သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်ဒိုငလျင်နဲ့ ဆူနာမီ သေဆုံးစာရင်း ၈၀၀ကျော်ထိ တိုးလာ


အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်နဲ့နောက်ဆက်တွဲ ဆူနာမီလှိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေထဲ တခုဖြစ်တဲ့Palu မြို့ကို အင်ဒိုနီးရှားသမ္မတ Joko Widodo တနင်္ဂနွေနေ့မှာ ရောက်လာပြီး အပျက်အစီးတွေကို ကိုယ်တိုင် လေ့လာကြည့်ရှုပါတယ်။ အဲဒီမှာ ကယ်ဆယ်ကူညီရေးအတွက် တာဝန်ယူအလုပ်လုပ်နေကြတဲ့ တပ်ဖွဲ့တွေကို တွေ့ဆုံပြီး၊ နေရော ညပါ အလုပ်လုပ်နိုင်ရေး အဆင်သင့်ပြင်ထားဖို့ မှာကြားခဲ့ပါတယ်။

၇.၅ ပြင်းအားရှိတဲ့ ငလျင်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းကို သောကြာနေမှာ လှုပ်ခတ်ခဲ့တာကြောင့် ပြင်းထန်တဲ့ဆူနာမီ ရေလှိုင်းတွေဖြစ်ခဲ့ပြီး၊ အခု တနင်္ဂနွေနေ့ စာရင်းအရဆိုရင် ငလျင်ရော ဆူနာမီကြောင့် သေဆုံးသူ ၈၃၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း အတော်များပါတယ်။

လူဦးရည် တသောင်းခုနှစ်ထောင်လောက်ဟာ ဘေးဒုက္ခသည်ကယ်ဆယ်ရေးစခန်း ၂၄ ခုမှာ ခုံလှုံနေရပါတယ် ။ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ Palu မြို့မှာတော့ လူတွေဟာ အပျက်အစီးတွေထဲ ပိတ်မိနေပါတယ။် အပျက်အစီးပုံတွေကြားထဲကနေ အကူအညီတောင်း အော်ဟစ်ငိုယိုသံတွေ ကြားနေရတုန်းပဲလို့ အင်ဒိုနီရှားနိုင်ငံရဲ့ ကယ်ဆယ်ကူညီရေးအေဂျင်စီအကြီးအကဲ Muhammad Syaugi က ပြောပါတယ်။

အပျက်အစီးတွေကို ဖယ်ရှားဖို့ စက်ယန္တယားတွေအတော့်ကိုလိုအပ်နေပြီး၊ အခုလက်ရှိ ကယ်ဆယ်ကူညီရေးလူအင်အားနဲ့တင် မလုံလောက်ဘူးလို့လည်း ပြောပါတယ်။ သေဆုံးစာရင်းဟာ ထောင်ဂဏန်းအထိဖြစ်လာနိုင်တယ်လို့ ဒုသမတ Jusuf Kalla က ခန့်မှန်းပါတယ်။ လျှပ်စစ်မီးတွေလည်း ပြတ်တောက်ကုန်တာကြောင့် အဝေးအစွန်အဖျားက သတင်းအချက်အလက်တွေ ရဖို့ခက်နေတယ်လို့ ဆိုပါတယ်။

ကြီးမားတဲ့ ဆူနာမီလှိုင်းလုံးတွေဟာ Sulawesi ပြည်နယ်ရဲ့ အချက်အချာ Palu နဲ့ Donggala တို့ကို ရိုက်ခတ်ခဲ့တာပါ။ ၇.၅ ပြင်းအားရှိတဲ့ ငလျင်ကြောင့် လူရာဂဏန်း ဒဏ်ရာရခဲ့ပြီး၊ အဲဒီနောက်တော့ ပေ ၂၀နီးပါး လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ။ငလျှင်ကြီးကြောင့် နောက်ဆက်တွဲ ငလျင်လေးတွေအတော်များများ လှုပ်ခတ်ခဲ့ပြီး၊ လေဆိပ်၊ လမ်း တံတားနဲ့ အခြားလမ်းပမ်းဆက်သွယ်ရေးတွေလည်း ထိခိုက်ကုန်ပါတယ်။ အခုရတဲ့ အသေအပျောက်စာရင်းဟာလည်း Palu မြို့ပတ်ဝန်းကျင်တခုတည်းကဖြစ်ပါတယ်။ Dongala ဖက်က ဘာမှ သတင်းအချက်အလက်မှ မရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG