သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ မတွေ့ဆုံမီ ဒဏ်ခတ်အရေးယူမှုအရင်ရုပ်သိမ်းပေးဖို့ အီရန်တောင်းဆို


အီရန် သမ္မတ Hassan Rouhani
အီရန် သမ္မတ Hassan Rouhani

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ သူနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ဆုံး ရုပ်သိမ်းပေးရမှာ ဖြစ်တယ်လို့ အီရန် သမ္မတ Hassan Rouhani က ပြောပါတယ်။ အီရန် အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ဆန္ဒ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ကြောင်းနဲ့ ပိတ်ဆို့မှုတွေဟာ မျှတမှု မရှိသလို တရားလည်း မဝင်ဘူးလို့ အီရန် သမ္မတ Rouhani က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က G7 ထိပ်သီး ဆွေးနွေးပွဲ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် သမ္မတ ထရမ့်က အီရန် သမ္မတနဲ့ တွေ့ဖို့ အခွင့်အလမ်း ကောင်းရှိတယ်လို့ ပြောခဲ့တာကို အီရန် သမ္မတက အခုလို တုံ့ပြန်ပြောဆိုခဲ့တာပါ။

အမေရိကန် သမ္မတ ထရမ့်က အီရန် သမ္မတနဲ့ ဆွေးနွေးပွဲမှာ ကြိုတင် ကန့်သတ်ချက်အနေနဲ့ အီရန်က ဒေသတွင်း တင်းမာမှုတွေ ဖြစ်အောင် စစ်ရေး လှုပ်ရှားမှုတွေ မဖန်တီးရဘူးလို့လည်း ပြောထားခဲ့ပါတယ်။အီရန်နဲ့ နောက်ထပ် သဘောတူချက် လုပ်မယ်ဆိုရင်လည်း အဲဒီ သဘောတူညီချက်မှာ အီရန်နိုင်ငံ နျူကလီးယား လက်နက် ထုတ်လုပ်တာနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်တာတွေကို ပိတ်ပင်ရမယ့်အပြင် သဘောတူညီချက်ကိုလည်း သက်တမ်း ၁၀ နှစ်ထက် ပိုကြာရမယ်လို့လည်း ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီး ညီလာခံကို ပြင်သစ် သမ္မတ Emmanuel Macron ရဲ့ဖိတ်ကြားချက်နဲ့ ရုတ်တရက် ရောက်လာတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif ကိုတော့ သမ္မတ ထရမ့်က မတွေဆုံခဲ့ပါဘူး။

ပြင်သစ် သမ္မတ Macron ဟာ အမေရိကန်နဲ့ အီရန်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ ကြားဝင် စေ့စပ်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ထရမ့်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သူက အီရန် သမ္မတ Rouhani ဟာ အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG