သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရနံစိမ္းတစည္ ေဒၚလာတရာအထိ ေစ်းတက္လာႏိုင္


ေဆာ္ဒီ အာေရးဘီးယားႏုိင္ငံက ေရနံလုပ္ငန္းနဲ႔ဆိုင္တဲ့ ေနရာႏွစ္ခုကုိ စေနေန႔က တိုက္ခိိုက္မႈေၾကာင့္ ေရနံစိမ္းတစည္ေစ်းဟာ ေဒၚလာ ၁၀၀ အထိ တက္သြားႏုိင္တယ္လို႔ ေလ့လာသူေတြက သတိေပးလိုက္ပါတယ္။ ဒါ့အျပင္ အီရန္နဲ႔ အေမရိကန္ၾကား ေစ့စပ္ ညႇိိႏိႈင္းေရး အလားအလာေပၚလည္း ထိခုိက္သြားတဲ့ပံုရွိပါတယ္။

အီရန္ကျပန္လုပ္လာေနတဲ့ ႏ်ဴကလီးယားအစီအစဥ္ ရပ္တန္ု႔ေရး သေဘာတူညီခ်က္တခုရဖို႔ အီရန္ေခါင္းေဆာင္ေတြ ျပန္ၿပီး ေဆြးေႏြးလာေအာင္ အားေပးတဲ့အေနနဲ႔ အီရန္အေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြကို ေလွ်ာ့ေပါ့ေပးဖို႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က စဥ္းစားေနခ်ိန္မွာပဲ ေဆာ္ဒီ ေရနံလုပ္ငန္းေနရာေတြကို ဒ႐ံုးယာဥ္နဲ႔ တိုက္ခိုက္တဲ့ျဖစ္ရပ္ ေပၚလာတာပါ။

သမၼတထရမ့္ပ္က သူ႔ရဲ႕ အမ်ဳိးသားလံုျခံဳေရးဆုိင္ရာ အၾကံေပးပုဂၢိဳလ္ John Bolton ကို ၿပီးခဲ့တဲ့သီတင္းပတ္က ျဖဳတ္ပစ္လိုက္တာ ေၾကာင့္ အေမရိကန္နဲ႔ အီရန္ၾကား အနိမ့္ဆံုးေတာ့ တင္းမာမႈ ေလ်ာ့သြားေတာ့မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ခဲ့ပါတယ္။ မစၥတာ Bolton ဟာ သမၼတထရမ့္ပ္နဲ႔ နီးစပ္တဲ့ထဲက အီရန္ကို အဆန္႔က်င္ဆံုး တာဝန္ရွိသူျဖစ္တယ္လို႔ အီရန္သတင္းစာေတြက ေဖာ္ျပၾကၿပီး သူျပဳတ္သြားတာကို ဝမ္းသာအားရေရးၾကပါတယ္။

စေနေန႔က တိုက္ခိုက္မႈကို ယီမင္အေျခစိုက္ ဟူသီသူပုန္ေတြက သူတို႔လက္ခ်က္လို႔ေျပာေပမယ့္ အေမရိကန္ တာဝန္ရွိသူေတြက ေတာ့ အီရန္လက္ခ်က္လို႔ စြပ္စြဲထားပါတယ္။ ဒီတိုက္ခို္က္မႈကို လက္တုန္႔ျပန္ဖုိ႔ အေမရိကန္တပ္ဖြဲ႔ေတြ လံုးဝ အဆင္သင့္ျဖစ္ေနၿပီ လို႔ သမၼတထရမ့္ပ္ကလည္း ေျပာထားပါတယ္။

အီရန္ကေတာ့ ဒီစြပ္စြဲခ်က္ဟာ လံုးဝကို လိမ္လည္ေျပာဆိုတာျဖစ္တယ္လုိ႔ တုံ႔ျပန္ ျငင္းဆိုထားပါတယ္။

..................

[Unicode Version]

ရေနံစိမ်းတစည် ဒေါ်လာတရာအထိ ဈေးတက်လာနိုင်

ဆော်ဒီ အာရေးဘီးယားနိုင်ငံက ရေနံလုပ်ငန်းနဲ့ဆိုင်တဲ့ နေရာနှစ်ခုကို စနေနေ့က တိုက်ခိုက်မှုကြောင့် ရေနံစိမ်းတစည်ဈေးဟာ ဒေါ်လာ ၁၀၀ အထိ တက်သွားနိုင်တယ်လို့ လေ့လာသူတွေက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် အီရန်နဲ့ အမေရိကန်ကြား စေ့စပ် ညှိနှိုင်းရေး အလားအလာပေါ်လည်း ထိခိုက်သွားတဲ့ပုံရှိပါတယ်။

အီရန်ကပြန်လုပ်လာနေတဲ့ နျူကလီးယားအစီအစဉ် ရပ်တန်ု့ရေး သဘောတူညီချက်တခုရဖို့ အီရန်ခေါင်းဆောင်တွေ ပြန်ပြီး ဆွေးနွေးလာအောင် အားပေးတဲ့အနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေါ့ပေးဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က စဉ်းစားနေချိန်မှာပဲ ဆော်ဒီ ရေနံလုပ်ငန်းနေရာတွေကို ဒရုံးယာဉ်နဲ့ တိုက်ခိုက်တဲ့ဖြစ်ရပ် ပေါ်လာတာပါ။

သမ္မတထရမ့်ပ်က သူ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် John Bolton ကို ပြီးခဲ့တဲ့သီတင်းပတ်က ဖြုတ်ပစ်လိုက်တာ ကြောင့် အမေရိကန်နဲ့ အီရန်ကြား အနိမ့်ဆုံးတော့ တင်းမာမှု လျော့သွားတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ခဲ့ပါတယ်။ မစ္စတာ Bolton ဟာ သမ္မတထရမ့်ပ်နဲ့ နီးစပ်တဲ့ထဲက အီရန်ကို အဆန့်ကျင်ဆုံး တာဝန်ရှိသူဖြစ်တယ်လို့ အီရန်သတင်းစာတွေက ဖော်ပြကြပြီး သူပြုတ်သွားတာကို ဝမ်းသာအားရရေးကြပါတယ်။

စနေနေ့က တိုက်ခိုက်မှုကို ယီမင်အခြေစိုက် ဟူသီသူပုန်တွေက သူတို့လက်ချက်လို့ပြောပေမယ့် အမေရိကန် တာဝန်ရှိသူတွေက တော့ အီရန်လက်ချက်လို့ စွပ်စွဲထားပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုန့်ပြန်ဖို့ အမေရိကန်တပ်ဖွဲ့တွေ လုံးဝ အဆင်သင့်ဖြစ်နေပြီ လို့ သမ္မတထရမ့်ပ်ကလည်း ပြောထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ဟာ လုံးဝကို လိမ်လည်ပြောဆိုတာဖြစ်တယ်လို့ တုံ့ပြန် ငြင်းဆိုထားပါတယ်။

ေရနံစိမ္းတစည္ ေဒၚလာတရာအထိ ေစ်းတက္လာႏိုင္
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္



XS
SM
MD
LG