သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

န်ဴကလီယား သေဘာတူညီမႈ ျပန္လည္အသက္၀င္ေရး ကန္နဲ႔ အီရန္ ဘယ္ဘက္ကစ အေလွွ်ာ႔ေပးရမလဲ


အီရန္ စစ္သေဘၤာ

[ ZAWGYI ]

အီရန္နဲ႔ အင္အားႀကီးႏိုင္ငံေတြၾကား ၂၀၁၅ တုန္းကရရွိထားတဲ့ ႏ်ဴကလီယား သေဘာတူညီခ်က္ အတိုင္း အီရန္ဘက္က ျပန္ၿပီး မလိုက္နာ မခ်င္း အီရန္အေပၚ အေမရိကန္ဘက္က ခ်မွတ္ ထားတဲ့ဒဏ္ခတ္အေရးယူမႈေတြကို ရုတ္သိမ္းေပးမွာ မဟုတ္ဖူးလို႔ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာၾကားလိုက္ပါတယ္။

အီရန္ေခါင္းေဆာင္ႀကီး Ayatollah Ali Khamenei ကေတာ့ အေမရိကန္ဘက္က ဒဏ္ခတ္မႈေတြ ရုတ္သိမ္းေပးမွ ျပန္လိုက္နာမွာ ျဖစ္ေၾကာင္ တနဂၤေႏြေန႔မွာ ေျပာပါတယ္။

" အီရန္က အခုလက္ရွိမွာ သေဘာတူညီခ်က္ပါ အခ်က္တခ်ိဳ႕ကို မလိုက္နာပဲေနေပမယ့္ ဒီ သေဘာတူညီခ်က္အတိုင္း အီရန္ ျပန္လိုက္နာေစခ်င္တယ္ဆိုရင္ အေမရိကန္ဘက္က ဒဏ္ခတ္အေရးယူထားတာအားလံုးကို လံုးဝပယ္ဖ်က္ေပးရမွာ ျဖစ္ေၾကာင္းနဲ႔ ဒါကို လက္ေတြ႔ျပသရမွာ ျဖစ္ေၾကာင္း " ေျပာသြားတာပါ။

အီရန္နဲ႔အင္အားႀကီး ၆ ႏိုင္ငံၾကား ရရွိထားတဲ့ သေဘာတူညီခ်က္အရ ႏ်ဴကလီယား လက္နက္ ထုတ္ႏိုင္တဲ့ ယူေရနီယံသန္႔စင္မႈ ပမာဏကို အီရန္ဘက္က ေလ ွ်ာ့ခ်ရမွာ ျစဖ္ၿပီး အျပန္အလွန္ အေနနဲ႔ အေမရိကန္နဲ႔ တျခားႏိုင္ငံေတြက အေရးယူ ဒဏ္ခတ္မႈေတြ ေျဖေလ ွ်ာ့ ေပးရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီသေဘာတူညီခ်က္ဟာ အီရန္ကို အသာစီးေပးထားတာ ျဖစ္ေနတယ္လို႔ ေျပာၿပီး အရင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၂၀၁၈ မွာ ဒီသေဘာတူညီခ်က္ကေန ႏႈတ္ထြက္ၿပီး အေရးယူ ဒဏ္ခတ္မႈေတြ ျပန္လည္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အီရန္က သေဘာတူညီခ်က္ပါ ကန္႔သတ္ခ်က္ေတြကို တခုၿပီး တခု ခ်ိဳးေဖါက္လာတာ ျဖစ္ၿပီး သန္႔စင္မႈပမာဏ နည္းပါးတဲ့ ယူေရနီယံေတြ တိုးၿပီးစုေဆာင္းတာ၊ ယူေရနီယံ သန္႔စင္မႈကို ကန္႔သတ္ပမာဏထက္ တိုးျမွင့္တာ အပါအဝင္ ေခတ္မွီ ဗဟိုခြါအားသံုးစက္ေတြနဲ႔ သန္႔စင္မႈေတြတိုး လုပ္လာခဲ့တာပါ။

အေမရိကန္ သမၼတသစ္ ဂ်ိဳးဘိုင္ဒန္က အီရန္အေနနဲ႔ သေဘာတူညီခ်က္အတိုင္း တိတိက်က် ျပန္လိုက္နာမယ္ ဆိုရင္ ဒီသေဘာတူညီခ်က္မွာ အေမရိကန္ ျပန္ပါဝင္မယ္လို႔ ၿပီးခဲ့တဲလက ေျပာၾကားထား သလို အီရန္ ႏ်ဴကလီယား သေဘာတူညီခ်က္ အတြက္ ေဆြးေႏြးပြဲစကားဝိုင္းကို အီရန္ျပန္လာေအာင္ေတာ့ ဒီဒဏ္ခတ္ အေရးယူမႈေတြကို ရုတ္သိမ္း ေပးဖို႔ မရွိဘူးလို႔ အေမရိကန္ CBS သတင္းဌာနကို ေသာၾကာေန႔က ေျပာၾကားခဲ့တာပါ။

= = = = = =

တိုက္႐ိုက္ လင့္ခ္

[ UNICOD ]

နျူကလီယား သဘောတူညီမှု ပြန်လည်အသက်ဝင်ရေး ကန်နဲ့ အီရန် ဘယ်ဘက်ကစ အလျှော့ပေးရမလဲ

အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅ တုန်းကရရှိထားတဲ့ နျူကလီယားသဘောတူညီချက် အတိုင်း အီရန်ဘက်က ပြန်ပြီး မလိုက်နာ မချင်း အီရန်အပေါ် အမေရိကန်ဘက်က ချမှတ် ထားတဲ့ဒဏ်ခတ်အရေးယူမှုတွေကို ရုတ်သိမ်းပေးမှာ မဟုတ်ဖူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကတော့ အမေရိကန်ဘက်က ဒဏ်ခတ်မှုတွေ ရုတ်သိမ်းပေးမှ ပြန်လိုက်နာမှာ ဖြစ်ကြောင် တနင်္ဂနွေနေ့မှာ ပြောပါတယ်။

" အီရန်က အခုလက်ရှိမှာ သဘောတူညီချက်ပါ အချက်တချို့ကို မလိုက်နာပဲနေပေမယ့် ဒီ သဘောတူညီချက်အတိုင်း အီရန် ပြန်လိုက်နာစေချင်တယ်ဆိုရင် အမေရိကန်ဘက်က ဒဏ်ခတ်အရေးယူထားတာအားလုံးကို လုံးဝပယ်ဖျက်ပေးရမှာ ဖြစ်ကြောင်းနဲ့ ဒါကို လက်တွေ့ပြသရမှာ ဖြစ်ကြောင်း " ပြောသွားတာပါ။

အီရန်နဲ့အင်အားကြီး ၆ နိုင်ငံကြား ရရှိထားတဲ့ သဘောတူညီချက်အရ နျူကလီယားလက်နက် ထုတ်နိုင်တဲ့ ယူရေနီယံသန့်စင်မှု ပမာဏကို အီရန်ဘက်က လေ ျှာ့ချရမှာ စြဖ်ပြီး အပြန်အလှန် အနေနဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ ဖြေလေ ျှာ့ ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီသဘောတူညီချက်ဟာ အီရန်ကို အသာစီးပေးထားတာ ဖြစ်နေတယ်လို့ ပြောပြီး အရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ မှာ ဒီသဘောတူညီချက်ကနေ နှုတ်ထွက်ပြီး အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အီရန်က သဘောတူညီချက်ပါ ကန့်သတ်ချက်တွေကို တခုပြီး တခု ချိုးဖေါက်လာတာ ဖြစ်ပြီး သန့်စင်မှုပမာဏ နည်းပါးတဲ့ ယူရေနီယံတွေ တိုးပြီးစုဆောင်းတာ၊ ယူရေနီယံ သန့်စင်မှုကို ကန့်သတ်ပမာဏထက် တိုးမြှင့်တာ အပါအဝင် ခေတ်မှီ ဗဟိုခွါအားသုံးစက်တွေနဲ့ သန့်စင်မှုတွေတိုး လုပ်လာခဲ့တာပါ။

အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒန်က အီရန်အနေနဲ့ သဘောတူညီချက်အတိုင်း တိတိကျကျ ပြန်လိုက်နာမယ် ဆိုရင် ဒီသဘောတူညီချက်မှာ အမေရိကန် ပြန်ပါဝင်မယ်လို့ ပြီးခဲ့တဲလက ပြောကြားထား သလို အီရန် နျူကလီယား သဘောတူညီချက် အတွက် ဆွေးနွေးပွဲစကားဝိုင်းကို အီရန်ပြန်လာအောင်တော့ ဒီဒဏ်ခတ် အရေးယူမှုတွေကို ရုတ်သိမ်း ပေးဖို့ မရှိဘူးလို့ အမေရိကန် CBS သတင်းဌာနကို သောကြာနေ့က ပြောကြားခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG