သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာ္ဒီေရနံတြင္း တုိက္ခိုက္မႈ အီရန္လက္ခ်က္အျဖစ္ ကန္သုံးသပ္


တုိက္ခုိက္ခံရၿပီးေနာက္ မီးေလာင္ေနသည့္ ေဆာ္ဒီေရနံခ်က္စက္႐ုံ။ (စက္တင္ဘာ ၁၄၊ ၂၀၁၉)

ေဆာ္ဒီအာေရးဗ်ရဲ႕ ေရနံလုပ္ငန္းႀကီးေတြ အေပၚ တိုက္ခုိက္ခဲ႔တဲ႔ ေမာင္းသူမဲ႔ ဒရုန္းယာဥ္ တစင္းနဲ႔ ဒံုးက်ည္က အီရန္ဘက္ကေန ေမွာင္ရိပ္ခိုၿပီး ပစ္ခတ္ခဲ႔တယ္ဆိုတဲ႔ အေထာက္အထားေတြ ပိုထြက္လာပါတယ္။ ေဆာ္ဒီရဲ႕ ေရနံထုတ္လုပ္မႈ ထက္၀က္ ေလ်ာ့က်သြားေစတဲ႔ ေရနံ လုပ္ငန္းေတြ အေပၚ တိုက္ခုိက္မႈကို သူတို႔ လုပ္ခဲ႔တာပါလို႔ ယီမင္ႏုိင္ငံက ဟူသီ သူပုန္ေတြက ေျပာဆိုထားတာပါ။

ဒါေပမယ့္ ရရွိထားတဲ႔ အေထာက္အထားေတြ အရေတာ့ ယီမင္ႏုိင္ငံတြင္းက ဟူသီသူပုန္ေတြရဲ႕ ေျပာဆိုခ်က္က မျဖစ္ႏုိင္တာေတြကို ေတြ႔ရတယ္လို႔ အေမရိကန္ တာ၀န္ရွိသူေတြက ေျပာပါတယ္။ အေမရိကန္ ကာကြယ္ေရး ဌာန တာ၀န္ရွိသူ တဦးကေတာ့ စစ္ေဆးခ်က္ေတြ အရ ဒီတိုက္ခုိက္မႈက ယီမင္ ဒါမွမဟုတ္လည္း အီရတ္ဘက္ကေန လုပ္ေဆာင္ခဲ႔တာ မဟုတ္ဘူးလို႔ အဂၤါေန႔မွာဘဲ ဗီြအိုေအကို ေျပာပါတယ္။

တိုက္ခုိက္ခဲ႔တဲ႔ ဒံုးက်ည္ အၾကြင္းအက်န္ေတြကို စံုစမ္းစစ္ေဆးဖို႔ ေဆာ္ဒီတာ၀န္ရွိသူေတြနဲ႔ အေမရိကန္ မႈခင္း စံုစမ္းေဖာ္ထုတ္ေရးဆိုင္ရာ အဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔လည္း သူက ေျပာပါတယ္။ စုေဆာင္းရယူထားတဲ႔ သက္ေသ အေထာက္အထားေတြ အားလံုး အရေတာ့ အီရန္ရဲ႕ လက္ခ်က္ဆိုတာကို ျပသေနတယ္လို႔လည္း အေမရိကန္ တာ၀န္ရွိသူေတြက ေျပာဆိုေနၾကတာပါ။

ေဆာ္ဒီရဲ႕ ေရနံ လုပ္ငန္း အေပၚ တိုက္ခိုက္ခဲ႔တဲ႔ ေမာင္းသူမဲ႔ ဒရုန္းယာဥ္ ၂၀ ေက်ာ္ဟာ အီရန္ဘက္က လႊတ္ခဲ႔တာလို႔ အမည္မေဖာ္တဲ႔ အေမရိကန္ တာ၀န္ရွိသူေတြက အဂၤါေန႔မွာ NBC News ကို ေျပာဆိုထားပါတယ္။ တိုက္ခိုက္ခဲ႔တဲ႔ မူရင္း ေဒသက အီရန္ အေနာက္ေတာင္ပိုင္း ျဖစ္တယ္လို႔ အရာရွိေတြ အေျပာကို ကိုးကားၿပီး ရိုက္တာ သတင္းေအဂ်င္စီက ေဖာ္ျပထားပါတယ္။ တခ်ိန္တည္းမွာဘဲ တိုက္ခုိက္ခဲ႔တဲ႔ ဒံုးက်ည္ေတြထဲက အနည္းဆံုး တစင္းကေတာ့ ကူ၀ိတ္ ေ၀ဟင္ပိုင္နက္ထဲကေန ျဖတ္သန္းလာခဲ႔ၿပီး ေဆာ္ဒီရွိရာ ေတာင္ဘက္ကို ဦးတည္သြားတာလို႔လည္း အစိုးရ တာ၀န္ရွိသူ တခ်ိဳ႕က CBS News ကို ေျပာဆိုထားပါတယ္။

.............

{Unicode}

ဆော်ဒီရေနံတွင်း တိုက်ခိုက်မှု အီရန်လက်ချက်အဖြစ် ကန်သုံးသပ်

ဆော်ဒီအာရေးဗျရဲ့ ရေနံလုပ်ငန်းကြီးတွေ အပေါ် တိုက်ခိုက်ခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် တစင်းနဲ့ ဒုံးကျည်က အီရန်ဘက်ကနေ မှောင်ရိပ်ခိုပြီး ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ပိုထွက်လာပါတယ်။ ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှု ထက်ဝက် လျော့ကျသွားစေတဲ့ ရေနံ လုပ်ငန်းတွေ အပေါ် တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာပါလို့ ယီမင်နိုင်ငံက ဟူသီ သူပုန်တွေက ပြောဆိုထားတာပါ။

ဒါပေမယ့် ရရှိထားတဲ့ အထောက်အထားတွေ အရတော့ ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်တွေရဲ့ ပြောဆိုချက်က မဖြစ်နိုင်တာတွေကို တွေ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် ကာကွယ်ရေး ဌာန တာဝန်ရှိသူ တဦးကတော့ စစ်ဆေးချက်တွေ အရ ဒီတိုက်ခိုက်မှုက ယီမင် ဒါမှမဟုတ်လည်း အီရတ်ဘက်ကနေ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာဘဲ ဗွီအိုအေကို ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည် အကြွင်းအကျန်တွေကို စုံစမ်းစစ်ဆေးဖို့ ဆော်ဒီတာဝန်ရှိသူတွေနဲ့ အမေရိကန် မှုခင်း စုံစမ်းဖော်ထုတ်ရေးဆိုင်ရာ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။ စုဆောင်းရယူထားတဲ့ သက်သေ အထောက်အထားတွေ အားလုံး အရတော့ အီရန်ရဲ့ လက်ချက်ဆိုတာကို ပြသနေတယ်လို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုနေကြတာပါ။

ဆော်ဒီရဲ့ ရေနံ လုပ်ငန်း အပေါ် တိုက်ခိုက်ခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် ၂၀ ကျော်ဟာ အီရန်ဘက်က လွှတ်ခဲ့တာလို့ အမည်မဖော်တဲ့ အမေရိကန် တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ NBC News ကို ပြောဆိုထားပါတယ်။ တိုက်ခိုက်ခဲ့တဲ့ မူရင်း ဒေသက အီရန် အနောက်တောင်ပိုင်း ဖြစ်တယ်လို့ အရာရှိတွေ အပြောကို ကိုးကားပြီး ရိုက်တာ သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ တချိန်တည်းမှာဘဲ တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေထဲက အနည်းဆုံး တစင်းကတော့ ကူဝိတ် ဝေဟင်ပိုင်နက်ထဲကနေ ဖြတ်သန်းလာခဲ့ပြီး ဆော်ဒီရှိရာ တောင်ဘက်ကို ဦးတည်သွားတာလို့လည်း အစိုးရ တာဝန်ရှိသူ တချို့က CBS News ကို ပြောဆိုထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG