သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔အႀကီးဆံုး ေဆာ္ဒီေရနံခ်က္စက္႐ံု တိုက္ခိုက္ခံရ


တုိက္ခုိက္ခံရၿပီးေနာက္ မီးေလာင္ေနသည့္ ေဆာ္ဒီေရနံခ်က္စက္႐ုံ။ (စက္တင္ဘာ ၁၄၊ ၂၀၁၉)

ေဆာ္ဒီအာေရဗ်ႏုိင္ငံထဲက Saudi Aramco ေရနံကုမၸဏီပိုင္ ကမၻာ့အႀကီးဆုံး ေရနံခ်က္စက္႐ုံနဲ႔ ေရနံလုပ္ကြက္ေတြကို ဒ႐ုန္းယာဥ္သုံးၿပီး တိုက္ခိုက္ခဲ့တာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ယီမင္ ဟူသီသူပုန္ေတြက ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။

အႀကီးအက်ယ္ မီးေလာင္သြားတဲ့ ေရနံခ်က္စက္႐ုံေတြဟာ ကမၻာ့စြမ္းအင္လိုအပ္ခ်က္အတြက္ သိပ္ကိုအေရးပါတဲ့ ေနရာေတြလည္း ျဖစ္ပါတယ္။ Buqyaq နဲ႔ Khurais ေရနံလုပ္ကြက္ေတြမွာ ခုလို မီးေလာင္မႈေၾကာင့္ ဒဏ္ရာရသူ ရွိမရွိဆိုတာနဲ႔ ေဆာ္ဒီအာေရဗ်ရဲ႕ ေရနံထုတ္လုပ္ေရးအေပၚ ဘယ္လိုသက္ေရာက္မႈရွိမလဲ ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

ကမၻာ့အင္အားႀကီးႏုိင္ငံေတြနဲ႔ အီရန္ၾကား သေဘာတူညီမႈရထားတဲ့ အီရန္ ႏ်ဴကလီးယားအေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ အီရန္ၾကား တင္းမာေနတဲ့ကာလမွာ ေဆာ္ဒီေရနံစက္႐ုံေတြ ခုလို တိုက္ခိုက္ခံရတ့ဲ ျဖစ္ရပ္ေၾကာင့္ ပါရွန္းပင္လယ္ေကြ႔ေဒသက အေျခအေနေတြ ပိုၿပီးတင္းမာလာမယ့္သေဘာ ရွိေနပါတယ္။

အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဟူသီသူပုန္ေတြကို ေဆာ္ဒီဦးေဆာင္တဲ့ ညြန္႔ေပါင္းတပ္ေတြက ယီမင္ႏုိင္ငံထဲမွာ ႏွစ္နဲ႔ခ်ီ တုိက္ခိုက္ေနတာပါ။ အြန္လုိင္းဗီဒီယိုမွာ ေတြ႔ရတ့ဲ ႐ုပ္ပုံေတြထဲမွာေတာ့ Buqyaq ေရနံစက္႐ုံ မီးေလာင္တာကို ေတြ႔ျမင္ရသလုိ ေသနတ္သံေတြကိုလည္း ၾကားရပါတယ္။ Abqaiq ကုမၸဏီပိုင္ ေရနံခ်က္စက္႐ုံေတြ မီးေလာင္ရာက ထြက္လာတဲ့ မီးခိုးလုံးႀကီးေတြကိုလည္း အေ၀းကေတာင္ ျမင္ၾကရတာပါ။

ဒ႐ုန္းယာဥ္ေတြနဲ႔ စတင္တုိက္ခိုက္လိုက္ခံရခ်ိန္မွာပဲ စၿပီး မီးေလာင္ခဲ့တာျဖစ္ၿပီး စုံစမ္းစစ္ေဆးမႈေတြ စတင္ေနၿပီလို႔ ျပည္ထဲေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ကို အစိုးရပိုင္ Saudi Press Agency သတင္းဌာနက ေဖာ္ျပပါတယ္။

ဟူသီစစ္ဘက္ေျပာခြင့္ရသူ Yahia Sarie ကလည္း ေရနံလုပ္ကြက္ထဲက ပစ္မွတ္ ၁၀ ခုကို သူတို႔ဒ႐ုန္းယာဥ္ေတြနဲ႔ တုိက္ခိုက္ခဲ့တာျဖစ္ၿပီး ေဆာ္ဒီအစိုးရလုပ္ရမယ့္ တခုတည္းေသာလုပ္ရပ္က သူတို႔ကို တုိက္ခိုက္ေနတဲ့လုပ္ရပ္ေတြ ရပ္မပစ္ရင္ အေျခအေနေတြ ဒီထက္ပိုဆိုးလာလိမ့္မယ္လို႔ ဟူသီ Al-Masirah သတင္းဌာကေန ေျပာဆိုသြားပါတယ္။

---------------

[Unicode Version]

ကမ္ဘာ့အကြီးဆုံး ဆော်ဒီရေနံချက်စက်ရုံ တိုက်ခိုက်ခံရ

ဆော်ဒီအာရေဗျနိုင်ငံထဲက Saudi Aramco ရေနံကုမ္ပဏီပိုင် ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံနဲ့ ရေနံလုပ်ကွက်တွေကို ဒရုန်းယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ဖြစ်တယ်လို့ ယီမင် ဟူသီသူပုန်တွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

အကြီးအကျယ် မီးလောင်သွားတဲ့ ရေနံချက်စက်ရုံတွေဟာ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်အတွက် သိပ်ကိုအရေးပါတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ Buqyaq နဲ့ Khurais ရေနံလုပ်ကွက်တွေမှာ ခုလို မီးလောင်မှုကြောင့် ဒဏ်ရာရသူ ရှိမရှိဆိုတာနဲ့ ဆော်ဒီအာရေဗျရဲ့ ရေနံထုတ်လုပ်ရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ကြား သဘောတူညီမှုရထားတဲ့ အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြား တင်းမာနေတဲ့ကာလမှာ ဆော်ဒီရေနံစက်ရုံတွေ ခုလို တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကြောင့် ပါရှန်းပင်လယ်ကွေ့ဒေသက အခြေအနေတွေ ပိုပြီးတင်းမာလာမယ့်သဘော ရှိနေပါတယ်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက ယီမင်နိုင်ငံထဲမှာ နှစ်နဲ့ချီ တိုက်ခိုက်နေတာပါ။ အွန်လိုင်းဗီဒီယိုမှာ တွေ့ရတဲ့ ရုပ်ပုံတွေထဲမှာတော့ Buqyaq ရေနံစက်ရုံ မီးလောင်တာကို တွေ့မြင်ရသလို သေနတ်သံတွေကိုလည်း ကြားရပါတယ်။ Abqaiq ကုမ္ပဏီပိုင် ရေနံချက်စက်ရုံတွေ မီးလောင်ရာက ထွက်လာတဲ့ မီးခိုးလုံးကြီးတွေကိုလည်း အဝေးကတောင် မြင်ကြရတာပါ။

ဒရုန်းယာဉ်တွေနဲ့ စတင်တိုက်ခိုက်လိုက်ခံရချိန်မှာပဲ စပြီး မီးလောင်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို အစိုးရပိုင် Saudi Press Agency သတင်းဌာနက ဖော်ပြပါတယ်။

ဟူသီစစ်ဘက်ပြောခွင့်ရသူ Yahia Sarie ကလည်း ရေနံလုပ်ကွက်ထဲက ပစ်မှတ် ၁၀ ခုကို သူတို့ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆော်ဒီအစိုးရလုပ်ရမယ့် တခုတည်းသောလုပ်ရပ်က သူတို့ကို တိုက်ခိုက်နေတဲ့လုပ်ရပ်တွေ ရပ်မပစ်ရင် အခြေအနေတွေ ဒီထက်ပိုဆိုးလာလိမ့်မယ်လို့ ဟူသီ Al-Masirah သတင်းဌာကနေ ပြောဆိုသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG