သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားငလျင် ၃၄ ယောက်ထက်မနည်း သေဆုံး


အင်ဒိုနီးရှားနိုင်ငံ Mamuju ခရိုင်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ Mamuju ဆေးရုံအဆောက်အဦး မြင်ကွင်း။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)
အင်ဒိုနီးရှားနိုင်ငံ Mamuju ခရိုင်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ Mamuju ဆေးရုံအဆောက်အဦး မြင်ကွင်း။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်တခု ဒီနေ့လှုပ်ခဲ့တာကြောင့် လူ ၃၄ ယောက်ထက်မနည်း သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ အင်ဒိုနီးရှားနီးရှားနိုင်ငံရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ငလျင်ကြောင့် အိမ်အများအပြား ထိခိုက်သွားခဲ့တဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။

ငလျင်ဟာ အနောက်ဆူလာဝေစီပြည်နယ် တောင်ပိုင်းက Mamuju ခရိုင်နဲ့ ၂၂ မိုင်ကျော်အကွာ မြေအောက် ၇ မိုင်လောက်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒေသစံတော်ချိန် သောကြာနေ့မနက် လင်းအားကြီးပိုင်း ၂ နာရီကျော်မှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနကပြောပါတယ်။

ပျက်စီးပြိုကျသွားတဲ့ Mamuju ဆေးရုံရဲ့ အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့ လူနာတွေနဲ့ ဝန်ထမ်းတွေ တဒါဇင်ကျော်ကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေပါတယ်။

နေရာသုံးခုမှာ မြေပြိုတာတွေဖြစ်ခဲ့ပြီး Mamuju နဲ့ Majene ခရိုင်ကိုဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီး ပိတ်ဆို့သွားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန ပြောခွင့်ရကပြောပါတယ်။

မနေ့ ကြာသပတေးနေ့တုန်းကလည်း ပြင်းအား ၅.၉ ရှိတဲ့ ငလျင်တခုဟာ အဲဒီ ခရိုင်မှာပဲလှုပ်ခဲ့တာကြောင့် အိမ်အတော်များများ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

Ring of Fire လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ ငလျင်လှုပ်နိုင်ခြေ အများဆုံးဖြစ်တဲ့ နေရာတခုပေါ်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာနဲ့ ဆူနာမီရေလှိုင်းဒဏ်တို့ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG