သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ တင်းမာမှုတိုးလာဖို့ အီရန် မရည်ရွယ်


 နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif
နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif

အီရန်နိုင်ငံ အနေနဲ့ တင်းမာမှုတွေ ကြီးထွားလာဖို့ ရည်ရွယ်မထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပြောဆိုလိုက်ပါတယ်။

တိုင်းပြည်တိုင်းဟာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ကိုယ်ပိုင်အခွင့်အရေးတွေကို ကျင့်သုံးပိုင်ခွင့် ရှိတယ်လို့ အီရန်နိုင်ငံအနေနဲ့ ယုံကြည်ထားကြောင်းလည်း ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဂျပန်နိုင်ငံကို ရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ပဲ ပြောလိုက်တာပါ။

ဂျပန်ဝန်ကြီးချုပ်ကတော့ အမေရိကန်နဲ့ အီရန်ကြား ကြားဝင်စေ့စပ်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ဆန်းမှာပဲ အီရန်နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ မနှစ်ကပဲ နှုတ်ထွက်ထားတဲ့ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားဆိုင်ရာ နိုင်ငံတကာစာချုပ်ကို အစားထိုးနိုင်မယ့် သဘောတူညီချက်အသစ်ရဖို့ အီရန်သမ္မတ Hassan Rouhani နဲ့ ဆွေးနွေးနိုင်မယ့် အလားအလာကောင်းတွေ ရှိနေကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုခဲ့တာပါ။

အီရန်သမ္မတကတော့ တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် အမေရိကန်က မတရားသဖြင့် ချမှတ်ထားတယ်လို့ဆိုတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို အရင်ဆုံး ဖယ်ရှားဖို့လိုကြောင်း တုန့်ပြန်ခဲ့ပါတယ်။ သမ္မတ Trump ကလည်း ဆွေးနွေးနိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်လာဖို့ အီရန်အနေနဲ့ ပြည်ပမှာ စစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာအောင် မလုပ်ဖို့လိုကြောင်း ပြောဆိုထားတာပါ။ သဘောတူညီချက်အသစ်မှာ အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေနဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေကို တားမြစ်ဖို့ ထည့်သွင်းမှာဖြစ်ကြောင်းနဲ့ ၂၀၁၅ သဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ သက်တမ်း ၁၀ နှစ်ထက် ပိုကြာတဲ့ အချိန်ကာလ သတ်မှတ်ချက် ပါဝင်မှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ တင်းမာမှုတိုးလာဖို့ အီရန် မရည်ရွယ်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG