သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား Lombok ကျွန်းမှာ ပြင်းအား ၆.၉ ငလျင် ထပ်လှုပ်


အင်ဒိုနီးရှား Lombok ကျွန်းတနေရာ
အင်ဒိုနီးရှား Lombok ကျွန်းတနေရာ

အင်ဒိုနီးရှားနိုင်ငံ၊ Lombok ကျွန်းမှာ တနင်္ဂနွေနေ့က ၆.၉ ပြင်းအားရှိတဲ့ ငလျင်တခု ထပ်လှုပ်ပါတယ်။ အဲဒီမတိုင်ခင်က ၆.၃ ပြင်းအားရှိတဲ့ ငလျင်လှုပ်အပြီး နာရီပိုင်းအတွင်းမှာပဲ နောက်ထပ်ငလျင်လှုပ်တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။

အဲဒီအချိန် ပတ်ဝန်းကျင်လောက်မှာပဲ ငလျင်အသေးနှစ်ခု လှုပ်တယ်ဆိုတဲ့ သတင်းလည်း ထွက်ထားပါတယ်။

ဒီငလျင်တွေကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးတဲ့ သတင်းတွေတော့ ချက်ခြင်းမရသေးပါဘူး။

တနင်္ဂနွေနေ့က လှုပ်ခတ်တဲ့ငလျင်ကြောင့် မြေပြိုတာတွေဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးကြရပေမဲ့ သေဆုံးသူရှိတယ်ဆိုတဲ့ သတင်းတွေကိုတော့ မရသေးပါဘူး။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကမှ Lombok ကျွန်းမှာ ငလျင်ကြီးလှုပ်ပြီး လူ ၄၀၀ ကျော် သေဆုံး ထားတာပါ။

တနင်္ဂနွေနေ့ငလျင်ကြောင့် Rinjani တောင်ပေါ်က အမျိုးသားဥယျာဉ်မှာ မြေပြိုတာတွေရှိပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့မှာ ငလျင် လှုပ်တုန်းက အဲဒီဥယျာဉ်မှာ လူရာပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ဥယျာဉ်ကို ပိတ်ထားတာပါ။

သြဂုတ်လ ၅ ရက်နေ့ကလှုပ်တဲ့ ပြင်းအား ၆.၉ ငလျင်ကြောင့် လူပေါင်း ၄၃၆ ယောက်သေဆုံးပြီး လူဦးရေ ၃၅၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးကြရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာချိုင့်ဝှမ်းထဲက မီးတောင်တွေနဲ့ ဘူမိဗေဒအက်ကွဲကြောင်းတွေရှိတဲ့ “Ring of Fire” ဆိုတဲ့ နေရာပေါ်မှာ တည်ရှိတာကြောင့် ငလျင်ဒဏ် မကြာခနခံရလေ့ရှိပါတယ်။

XS
SM
MD
LG