သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ဆိပ်ကမ်းမြို့ကနေ ဟူသီသူပုန်အဖွဲ့ စတင်ဆုတ်ခွာ


ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က Dodeida ဆိပ်ကမ်းမြို့မှာ အပစ်ရပ်စဲမှုကို စောင့်ကြည့်နေစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၈)
ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က Dodeida ဆိပ်ကမ်းမြို့မှာ အပစ်ရပ်စဲမှုကို စောင့်ကြည့်နေစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၈)

ယီမင်နိုင်ငံ Hodeida ဆိပ်ကမ်း မြို့ကနေ ဟူသီ သူပုန်အုပ်စုတွေ စတင်ဆုတ်ခွါနေပြီလို့ ကုလသမဂ္ဂ အရာရှိ တဦးက စနေနေ့မှာပြောပါတယ်။ ကုသမဂ္ဂကနေ ကမကထလုပ်ပြီး ဆွီဒင်နိုင်ငံမှာ ဒီလအစောပိုင်းက သဘော တူညီထားချက်တွေထဲမှာ ယီမင်နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ Hodeida မြို့ကို လက်လွှတ်ဖို့လည်း ပါပါတယ်။

ခုလို သူပုန်တပ်တွေ ဆုတ်ခွါနေတာဟာ ၄ နှစ်ကြာ ယီမင်ပြည်တွင်းစစ်ကို အဆုံးသတ်စေမယ့် သဘောတူညီမှု တွေထဲက အချက်တခုလည်းဖြစ်ပါတယ်။ ပြည်တွင်း စစ်ပွဲကာလအတွင်း အီရန်တို့ ကျောထောက်နောက်ခံ ပေး ထားတဲ့ ဟူသီသူပုန်တွေနဲ့ဆောိဒီအာရေဗျဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်တွေ ကျောထောက်နောက်ခံ ပေးနေ တဲ့ ယီမင်အစိုးရတပ်တွေ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

Hodeida မြို့မှာ တပတ်ကြာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် သူပုန်တပ်တွေစတင်ဆုတ်ခွါလာတာ ဖြစ်ပါတယ်။ Hodeida မြို့ဟာ ယီမင်နိုင်ငံအတွက် ဆေးဝါး၊ အစားအစာနဲ့လောင်စာဆီတွေ ၇၀ ရာခိုင်နှုန်း ဝင်ရောက်တဲ့ နေရာဖြစ်ပြီး ဟူသီသူပုန်တွေက ဒီမြို့ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ယီမင် နိုင်ငံက လူပေါင်း ၁၄ သန်းတို့ဟာစစ်ဘေးကြောင့် ငတ်မွတ်မှုဘေးနဲ့ ရင်ဆိုင်ရလုနီး အခြေအနေရောက်နေပြီး ဒါဟာ ကမ္ဘာပေါ်က အဆိုးဆုံး လူသားချင်းစာနာမှုဆိုင်ရာ ကဒ်ဘေးကြီး တခုဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

သူပုန်တွေဘယ်လောက် ဝေးဝေး ဆုတ်မလဲဆိုတာနဲ့ ဆိပ်ကမ်းကို ဘယ်သူထိန်းချုပ်မလဲဆိုတာ ကတေ့ာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG