သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဒဏ်ခတ်မှု မကြာမီ သိသာစွာ တိုးချဖို့ Trump စီစဉ်


အီရန်အပေါ် စီးပွါးရေး ဒဏ်ခတ်အရေးယူမှုကို မကြာခင်မှာဘဲ သိသိသာ တိုးတော့မယ်လို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန်အစိုးရရဲ့ နျူကလီယားလက်နက် တီထွင်ထုတ်လုပ်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ ၂၀၁၅ စာချုပ်ကို အီရန်က ချိုးဖေါက်ပြီး နျူကလီယားကို အကြောင်းပြ အကြပ်ကိုင်နေတယ်လို့ အမေရိကန်က စွပ်စွဲထားချိန်မှာ အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေကို တိုးမြှင့် ချမှတ်ဖို့ သမ္မတ Trump က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က Trump နုတ်ထွက်ခဲ့တဲ့ ဒီစာချုပ်ပါ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ယူရေနီယံ သန့်စင်မှုတွေ လုပ်နေတာကို အီရန်ဘက် ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် နိုင်ငံတကာ နျူကလီယား သဘောတူစာချုပ် ချုပ်ဆိုချိန်က အီရန်ကို ပေးဆပ်စရာရှိတဲ့ ငွေကိုပြန်ပေးပါ့မယ်လို့ သမ္မတ Obama အစိုးရနဲ့ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ John Kerry တို့ သဘောတူခဲ့တဲ့ ဒေါ်လာ ဘီလျံပေါင်း ၁၅၀ တန်ဘိုးရှိပြီး သိပ်ကို ညံ့ဖျင်းလှတဲ့ သဘောတူညီချက်ကို လုံးဝချိုးဖေါက်ရာ ရောက်တဲ့အနေနဲ့ အီရန်ဟာ ယူရေနီယံ သန့်စင်မှုတွေကို လျှို့ဝှက်စွာ ပြုလုပ်နေတယ်လို့ သမ္မတ Trump က သူ့တွစ်တာ ကနေ ထောက်ပြခဲ့ပါတယ်။

အီရန်အနေနဲ့ သူ့ရဲ့ နျူကလီယားအစီအစဉ်ကို တိုးချဲ့ဖို့ လုံလောက်တဲ့ အကြောင်းဘာမှ မရှိဘူးလို့ ဗီယင်နာမှာ ကျင်းပတဲ့ IAEA ခေါ် နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီရဲ့ အရေးပေါ် အစည်းအဝေးမှာ အမေရိကန်ဘက်က ပြောဆိုလိုက်ချိန်မှာပဲ သမ္မတ Trump က အခုလို ပြောခဲ့တာပါ။ အီရန်အနေနဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေ အားလုံးကို ရပ်ဆိုင်းဖို့နဲ့ အရင်အတိုင်း ဖြစ်အောင် နောက်ပြန်ဆုတ်ဖို့ အမေရိကန်အစိုးရက တောင်းဆိုနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG