သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရေနံတင်သင်္ဘော ပင်လယ်နီတွင်း တိုက်ခိုက်ခံရ


အီရန်ရေနံတင်သင်္ဘော တ စီး (သြဂုတ်၊ ၁၈၊ ၂၀၁၉)
အီရန်ရေနံတင်သင်္ဘော တ စီး (သြဂုတ်၊ ၁၈၊ ၂၀၁၉)

Saudi Arabia ကမ်းလွန် ပင်လယ်နီထဲမှာ အီရန်ရေနံတင်သင်္ဘော တ စီး missile ဒုံး နှစ် ခု ထိမှန်ခဲ့တယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒုံးကျည်ထိမှန် ပေါက်ကွဲမှုကြောင့် ရေနံတင်သင်္ဘောရဲ့ စတိုခန်း နှစ်ခု ပျက်စီးသွားခဲ့ပြီး ရေနံတွေ ပင်လယ်နီထဲကို ယိုစိမ့်ထွက်ခဲ့တယ်လို့ အီရန်အစိုးရပိုင်ရုပ်သံ IRNA က သတင်းထုတ်ပြန်ပါတယ်။

ရေနံယိုစိမ့်မှုကို နောက်ပိုင်းမှာ ရပ်အောင် လုပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒုံးကျည်နဲ့ ပစ်ခံရတဲ့ သင်္ဘောဟာ Sabiti ဖြစ်တယ်လို့ National Iranian Tanker ကုမ္ပဏီရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

အီရန်နဲ့ Saudi Arabia ကြား တင်းမာမှု မြင့်မားနေချိန်မှာ Saudi ရဲ့ Jiddah ဆိပ်ကမ်းမြို့ ကမ်းလွန်နားမှာ အီရန်ရေနံတင်သင်္ဘောဒုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ အီရန်ဘက်က ပြောတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးသလို Saudi Arabia နိုင်ငံဘက်ကလည်း တစုံတရာပြောကြားခြင်း မရှိသေးပါဘူး ပြီးခဲ့တဲ့ လ တုန်းက Saudi Arabia နိုင်ငံက အဓိကရေနံချက် စက်ရုံကြီးတခုအပေါ် အဝေးထိန်း Drone ယာဉ်တွေ ပဲ့ထိန်းဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါဟာ အီရန်ရဲ့ လက်ချက်ဖြစ်တယ်လို့ Saudi ဘက်က ပြောထားပါတယ်။ အီရန်ဘက်ကတော့ အဲဒီတိုက်ခိုက်မှုက သူတို့နဲ့ မပတ်သက်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ အီရန်ရေနံတင်သင်္ဘော တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကြောင့် ရေနံဈေးတွေ ဒီနေ့ ၂ ရာခိုင်နှုန်းလောက် မြင့်တက်သွားခဲ့ပါတယ်။

[Unicode Version]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG