သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာ္ဒီေရနံလုပ္ငန္း အတိုက္ခိုက္ခံရမႈ ကန္လက္တုံ႔ျပန္မည္


တုိက္ခုိက္ခံရၿပီးေနာက္ မီးေလာင္ေနသည့္ ေဆာ္ဒီေရနံခ်က္စက္႐ုံ။ (စက္တင္ဘာ ၁၄၊ ၂၀၁၉)

ေဆာ္ဒီအာေရဗ်ရဲ႕ ေရနံလုပ္ကြက္ေတြကို ျပင္းျပင္းထန္ထန္ တုိက္ခုိက္ခဲ့မႈနဲ႔ ပတ္သက္ၿပီး တုံ႔ျပန္ဖို႔ အေမရိကန္က အဆင္သင့္ ျပင္ဆင္ထားၿပီလို႔ သမၼတ Donald Trump က ေျပာဆိုလုိက္ပါတယ္။ လက္သည္တရားခံကို သိရွိထားၿပီလို႔ ယံုၾကည္ရတဲ့ အေၾကာင္း ရွိထားၿပီျဖစ္ေၾကာင္းလည္း သမၼတ Trump က တနဂၤေႏြေန႔မွာ တြစ္တာ လူမႈကြန္ရက္မွာ ေရးသားပါတယ္။

တိုက္ခုိက္မႈေနာက္ကြယ္မွာ ဘယ္သူရွိတယ္လို႔ ယံုၾကည္ထားသလဲ ဆိုတာနဲ႔ ဘယ္လိုပံုစံ တုံ႔ျပန္မလဲဆိုတဲ့ ေဆာ္ဒီဘက္က ေျပာဆိုခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔လည္း သမၼတ Trump က ထပ္ေလာင္းေျပာပါတယ္။

ေဆာ္ဒီအာေရဗ်က အေရးပါတဲ့ ေရနံလုပ္ကြက္ေတြအေပၚ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္နဲ႔ တိုက္ခုိက္ခဲ့မႈနဲ႔ပတ္သက္ၿပီး အီရန္မွာ တာ၀န္ရွိတယ္လို႔ အခိုင္အမာ ယူဆေၾကာင္း အေမရိကန္အစိုးရ အႀကီးတန္း တာ၀န္ရွိသူတဦးက ဒီမတိုင္ခင္မွာ ေျပာဆိုထားတာပါ။ အီရန္မွာ တာ၀န္ရွိတယ္ဆိုတာကို သက္ေသအေထာက္အထားေတြက ျပသေနတယ္လို႔ အေမရိကန္အစိုးရ တာ၀န္ရွိသူက Reuters သတင္းေအဂ်င္စီကို ေျပာဆိုခဲ့ပါတယ္။

တိုက္ခုိက္မႈက သူတို႔လက္ခ်က္ ျဖစ္ပါတယ္လို႔ ယီမင္ႏုိင္ငံက ဟူသီသူပုန္ေတြက ေျပာဆိုေနေပမယ့္လည္း အခုတိုက္ခုိက္မႈက ယီမင္ႏုိင္ငံရွိရာ ေတာင္ဘက္ကလာတာ မဟုတ္ဘူးလို႔လည္း အေမရိကန္အရာရွိက ေျပာပါတယ္။ တိုက္ခုိက္ခဲ့တဲ့ အေ၀းထိန္း ဒ႐ုန္းယာဥ္က ယီမင္ကေနလာတဲ့ အေထာက္အထား မေတြ႔ရဘူးလို႔လည္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က အေစာပိုင္းကပဲ တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့တာပါ။ တင္းမာမႈေတြမျဖစ္ေအာင္ အားလံုးက တိုက္တြန္းေနတဲ့ အခ်ိန္မွာပဲ အီရန္ဘက္က ကမၻာ့စြမ္းအင္ ေထာက္ပံ့မႈအေပၚ မႀကံဳစဘူး တိုက္ခုိက္ခဲ့တယ္လို႔လည္း ေရးပါတယ္။

ေဆာ္ဒီက ေရနံလုပ္ကြက္ေတြအေပၚ တိုက္ခုိက္မႈ ေနာက္ကြယ္မွာ သူတို႔ရွိတယ္ဆိုတဲ႔ စြပ္စြဲခ်က္ေတြဟာ အစြမ္းကုန္ လိမ္ညာမႈႀကီး ျဖစ္တယ္လို႔ အီရန္ဘက္က ေျပာဆိုထားပါတယ္။

အီရတ္ႏုိင္ငံကေတာ့ ယီမင္ႏုိင္ငံနဲ႔ယွဥ္ရင္ ေဆာ္ဒီရဲ႕ ေရနံထုတ္လုပ္ေရး လုပ္ငန္းေတြနဲ႔ ပိုၿပီး နီးကပ္ေနၿပီး တိုက္ခုိက္ခဲ့တဲ့ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္ေတြက အီရတ္ႏုိင္ငံကေန လာတာဆိုၿပီး အီရတ္မီဒီယာတခ်ိဳ႕က ေဖာ္ျပၾကပါတယ္။ အီရတ္အစိုးရဘက္ကေတာ့ သူတို႔ဘက္ကေန ပစ္ခတ္ခဲ့တယ္ဆိုတာကို ျငင္းဆိုထားၿပီး အီရတ္ပိုင္နက္ကို အသံုးျပဳၿပီး တိုက္ခုိက္ခဲ့တဲ့သူေတြရွိရင္လည္း အျပစ္ေပးမယ္လို႔ ကတိျပဳထားပါတယ္။

ေဆာ္ဒီအာေရဗ်ရဲ႕ Abqaiq ေရနံခ်က္စက္႐ုံနဲ႔ Khurais ေရနံလုပ္ကြက္ေတြကို စေနေန႔ အ႐ုဏ္မတက္ခင္ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္ေတြနဲ႔ တို္က္ခုိက္ခံခဲ့ရတာျဖစ္ၿပီး အႀကီးအက်ယ္ မီးေလာင္ခဲ့တာပါ။

-----------------------

[Unicode Version]

ဆော်ဒီရေနံလုပ်ငန်း အတိုက်ခိုက်ခံရမှု ကန်လက်တုံ့ပြန်မည်

ဆော်ဒီအာရေဗျရဲ့ ရေနံလုပ်ကွက်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ အမေရိကန်က အဆင်သင့် ပြင်ဆင်ထားပြီလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ လက်သည်တရားခံကို သိရှိထားပြီလို့ ယုံကြည်ရတဲ့ အကြောင်း ရှိထားပြီဖြစ်ကြောင်းလည်း သမ္မတ Trump က တနင်္ဂနွေနေ့မှာ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားပါတယ်။

တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတယ်လို့ ယုံကြည်ထားသလဲ ဆိုတာနဲ့ ဘယ်လိုပုံစံ တုံ့ပြန်မလဲဆိုတဲ့ ဆော်ဒီဘက်က ပြောဆိုချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း သမ္မတ Trump က ထပ်လောင်းပြောပါတယ်။

ဆော်ဒီအာရေဗျက အရေးပါတဲ့ ရေနံလုပ်ကွက်တွေအပေါ် မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အီရန်မှာ တာဝန်ရှိတယ်လို့ အခိုင်အမာ ယူဆကြောင်း အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတဦးက ဒီမတိုင်ခင်မှာ ပြောဆိုထားတာပါ။ အီရန်မှာ တာဝန်ရှိတယ်ဆိုတာကို သက်သေအထောက်အထားတွေက ပြသနေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူက Reuters သတင်းအေဂျင်စီကို ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုက သူတို့လက်ချက် ဖြစ်ပါတယ်လို့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေက ပြောဆိုနေပေမယ့်လည်း အခုတိုက်ခိုက်မှုက ယီမင်နိုင်ငံရှိရာ တောင်ဘက်ကလာတာ မဟုတ်ဘူးလို့လည်း အမေရိကန်အရာရှိက ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အဝေးထိန်း ဒရုန်းယာဉ်က ယီမင်ကနေလာတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အစောပိုင်းကပဲ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။ တင်းမာမှုတွေမဖြစ်အောင် အားလုံးက တိုက်တွန်းနေတဲ့ အချိန်မှာပဲ အီရန်ဘက်က ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုအပေါ် မကြုံစဘူး တိုက်ခိုက်ခဲ့တယ်လို့လည်း ရေးပါတယ်။

ဆော်ဒီက ရေနံလုပ်ကွက်တွေအပေါ် တိုက်ခိုက်မှု နောက်ကွယ်မှာ သူတို့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အစွမ်းကုန် လိမ်ညာမှုကြီး ဖြစ်တယ်လို့ အီရန်ဘက်က ပြောဆိုထားပါတယ်။

အီရတ်နိုင်ငံကတော့ ယီမင်နိုင်ငံနဲ့ယှဉ်ရင် ဆော်ဒီရဲ့ ရေနံထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ပိုပြီး နီးကပ်နေပြီး တိုက်ခိုက်ခဲ့တဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်တွေက အီရတ်နိုင်ငံကနေ လာတာဆိုပြီး အီရတ်မီဒီယာတချို့က ဖော်ပြကြပါတယ်။ အီရတ်အစိုးရဘက်ကတော့ သူတို့ဘက်ကနေ ပစ်ခတ်ခဲ့တယ်ဆိုတာကို ငြင်းဆိုထားပြီး အီရတ်ပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့သူတွေရှိရင်လည်း အပြစ်ပေးမယ်လို့ ကတိပြုထားပါတယ်။

ဆော်ဒီအာရေဗျရဲ့ Abqaiq ရေနံချက်စက်ရုံနဲ့ Khurais ရေနံလုပ်ကွက်တွေကို စနေနေ့ အရုဏ်မတက်ခင် မောင်းသူမဲ့ ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အကြီးအကျယ် မီးလောင်ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG