သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူသဘောတူညီချက်ဟောင်း ပြန်လေ့လာဖို့ ကန်ကို အီရန်တိုက်တွန်း


အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif

အမေရိကန်က အီရန်နဲ့ ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုရင် ၂၀၁၅ ခုနှစ်က အီရန်နဲ့ နိုင်ငံတကာကြား သဘောတူညီမှုတွေကို လေ့လာပါလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ၂၀၁၈ ခုနှစ်က နုတ်ထွက်လိုက်တဲ့ သဘောတူညီချက်ထဲမှာ အီရန်ရဲ့ Nuclear ဆောင်ရွက်မှုတွေကို ကန့်သတ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးဖို့ သဘောတူထားတာဖြစ်ပါတယ်။ အမေရိကန်ဟာ အီရန်ပြည်သူတွေအပေါ် စီးပွားရေးနည်းနဲ့ အနိုင်ကျင့်ဗိုလ်ကျနေတယ်လို့ ဝန်ကြီး Zarif က မလေးရှားနိုင်ငံမှာ ဒီကနေ့ ပြောကြားလိုက်တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကရရှိခဲ့တဲ့ သဘောတူညီချက်ကို အီရန်က လက်ကိုင်စွဲထားဆဲဖြစ်တာကြောင့် ကျန်တဲ့ ၅ နိုင်ငံနဲ့ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်နေပြီး ဒီဆွေးနွေးမှုထဲ အမေရိကန် ပြန်ပါချင်ရင် သဘောတူထားတဲ့ အချက်တွေကို လေ့လာဖို့လိုမယ်လို သူကဆိုပါတယ်။ သမ္မတဟောင်း Barack Obama လက်ထက်က သဘောတူခဲ့တဲ့စာချုပ်ထဲမှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှားနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ခဲ့တာပါ။

အဲဒီစာချုပ်ဟာ အီရန်အပေါ် အလျှော့ပေးထားလွန်းတယ်လို့ဆိုပြီး သမ္မတ Trump လက်ထက်မှာ နုတ်ထွက်ခဲ့တာပါ။ တကယ်လို့ အီရန်နဲ့ ညှိနှိုင်းမယ်ဆိုရင် အီရန်က Nuclear လက်နက် မထုတ်လုပ်နိုင်အောင် တားမြစ်မယ့်အပြင် ၂၀၁၅ ခုနှစ်က သဘောတူညီချက်ထဲမှာ မပါတဲ့ ပဲ့ထိန်းတပ် Missile ဒုံးအစီအစဉ်ကိုပါ ထည့်သွင်းကန့်သတ်မယ်လို့ သမ္မတ Trump ကအခု သီတင်းပတ် အစောပိုင်းတုန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ ကန့်သတ်မှုတွေကိုလည်း အဲဒီစာချုပ်ထဲမှာပါတဲ့ ၁၀ နှစ်ထက် ကျော်ပြီး ချမှတ်လိုတယ်လို့ ပြောခဲ့တာပါ။ အမေရိကန်နဲ့ အီရန်ဆွေးနွေးမှုတွေ စနိုင်ဖို့ ပထမအဆင့်အနေနဲ့ အမေရိကန်ဖက်က စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရမယ်လို့ အီရန် သမ္မတ Hassan Rouhani ကတုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG