သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယမြောက် ရေနံတင်သင်္ဘော အီရန်ဖမ်းဆီး 


ဇွန်လိုင် ၂၁ ရက်နေ့တုန်းက ရေနံတင်သင်္ဘော တစင်း အီရန်ဖမ်းဆီး 
ဇွန်လိုင် ၂၁ ရက်နေ့တုန်းက ရေနံတင်သင်္ဘော တစင်း အီရန်ဖမ်းဆီး 

ပါရှန် ပင်လယ်ကွေ့ အတွင်းကနေ ပြည်ပ ရေနံတင် သဘောၤ တစင်းနဲ့ သဘောၤဝန်ထမ်း ၇ ဦးတို့ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အီရန်က ဖမ်းဆီးထားကြောင်း နိုင်ငံပိုင် သတင်းက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါဟာဆိုရင် အီရန် တော်လှန်ရေး ပြည်စောင့်တပ် ဘက်က တလနီးပါး အတွင်း တတိယ အကြိမ် အဖြစ် သဘောၤ တစီးကို ဖမ်းဆီးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဟောမုဇ် ရေလက်ကြား မြောက်ပိုင်း Farsi ကျွန်း အနီးမှာ သဘောၤကို ဖမ်းဆီးခဲ့တာလို့ အီရန် ပြည်စောင့်တပ်က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ အီရန်ရဲ့ လောင်စာ လီတာ ၇၀၀,၀၀၀ မှောင်ခို သယ်ဆောင်လာတဲ့ သဘောၤဟာဆိုရင် တခြား သဘောၤတွေဆီကနေ ပြောင်းရွှေ့ တင်ဆောင်လာပြီး ပါရှန် ပင်လယ်ကွေ့ အာရပ် နိုင်ငံတွေဆီကို သယ်ယူပို့ဆောင်ပေးနေတာ ဖြစ်တယ်လို့ ပြည်စောင့်တပ် အပြောကို ကိုးကားပြီး နိုင်ငံပိုင် IRNA သတင်းက ဖော်ပြပါတယ်။

စွမ်းအင်လောင်စာ ထုတ်လုပ်တဲ့ ပါရှန် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဆီကို အီရန်ရဲ့ လောင်စာတွေ ဘာကြောင့် သယ်ဆောင်တာလဲ ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာ့ ရေနံ ကုန်သွယ်ရေးမှာ အီရန်ရဲ့ ရေနံကို ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ ထိပ်တန်း ကုန်ပစ္စည်း ရေနံကို မှောင်ခိုကူးသန်းမှု အပေါ် အီရန် အစိုးရက စိုးရိမ်နေတာပါ။

အီရန် အစိုးရက တစိတ်တပိုင်း ထောက်ပံ့ထားတဲ့ ရေနံတွေထဲက နေ့စဉ် လီတာ ၈ သန်းလောက်ဟာ ရေနံပိုပြီး ဈေးကြီးတဲ့ နိုင်ငံတွေဆီုကို မှောင်ခိုကူးနေတယ်လို့ အီရန် မီဒီယာက ပြီးခဲ့တဲ့ လတုန်းက သတင်းထုတ်ပါတယ်။ ဖမ်းဆီးထားတဲ့ သဘောၤရဲ့ အမည်နဲ့ ဖမ်းခံထားရတဲ့ သဘောၤသားတွေက ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကိုတော့ အီရန် သတင်းမှာ မဖော်ပြပါဘူး။ ဘာရိန်း အခြေစိုက် အမေရိကန် တပ်မဟာ ၅ ကတော့ ဖမ်းဆီးခံ ရေနံတင် သဘောၤနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် မရှိကြောင်း ပြောပါတယ်။ ဗြိတိန် ဘက်ကတော့ ဗြိတိန် အလံတင် သဘောၤတွေ အားလုံး ဘယ်မှာ ရှိတယ်ဆိုတာကို သိရှိထားပြီး ဖမ်းခံထားရတဲ့ အထဲမှာလည်း ဗြိတိန် နိုင်ငံသားတွေ ပါတဲ့ အနေအထားမျိုး မရှိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG