သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်ချက်ထက်တိုးပြီး ယူရေနီယံသန့်စင်ခဲ့ဟု အီရန်ထုတ်ပြန်


အီရန်နိုင်ငံဟာ ယူရေနီယံသန့်စင်မှုတွေကို ၂၀၁၅ အီရန် နျူးကလီးယား သဘောတူညီချက်မှာကန့်သတ်ထားတဲ့ အဆင့်ထက်ကျော်လွန် တိုးမြှင့်ပြီး လုပ်ဆောင်နေတယ်လို့ အီရန်နိုင်ငံ က ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။ အီရန်နိုင်ငံဟာ သူတို့ရဲ့ နျူးကလီးယား လောင်စာစက်ရုံ တွေအတွက် လောင်စာထုတ်လုပ်နိုင်ဖို့ ယူရေနီယံသန့်စင်မှုတွေကို ၅ % အထိ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

၂၀၁၅ အီရန်နျူးကလီးယား သဘောတူညီချက်မှာပါဝင် လက်မှတ်ရေးထိုးထားတဲ့ တခြားနိုင်ငံတွေ အနေနဲ့ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလျှော့ချပေးဘူးဆိုရင် သူတို့အနေနဲ့ ယူရေနီယံသန့်စင်တာတွေကို စတင်ပြီး ပိုလုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူးကလီးယားလက်နက်ထုတ်လုပ်မှာကို နိုင်ငံတကာစိုးရိမ်ကြတဲ့အပေါ်မှာ ဖြေဖျောက်ပေးနိုင်အောင် ဒီသဘောတူညီချက်က လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ၊ အီရန်နိုင်ငံအနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို ၃.၆၇ % ထက် ကျော်လွန်ပြီး သန့်စင်တာတွေလုပ်လို့မရသလို၊ သန့်စင်ထားတဲ့ ယူရေနီယံတွေကိုလည်း ၃၀၀ ကီလီုဂရမ်ထက်ကျော်လွန်ပြီး သိမ်းဆည်းထားလို့မရပါဘူး။

ယူရေနီယံပမာဏ ၃.၆၇ % ဟာ နျူးကလီးယားစွမ်းအင်ထုတ်လုပ်ဖို့အတွက် လုံလောက်တဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမဲ့လည်း နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့အတွက်တော့ ၉၀ % လောက် လိုအပ်တာဖြစ်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ သူတို့လိုချင်တဲ့ ယူရေနီယံ ပမာဏ အတိုင်းအတာထိရအောင် အခုရှိနေတဲ့ ၃.၆၇ % ထက်ကျော်လွန်ပြီး ထုတ်လုပ်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ အီရန်သမ္မတရူဟာနီက မကြာသေးခင်ကပဲ ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG