သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရေနံတင်သင်္ဘော ဗြိတိန်ဖမ်းဆီး


အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို ချိုးဖေါက်ပြီး ဆီးရီးယားကို တင်ပို့ဖို့ ရေနံစိမ်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိတဲ့ အီရန်ရေနံတင်သင်္ဘောတစင်းကို ဗြိတိသျှပိုင် Gibraltar ဒေသမှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ချိန်ကစပြီး အခု ပထမဆုံးအကြိမ်အဖြစ် အီးယူက အရေးယူလိုက်တာ ဖြစ်ပါတယ်။

Gibraltar ဒေသကနေ ၄ ကီလိုမီတာ လောက်အကွာ မြေထဲပင်လယ်ထဲက ဗြိတိန်နဲ့ စပိန် ၂ နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ နေရာမှာ Grace 1 ရေနံတင်သင်္ဘောကို Gibraltar အာဏာပိုင်တွေက ဗြိတိသျှ တော်ဝင်ရေတပ်ရဲ့ အကူအညီနဲ့ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

Grace 1 ဟာ ဆီးရီးယားက Banyas ရေနံချက်စက်ရုံကို ပို့မယ့် ရေနံစိမ်းတွေကို သယ်လာမယ်လို့ ယုံကြည်ကြောင်း Gibraltar ဝန်ကြီး Fabian Piccardo ကပြောပါတယ်။ ဒီရေနံချက်စက်ရုံဟာ ဆီးရီးယားအပေါ် အီးယူ ဥရောပသမဂ္ဂ အရေးယူဒဏ်ခတ်မှု ချမှတ်ထားတဲ့ အဖွဲ့က ပိုင်ဆိုင်နေတာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီရေနံတင်သင်္ဘောကို ဖမ်းဆီးဖို့ အမေရိကန်ပြည်ထောင်စုက Gibraltar ကို ပန်ကြားခဲ့တယ်လို့ စပိန်နိုင်ငံခြားရေး ဝန်ကြီး Josep Borrell က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး John Bolton ကတော့ အမေရိကန်ဘက်က အခုလို တောင်းဆိုမှု ရှိမရှိ အတည်မပြု ခဲ့ပေမယ့် အခုလို ဖမ်းဆီးလိုက်တာအတွက် ကြိုဆိုလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ်တွေဟာ ဆီးရီးယားနဲ့ အီရန်တို့ ရဲ့ တရားမဝင်ကုန်သွယ်မှုကနေ အမြတ်ရနေမှုကို ဆက်ပြီးတားဆီးမှာ ဖြစ်ကြောင်း ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုလို သူတို့ရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းတာဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ တရားမဝင်ဘူးလို့ ပြောပါတယ်။

အီရန် ရေနံတင်သင်္ဘော ဗြိတိန်ဖမ်းဆီး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG