အေမရိကန္ စစ္တပ္ဘက္က အီရန္ အေပၚ စစ္ေရး အရ တိုက္ခုိက္မႈ ရွိခဲ႔မယ္ဆိုရင္ေတာ့ အဲဒီ တိုက္ခုိက္မႈက ေဆာ္ဒီအာေရးဗ်က ေရနံ လုပ္ငန္းေတြ အေပၚ တိုက္ခုိက္ခဲ႔မႈနဲ႔ အခ်ိဳးအစား ညီမွ်တဲ႔ တိုက္ခိုက္မႈ ျဖစ္မယ္လို႔ အေမရိကန္ သမၼတ Donald Trump က ေျပာဆိုလုိက္ပါတယ္။
ေဆာ္ဒီ ေရနံ လုပ္ငန္းေတြ အေပၚ တို္က္ခိုက္မႈေတြ အတြက္ အီရန္ကို တည့္တည့္ရည္ညႊန္းၿပီး ျပစ္တင္လိုက္တဲ႔ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo ရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြက သမၼတ Trump ကို အိမ္ျဖဴေတာ္ ေတာင္ဘက္ ျမက္ခင္းျပင္မွာ ေမးျမန္းခဲ႔ၾကပါတယ္။ သမၼတ Trump ကေတာ့ သူ႔အေနနဲ႔လည္း အလားတူ ယူဆတဲ႔ အေၾကာင္း၊ တိုက္ခုိက္မႈ အတြက္ ဘယ္သူ႔မွာ တာ၀န္ရွိတယ္ဆိုတာကို အခ်ိန္တို အတြင္း အတိအက် သိရမွာပါလို႔လည္း သမၼတ Trump က ထပ္ေလာင္း ေျပာဆိုခဲ႔ပါတယ္။
ဒီမတိုင္ခင္ တနလာၤေန႔ ေန႔ခင္းပိုင္းတုန္းက ဘာရိန္း အိမ္ေရွ႕မင္းသား Salman Bin Hamad bin Isa Al Khalifa နဲ႔ အိမ္ျဖဴေတာ္ သမၼတ ရံုးခန္းမွာ ေတြ႔ဆံုေဆြးေႏြးမႈ အတြင္း သမၼတ Trump က သတင္းေထာက္ ေတြကို ေျပာဆိုတာမွာေတာ့ အီရန္နဲ႔ေတာ့ စစ္မျဖစ္လိုဘူးလို႔ ေျပာဆိုခဲ႔တာပါ။
သမိုင္းတေလွ်ာက္မွာ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ တျခားႏုိင္ငံေတြထက္ ပဋိပကၡအတြက္ ပိုၿပီး ျပင္ဆင္ခဲ႔ေၾကာင္း၊ ဒီလို ျပင္ဆင္ထားေပမယ့္လည္း ပဋိပကၡကို အေသအခ်ာ ေရွာင္ရွားလိုပါတယ္လို႔ သမၼတ Trump က ေျပာဆိုခဲ႔တာပါ။ အေမရိကန္ ျပည္ေထာင္စုဘက္က ေဆာ္ဒီအာေရးဗ်ကို ကာကြယ္ပါမယ္လို႔ သူ႔အေနနဲ႔ ကတိေပးထားသလားလို႔ သတင္းေထာက္ေတြက ေမးတာမွာေတာ့ သမၼတ Trump က ေဆာ္ဒီကို ဒီလို ကတိေပးထားတာ မရွိဘူးလို႔ တုံ႔ျပန္ခဲ႔ပါတယ္။
ေဆာ္ဒီအာေရးဗ်နဲ႔ အတူေတြ႔ၿပီး တခုခု ေဆာင္ရြက္ရမယ္လို႔လည္း သမၼတ Trump က ေျပာပါတယ္။ အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo နဲ႔ အေမရိကန္ အရာရွိ တခ်ိဳ႕ ေဆာ္ဒီကို သြားေရာက္မယ္လို႔လည္း သမၼတ Trump က ေၾကညာပါတယ္။ ကနဦး စံုစမ္းစစ္ေဆးခ်က္ေတြ အရေတာ့ တိုက္ခုိက္မႈမွာ အီရန္ရဲ႕ လက္နက္ေတြ အသံုးျပဳခဲ႔တယ္ဆိုတာမ်ိဳး ေတြ႔ရတယ္လို႔လည္း ေဆာ္ဒီ စစ္တပ္ ေျပာခြင့္ရက ေျပာဆိုထားပါတယ္။
.............
(Unicode)
အီရန်နဲ့စစ်မဖြစ်လို Trump ပြောကြား
အမေရိကန် စစ်တပ်ဘက်က အီရန် အပေါ် စစ်ရေး အရ တိုက်ခိုက်မှု ရှိခဲ့မယ်ဆိုရင်တော့ အဲဒီ တိုက်ခိုက်မှုက ဆော်ဒီအာရေးဗျက ရေနံ လုပ်ငန်းတွေ အပေါ် တိုက်ခိုက်ခဲ့မှုနဲ့ အချိုးအစား ညီမျှတဲ့ တိုက်ခိုက်မှု ဖြစ်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ဆော်ဒီ ရေနံ လုပ်ငန်းတွေ အပေါ် တိုက်ခိုက်မှုတွေ အတွက် အီရန်ကို တည့်တည့်ရည်ညွှန်းပြီး ပြစ်တင်လိုက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက သမ္မတ Trump ကို အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ မေးမြန်းခဲ့ကြပါတယ်။ သမ္မတ Trump ကတော့ သူ့အနေနဲ့လည်း အလားတူ ယူဆတဲ့ အကြောင်း၊ တိုက်ခိုက်မှု အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို အချိန်တို အတွင်း အတိအကျ သိရမှာပါလို့လည်း သမ္မတ Trump က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ဒီမတိုင်ခင် တနလာၤနေ့ နေ့ခင်းပိုင်းတုန်းက ဘာရိန်း အိမ်ရှေ့မင်းသား Salman Bin Hamad bin Isa Al Khalifa နဲ့ အိမ်ဖြူတော် သမ္မတ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးမှု အတွင်း သမ္မတ Trump က သတင်းထောက် တွေကို ပြောဆိုတာမှာတော့ အီရန်နဲ့တော့ စစ်မဖြစ်လိုဘူးလို့ ပြောဆိုခဲ့တာပါ။
သမိုင်းတလျှောက်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ တခြားနိုင်ငံတွေထက် ပဋိပက္ခအတွက် ပိုပြီး ပြင်ဆင်ခဲ့ကြောင်း၊ ဒီလို ပြင်ဆင်ထားပေမယ့်လည်း ပဋိပက္ခကို အသေအချာ ရှောင်ရှားလိုပါတယ်လို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုဘက်က ဆော်ဒီအာရေးဗျကို ကာကွယ်ပါမယ်လို့ သူ့အနေနဲ့ ကတိပေးထားသလားလို့ သတင်းထောက်တွေက မေးတာမှာတော့ သမ္မတ Trump က ဆော်ဒီကို ဒီလို ကတိပေးထားတာ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဆော်ဒီအာရေးဗျနဲ့ အတူတွေ့ပြီး တခုခု ဆောင်ရွက်ရမယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ အမေရိကန် အရာရှိ တချို့ ဆော်ဒီကို သွားရောက်မယ်လို့လည်း သမ္မတ Trump က ကြေညာပါတယ်။ ကနဦး စုံစမ်းစစ်ဆေးချက်တွေ အရတော့ တိုက်ခိုက်မှုမှာ အီရန်ရဲ့ လက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတာမျိုး တွေ့ရတယ်လို့လည်း ဆော်ဒီ စစ်တပ် ပြောခွင့်ရက ပြောဆိုထားပါတယ်။