတိန္တုိ႔က ျမန္မာစစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ ကုမၸဏီေတြအေပၚ အေရးယူ ပိတ္ဆုိ႔မႈေတြ ခ်မွတ္အၿပီး လုိက္လံ လုပ္ေဆာင္တာ ျဖစ္ပါတယ္။ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ တျခား ထိပ္တန္း စစ္ဘက္အရာရွိ ၁၀ ဦးတုိ႔အေပၚ အီးယူက မတ္လ ၂၂ ရက္ေန႔မွာ အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။

...................................................

{{Unicode}}
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကို အီးယူ ဥရောပသမဂ္ဂက ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လိုက်ပြီး စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကိုလည်း အီးယူက ပထမဆုံးအကြိမ်အဖြစ် အရေးယူမှုတွေ ပြုလုပ်တော့မယ်လို့ သံတမန် ၂ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ရှေ့သီတင်းပတ်အတွင်း စတင် အသက်ဝင်မယ့် ဒီ ဒဏ်ခတ် အရေးယူမှုက စစ်တပ်ပိုင် စီးပွားလုပ်ငန်း ၂ ခုကို ပစ်မှတ်ထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ အခုလို အရေးယူနိုင်ရေး အီးယူအနေနဲ့ စဉ်းစားနေကြောင်း မတ်လ ၈ ရက်နေ့ကတည်းက ရိုက်တာမှာ ဖော်ပြထားပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်တာနဲ့ စစ်အရာရှိ ၁၁ ဦးတို့အပေါ် ဒဏ်ခတ် အရေးယူမှုတွေကို ပြီးခဲ့တဲ့လအတွင်း အီးယူက ချမှတ်ခဲ့ပြီးဖြစ်ပေမယ့် စစ်တပ်ပိုင်ကုမ္ပဏီ ၂ ခုကို အရေးယူမယ့် ဒီ ဒဏ်ခတ်မှုအသစ်ဟာ မြန်မာနိုင်ငံမှာ နိုဘဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီးတဲ့အနောက် အီးယူရဲ့ ဒဏ်ခတ် အရေးယူမှုတွေထဲ သိသာ အထင်ရှားဆုံးလည်း ဖြစ်ပါတယ်။

“ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုတော့မှာပါ။ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုဆိုတာတော့ သဘောတူထားကြပြီး ဖြစ်ပါတယ်။ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဘယ်ကုမ္ပဏီတွေကို ထပ်ဖြည့်သွင်းမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးနေကြတာပါ၊ ၂ ခုကိုတော့ သဘောတူထားပြီး ဖြစ်ပါတယ်” - လို့ ဥရောပ သံတမန်တွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီ ဒဏ်ခတ်အရေးယူမှုအတွက် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက သဘောတူထားပြီးဖြစ်ပြီး အီးယူနိုင်ငံတွေက ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့မှာ စီးပွားလုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒီ ဒဏ်ခတ် အရေးယူမှုအသစ်ဟာ အမေရိကန်နဲ့ ဗြိတိန်တို့က မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်အပြီး လိုက်လံ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ထိပ်တန်း စစ်ဘက်အရာရှိ ၁၀ ဦးတို့အပေါ် အီးယူက မတ်လ ၂၂ ရက်နေ့မှာ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG