သုံးရလွယ်ကူစေသည့် Link များ

အီရန်ခေါင်းဆောင် Khamenei ကို ကန် ဒဏ်ခတ်


အီရန်ခေါင်းဆောင် Khamenei
အီရန်ခေါင်းဆောင် Khamenei

အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို အတိအကျ ပစ်မှတ်ထားတဲ့ အီရန် အပေါ် ဘဏ္ဍာရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို တနလာၤနေ့မှာ အမေရိကန် သမ္မတ Donald Trump က ချမှတ် လိုက်ပါတယ်။ အထိနာစေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်လို့လည်း သမ္မတက ပြောပါတယ်။

ဘာသာရေး ခေါင်းဆောင် ခါမေနီနဲ့ အီရန်နိုင်ငံ အနေနဲ့ ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက် အသုံးပြုနိုင်ခွင့်ကို အဟန့်အတား ဖြစ်စေမယ်လို့ ဆိုတဲ့ သမ္မတ Trump က သမ္မတရဲ့ အမိန့် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုး လိုက်ပါတယ်။ အခုလို အရေးယူ ဆောင်ရွက်မှုကြောင့် အီရန်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ထောင်ပေါင်းများစွာကို အမှန်တကယ် ထိန်းချုပ်လိုက်နိုင်မှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin က ပြောပါတယ်။

အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ကို အီရန်တို့ ပစ်ချခဲ့တဲ့ အပေါ် အခုညွှန်ကြားချက်နဲ့ ခိုင်မာ ထိုက်သင့်သလို တုံ့ပြန်လိုက်တာလို့လည်း အမေရိကန် သမ္မတက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ကို Hormuz ရေလက်ကြား အနီးက နိုင်ငံတကာ ဝေဟင်ပိုင်နက်အတွင်း အီရန်တို့ ပစ်ချခဲ့တာလို့ အမေရိကန်က ပြောဆိုထားပြီး အီရန်ဘက်ကတော့ သူ့ရဲ့ ဝေဟင်ပိုင်နက်ထဲမှာဆိုပြီး ပြောဆိုနေတာပါ။

ဒီအပေါ်မှာ အမေရိကန်ဘက်က စစ်ရေး အရ အရေးယူရင် အီရန် ၁၅၀ လောက် သေဆုံးနိုင်တယ်ဆိုတာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက နောက်ဆုံး အချိန်မှာ ကပ်ပြီး စစ်ရေး အရ မတုံ့ပြန်ဖို့ သမ္မတ Trump က ဆုံးဖြတ်ခဲ့တာပါ။ အီရန် အပေါ် ဒဏ်ခတ်မှုသစ်ကို ကြေညာချက်ထဲမှာတော့ အမေရိကန် သမ္မတ Trump က အမေရိကန်ဘက်က စိတ်ရှည် သည်းခံမှုကို ပြသခဲ့ပြီး ဖြစ်ကြောင်း၊ နောင်မှာ ဆက်ပြီး စိတ်ရှည် သည်းခံမယ်လို့ မဆိုလိုကြောင်း၊ ဒါကို အခွင့်အရေး တခုအနေနဲ့ ပေးအပ်တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်ခေါင်းဆောင် Khamenei ကို ကန်ဒဏ်ခတ်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG