သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပမႈေခ်မႈန္းသူ အီရန္အရာရွိႀကီး ၈ ဦး အေပၚ EU ဒဏ္ခတ္ အေရးယူ


အီရန္ေတာ္လွန္ေရးအေစာင့္တပ္ အႀကီးအကဲ Hossein Salami

(Zawgyi/Unicode)

အီရန္ေတာ္လွန္ေရးအေစာင့္တပ္ အႀကီးအကဲ Hossein Salami ၊ အီရန္တပ္မွဴးေတြ နဲ႔ အီရန္ရဲခ်ဳပ္ေတြ အပါအဝင္ ၈ ဦး အေပၚ အီးယူ ဥေရာပသမဂၢက အေရးယူဒဏ္ခတ္လိုက္ပါတယ္။ သူတို႔ဟာ အီရန္မွာ ၂၀၁၉ တုန္းကျဖစ္ပြားခဲ့တဲ့ လူထုဆႏၵျပမႈေတြကို ေခ်မႈန္းရာမွာ အဓိကက႑ကေန ပါဝင္ခဲ့သူေတြ ျဖစ္တာေၾကာင့္ အခုလို အေရးယူတာ ျဖစ္ေၾကာင္း အီးယူကေျပာပါတယ္။

ခ်က္ခ်င္းသက္ေရာက္မွာ ျဖစ္တဲ့ အီးယူရဲ႕ အေရးယူမႈကေန ဒီလူပုဂၢိဳလ္ ၈ ဦးရဲ႕ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္လိုက္တဲ့အျပင္ အီးယူအဖြဲ႔ဝင္ ႏိုင္ငံေတြကို ခရီးသြားလာခြင့္လည္း ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ ဒါဟာ အီရန္အေပၚ ၂၀၁၃ ကစၿပီး ပထမဆံုးအႀကိမ္အျဖစ္ အီးယူက အေရးယူလိုက္တာျဖစ္ပါတယ္။

အီရန္ေတာ္လွန္ေရးအေစာင့္တပ္ အႀကီးအကဲ Hossein Salami ဟာ ၂၀၁၉ လူထုဆႏၵျပပြဲကို လူေသေစတဲ့အထိ အင္အားအလြန္အကၽြံသံုးဖို႔ အမိန္႔ေပးခဲ့တာေၾကာင့္ အီရန္မွာျဖစ္ပြားတဲ့ဆိုးဝါးတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ အတြက္ တာဝန္ခံရမွာ ျဖစ္ေၾကာင္းလည္း အီးယူက ေျပာပါတယ္။

တဟီရန္က အက်ဥ္းေထာင္ ၂ ခု အပါအဝင္ အက်ဥ္းေထာင္ ၃ ခု ကိုပါအေရးယူခဲ့တာ ျဖစ္ၿပီး အဲဒီအက်ဥ္းေထာင္ေတြဟာ ၂၀၁၉ ဆႏၵျပသူေတြကိုထိန္းသိမ္းထားၿပီး ႏွိပ္စက္ၫွဥ္းပမ္းခဲ့တဲ့ ေနရာေတြ ျဖစ္တာေၾကာင့္ လို႔အီးယူက ေျပာပါတယ္။

အဲဒီအခ်ိန္က ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈေတြကေန ေသဆံုးခဲ့ရသူ ၃၀၄ ေယာက္ထက္မနည္း ရွိေနတယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားၿပီး ဒီလိုႏွိမ္နင္းမႈေတြ အတြက္ တာဝန္ရွိသူေတြ အခုထိ အေရးယူမခံရေသးဘူးလို႔ အီရန္လူ႔အခြင့္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္က မတ္လထဲမွာ ေျပာၾကားခဲ့တဲ့ေနာက္ အခုလို အီးယူရဲ႕ အေရးယူမႈထြက္ေပၚလာတာပါ။

အီရန္နဲ႔ အင္အားႀကီးႏိုင္ငံေတြၾကားရရွိထားတဲ့ ၂၀၁၅ ႏ်ဴကလီယား သေဘာတူစာခ်ဳပ္ ျပန္အသက္ဝင္လာဖို႔ လုပ္ေနခ်ိန္မွာ အခုလို အီးယူကအေရးယူဒဏ္ခတ္ခဲ့တာျဖစ္ၿပီး ဒီႏ်ဴကလီယား သေဘာတူညီမႈနဲ႔ ပတ္သက္လို႔ ေတာ့ သံတမန္ေရး အရ ဆက္လက္ ေဆာင္ရြက္မွာ ျဖစ္သလို အထိခိုက္ခံမွာ မဟုတ္ေၾကာင္း အီးယူက ေျပာပါတယ္။

“အီရန္ႏ်ဴကလီယားအေရး သေဘာတူညီမႈဆိုင္ရာ ျပႆနာေတြ ေျဖရွင္းဖို႔ သံတမန္ေရးေဆာင္ရြက္မႈေတြ ထိခိုက္ေစမယ့္ ဘယ္ႀကိဳးပမ္း မ်ိဳးကိုမဆို လက္ခံမွာ မဟုတ္ေၾကာင္း” အီးယူႏိုင္ငံျခားေရးဆိုင္ရာ ေျပာခြင့္ရ Peter Stano ကေျပာ သြားတာပါ။

အေမရိကန္က သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္မွာ ဒီသေဘာတူညီခ်က္ကေန ႏုတ္ထြက္ထားရာကေန အခု အီရန္နဲ႔ တဆင့္ခံေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတာျဖစ္ၿပီး အေမရိကန္အပါအဝင္ သေဘာတူညီခ်က္ပါအဖြဲ႔အစည္းအားလံုးနဲ႔ ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း လည္း အီးယူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဆန္ဒပြမှု ချေမှုန်းသူ အီရန်အရာရှိကြီး ၈ ဦး အပေါ် EU ဒဏ်ခတ် အရေးယူ

(Unicode)

အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ Hossein Salami ၊ အီရန်တပ်မှူးတွေ နဲ့ အီရန်ရဲချုပ်တွေ အပါအဝင် ၈ ဦး အပေါ် အီးယူ ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်လိုက်ပါတယ်။ သူတို့ဟာ အီရန်မှာ ၂၀၁၉ တုန်းကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြမှုတွေကို ချေမှုန်းရာမှာ အဓိကကဏ္ဍကနေ ပါဝင်ခဲ့သူတွေ ဖြစ်တာကြောင့် အခုလို အရေးယူတာ ဖြစ်ကြောင်း အီးယူကပြောပါတယ်။

ချက်ချင်းသက်ရောက်မှာ ဖြစ်တဲ့ အီးယူရဲ့ အရေးယူမှုကနေ ဒီလူပုဂ္ဂိုလ် ၈ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တဲ့အပြင် အီးယူအဖွဲ့ဝင် နိုင်ငံတွေကို ခရီးသွားလာခွင့်လည်း ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အီရန်အပေါ် ၂၀၁၃ ကစပြီး ပထမဆုံးအကြိမ်အဖြစ် အီးယူက အရေးယူလိုက်တာဖြစ်ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲ Hossein Salami ဟာ ၂၀၁၉ လူထုဆန္ဒပြပွဲကို လူသေစေတဲ့အထိ အင်အားအလွန်အကျွံသုံးဖို့ အမိန့်ပေးခဲ့တာကြောင့် အီရန်မှာဖြစ်ပွားတဲ့ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ခံရမှာ ဖြစ်ကြောင်းလည်း အီးယူက ပြောပါတယ်။

တဟီရန်က အကျဉ်းထောင် ၂ ခု အပါအဝင် အကျဉ်းထောင် ၃ ခု ကိုပါအရေးယူခဲ့တာ ဖြစ်ပြီး အဲဒီအကျဉ်းထောင်တွေဟာ ၂၀၁၉ ဆန္ဒပြသူတွေကိုထိန်းသိမ်းထားပြီး နှိပ်စက်ညှဉ်းပမ်းခဲ့တဲ့ နေရာတွေ ဖြစ်တာကြောင့် လို့အီးယူက ပြောပါတယ်။

အဲဒီအချိန်က ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကနေ သေဆုံးခဲ့ရသူ ၃၀၄ ယောက်ထက်မနည်း ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ဒီလိုနှိမ်နင်းမှုတွေ အတွက် တာဝန်ရှိသူတွေ အခုထိ အရေးယူမခံရသေးဘူးလို့ အီရန်လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မတ်လထဲမှာ ပြောကြားခဲ့တဲ့နောက် အခုလို အီးယူရဲ့ အရေးယူမှုထွက်ပေါ်လာတာပါ။

အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြားရရှိထားတဲ့ ၂၀၁၅ နျူကလီယား သဘောတူစာချုပ် ပြန်အသက်ဝင်လာဖို့ လုပ်နေချိန်မှာ အခုလို အီးယူကအရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပြီး ဒီနျူကလီယား သဘောတူညီမှုနဲ့ ပတ်သက်လို့ တော့ သံတမန်ရေး အရ ဆက်လက် ဆောင်ရွက်မှာ ဖြစ်သလို အထိခိုက်ခံမှာ မဟုတ်ကြောင်း အီးယူက ပြောပါတယ်။

“အီရန်နျူကလီယားအရေး သဘောတူညီမှုဆိုင်ရာ ပြဿနာတွေ ဖြေရှင်းဖို့ သံတမန်ရေးဆောင်ရွက်မှုတွေ ထိခိုက်စေမယ့် ဘယ်ကြိုးပမ်း မျိုးကိုမဆို လက်ခံမှာ မဟုတ်ကြောင်း” အီးယူနိုင်ငံခြားရေးဆိုင်ရာ ပြောခွင့်ရ Peter Stano ကပြော သွားတာပါ။

အမေရိကန်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ ဒီသဘောတူညီချက်ကနေ နုတ်ထွက်ထားရာကနေ အခု အီရန်နဲ့ တဆင့်ခံဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး အမေရိကန်အပါအဝင် သဘောတူညီချက်ပါအဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း လည်း အီးယူက ပြောပါတယ်။

XS
SM
MD
LG