(Zawgyi/Unicode)
အင်ဒိုနီးရှားရေပိုင်နက် အတွင်း တရားမဝင် ရေနံ လွှဲပြောင်းမှု သံသယနဲ့ အီရန် ရေနံတင် သဘောၤနဲ့ ပနားမား ကုန်တင် သဘောၤကို ဖမ်းဆီးကြောင်း တနလာၤနေ့မှာ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
ရေနံစိမ်းတင် သဘောၤတွေ ဖြစ်တဲ့ အီရန် အလံတင် MT Horse နဲ့ ပနားမား အလံတင် MT Freya တို့ကို Borneo ကျွန်းပေါ်က အင်ဒိုနီးရှား နိုင်ငံပိုင်နက် Kalimantan ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရေဒီယို အချက်ပေး စနစ်နဲ့ ဆက်သွယ် မေးမြန်းမှုကို သဘောၤဝန်ထမ်းတွေက မတုံ့ပြန်ခဲ့တဲ့နောက်မှာ သဘောၤတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အာဏာပိုင်တို့က ပြောပါတယ်။
အမှုထမ်းတွေဟာ ဥပဒေ ချိုးဖောက်မှု အများအပြား အတွက် သံသယ ရှိထားကြောင်းလည်း အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေး ဌာနက ပြောဆိုထားပါတယ်။ အဲဒီ ချိုးဖောက်မှုတွေထဲမှာတော့ သဘောၤတွေမှာ နိုင်ငံ အလံကို လွှင့်ထူဖို့ ပျက်ကွက်မှု၊ သဘောၤတွေကို ထောက်လှမ်းစုံစမ်းလို့ မရနိုင်အောင် သဘောၤရဲ့ ID စနစ်တွေကို ပိတ်ထားမှု၊ နောက် တရားမဝင် ရေနံ လွှဲပြောင်းမှုတွေလည်း ပါဝင်ပါတယ်။
တနင်္ဂနွေနေ့မှာ သဘောၤတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သဘောၤဝန်ထမ်းတွေကို မေးမြန်း စစ်ဆေးနေကြောင်းလည် အင်ဒိုနီးရှား ရေကြောင်း လုံခြုံရေး ဌာန ပြောခွင့်ရက ပြောပါတယ်။
အီရန် အလံတင် MT Horse က အီရန် ရေနံတွေ တင်ဆောင်သွားတာ ဖြစ်ကြောင်း အီရန် ရေနံဓာတု ဝန်ကြီးဌာန ဝန်ကြီးက နိုင်ငံပိုင် IRNA သတင်းအေဂျင်စီကို ပြောဆိုထားပြီး အခြေအနေကို စောင့်ကြည့်နေကြောင်းပြောဆိုထားပါတယ်။
အခု အီရန် အလံတင် သဘောၤကို အင်ဒိုနီးရှားဘက်က ဖမ်းဆီးမှုဟာဆိုရင် ဒီလ အစောပိုင်တုန်းက ကိုရီးယား သဘောၤကို အီရန်ဘက်က ဖမ်းဆီးမှုနဲ့ ဆက်စပ်မှု ရှိသလားဆိုတာကိုတော့ အီရန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ မြန်မာ သဘောၤသား အများစု ပါဝင်တဲ့ တောင်ကိုရီးယား အလံတင် Hankuk Chemi ကို အီရန် တော်လှန်ရေး ပြည်စောင့်တပ်က ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးထားတာပါ။
..............
(Unicode)