သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို အင်အားပြင်း ငလျင်ကြောင့် ၂ ဦးသေဆုံး 


(Zawgyi/Unicode)

မက္ကဆီကိုနိုင်ငံမှာ အင်္ဂါနေ့က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခဲ့တာမှာ သေဆုံးသူ ၂ ဦးထက်မနည်း ရှိခဲ့ပြီး အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပစိဖိတ် ကမ်းရိုးတန်းဒေသ Huatulco အနီးမှာ ဗဟိုပြုလှုပ်ခဲ့တဲ့ ငလျင်ဟာ ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ မက္ကဆီကိုစီးတီး မြို့ တော်အထိ ရိုက်ခတ်ခဲ့တာမှာ အဆောက်အဦးတွေ အများအပြား ခါယမ်း သွားခဲ့ပြီး ဒေသခံတွေ ထောင်နဲ့ချီ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြရပါတယ်။

ပြတင်းပေါက်တွေ ပျက်စီး၊ နံရံတွေ ပြိုကျသလို ပျက်စီးမှုတွေ များပြီး ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးတာ မဟုတ်ပေမယ့်လို့လည်း သေဆုံးသူ ၂ ဦးရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ Huatulco ကမ်းခြေက အဆောက်အဦးတခု ပြိုကျတာမှာ တယောက်သေဆုံးပြီး နောက် တယောက်ကတော့ တောင်ပေါ်ဒေသ San Juan Ozolotepec မှာ အိမ်တလုံးပြိုကျပြီး သေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ကြောင့် Salina Cruz ရေနံချက်စက်ရုံမှာ မီးလောင်ခဲ့ပြီး မီးကိုတော့ အလျင်အမြန် ပြန်ငြိမ်းသတ်နိုင်ခဲ့တယ်လို့ အစိုးရ ရေနံကုမ္ပဏီ Pemex က ပြောပါတယ်။ အင်းအားပြင်း ငလျင်နောက်ပိုင်း နောက်ဆက်တွဲ ငလျင် ၁၄၀ ထက်မနည်းလည်း ထပ်လှုပ် ခဲ့သေးတာပါ။

ငလျင်ပြတ်ရွေ့ကြော ၄ ခုဆုံတဲ့ နေရာမှာရှိနေတဲ့ မက္ကဆီကို တောင်ပိုင်းဒေသဟာ အင်အားပြင်း ငလျင်ဒဏ် ခံရဖို့ လွယ်ကူတဲ့နေရာတခုဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ပြင်းအား ၈ ရှိတဲ့ ငလျင်ဒဏ် ခံခဲ့ရဖူးပါတယ်။

..............


(Unicode)




XS
SM
MD
LG