သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား ဆူလာေဝစီကြြ်န္းငလ်င္ ၇၃ ဦးထက္မနည္း ေသဆံုးခဲ့


အင္ဒုိနီးရွားမွာ ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးမႈမ်ားၾကား ရွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနသူမ်ား။ (ဇန္နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

အင္ဒိုနီးရွားႏုိင္ငံ ဆူလာေဝစီကၽြန္း အေနာက္ပိုင္းမွာ ေသာၾကာေန႔ လႈပ္ခတ္သြားခဲ့တဲ့ ငလ်င္ေၾကာင့္ ေသဆုံးတဲ့သူဦးေရဟာ ၇၃ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ အင္ဒိုနီးရွားႏုိင္ငံရဲ႕ ေဘးဒုကၡကယ္ဆယ္ေရးဌာနက ဒီေန႔ ေျပာလိုက္ပါတယ္။

ျပင္းအား ၆.၂ မက္ဂနီက်ဳရွိတဲ့ ငလ်င္ေၾကာင့္ လူေပါင္း ၈၂၀ ေက်ာ္ ဒဏ္ရာရခဲ့ၾကၿပီး ၂၇,၈၀၀ ေက်ာ္လည္း သူတုိ႔ရဲ႕ အိုးအိမ္ေတြ ထိခုိက္ပ်က္စီးၿပီး စြန္႔ခြာထြက္ေျပးခဲ့ရတယ္လို႔ ဆုိပါတယ္။ တခ်ိဳ႕ေတြကလည္း ေတာင္ေပၚေတြမွာ ေနထုိင္ေနၾကၿပီး တခ်ိဳ႕ေတြကေတာ့ ကယ္ဆယ္ေရးစခန္းေတြမွာ ေနေနၾကတယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ေဒသတြင္း ေနရာအေတာ္မ်ားမ်ားမွာ လုယက္မႈေတြကို ႏွိမ္နင္းဖို႔အတြက္ ရဲေတြနဲ႔ စစ္တပ္တာဝန္ရွိသူေတြကို လုံၿခဳံေရးခ်ထားတယ္လို႔ အင္ဒိုနီးရွား ေဘးဒုကၡကယ္ဆယ္ေရးဌာန ေျပာခြင့္ရ Raditya Jati က ေျပာပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြကို အကူအညီေပးဖို႔အတြက္ လာမယ့္သီတင္းပတ္ ၂ ပတ္အတြက္ အေရးေပၚတု႔ံျပန္မႈေတြကို လုပ္ေဆာင္ထားၿပီး ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ေဒသတြင္းမွာ ေနာက္ထပ္ ငလ်င္လႈပ္ခဲ့ရင္ေတာ့ ဆူနာမီေရလႈိင္းေတြ ျဖစ္လာႏုိင္တဲ့ အလားအလာရွိတယ္လို႔ အင္ဒိုနီးရွားႏုိင္ငံရဲ႕ မိုးဇလနဲ႔ ဘူမိတုိင္းတာေရးဌာန အႀကီးအကဲက ေျပာပါတယ္။

အင္ဒိုနီးရွားႏုိင္ငံဟာ ပစိဖိတ္မီးေတာင္ရပ္ဝန္းေပၚမွာ တည္ရွိေနၿပီး မၾကာခဏဆုိသလိုလည္း ငလ်င္အႏၱရာယ္နဲ႔ ရင္ဆုိင္ရေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အင်ဒိုနီးရှား ဆူလာဝေစီကွျွန်းငလျင် ၇၃ ဦးထက်မနည်း သေဆုံးခဲ့

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း အနောက်ပိုင်းမှာ သောကြာနေ့ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံးတဲ့သူဦးရေဟာ ၇၃ ယောက်ထက်မနည်း ရှိသွားပြီလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးဌာနက ဒီနေ့ ပြောလိုက်ပါတယ်။

ပြင်းအား ၆.၂ မက်ဂနီကျုရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၈၂၀ ကျော် ဒဏ်ရာရခဲ့ကြပြီး ၂၇,၈၀၀ ကျော်လည်း သူတို့ရဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးပြီး စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့တွေကလည်း တောင်ပေါ်တွေမှာ နေထိုင်နေကြပြီး တချို့တွေကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ နေနေကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒေသတွင်း နေရာအတော်များများမှာ လုယက်မှုတွေကို နှိမ်နင်းဖို့အတွက် ရဲတွေနဲ့ စစ်တပ်တာဝန်ရှိသူတွေကို လုံခြုံရေးချထားတယ်လို့ အင်ဒိုနီးရှား ဘေးဒုက္ခကယ်ဆယ်ရေးဌာန ပြောခွင့်ရ Raditya Jati က ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့အတွက် လာမယ့်သီတင်းပတ် ၂ ပတ်အတွက် အရေးပေါ်တုံ့ပြန်မှုတွေကို လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒေသတွင်းမှာ နောက်ထပ် ငလျင်လှုပ်ခဲ့ရင်တော့ ဆူနာမီရေလှိုင်းတွေ ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ မိုးဇလနဲ့ ဘူမိတိုင်းတာရေးဌာန အကြီးအကဲက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးတောင်ရပ်ဝန်းပေါ်မှာ တည်ရှိနေပြီး မကြာခဏဆိုသလိုလည်း ငလျင်အန္တရာယ်နဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG