သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်ကြားဖြတ် နှောင့်ယှက်


ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်းမယ့် ဗြိတိသျှရေနံတင် သင်္ဘောတစင်းကို အီရန်သင်္ဘောတွေက ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့ကြောင်း ဗြိတိန်နိုင်ငံက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

အနှောက်အယှက်ပေးခဲ့တဲ့ အီရန်သင်္ဘော ၃ စင်းကတော့ ဗြိတိသျှ စစ်သင်္ဘောတစင်းက သတိပေးခဲ့ပြီးနောက် လက်လျှော့သွားခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန် တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့ကတော့ ဗြိတိန်နိုင်ငံရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့တာပါ။

အီရန်အစိုးရအာဘော် Fars သတင်းဌာန ကတော့ ကင်းလှည့်သင်္ဘောတွေ ပုံမှန်တာဝန်ယူခဲ့တာဖြစ်ပြီး ပြည်ပကသင်္ဘောတွေ အထူးသဖြင့် ဗြိတိသျှ သင်္ဘောတွေနဲ့ ပြဿနာ တစုံတရာ မရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယား နိုင်ငံကို ရေနံတင်ပို့ဖို့ ကြိုးပမ်းတယ်လို့ မသင်္ကာတဲ့ အီရန်ရေနံတင် သင်္ဘောတစင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖမ်းဆီးခဲ့တဲ့အပေါ် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး ဗြိတိန်နိုင်ငံကို အီရန်သမ္မတ Hassan Rouhani က မနေ့တုန်းကပဲ သတိပေးခဲ့ပေမဲ့၊ ဘယ်လိုအကျိုးဆက်မျိုးလည်း ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

ဒေသတွင်း လုံခြုံရေးကို ထိပါးစေမယ့် လုပ်ရပ်တွေကို အဆုံးသတ်စေဖို့ဆိုပြီး အီရန်အပေါ် အမြင့်ဆုံးဖိအားပေးမယ့် မူဝါဒအရ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးမြှင့်ချမှတ်ခဲ့သလို၊ ရေနံတင်ပို့မှုတွေကို ပိတ်ပင်ခဲ့ရာကစလို့ ပါရှန်းပင်လယ်ကွေ့ ဒေသမှာ အမေရိကန်နဲ့ မဟာမိတ်တွေနဲ့ အီရန်နိုင်ငံတို့ကြား တင်းမာမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG