သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား အင်အားကြီးငလျင် သေဆုံးသူ ၃၄၇ ဦး အထိတိုး


အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ  ပြင်းအား ပမာဏ ၆.၉ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက်ပိုင်း သေဆုံးသူ ဦးရေ တိုးလာနေ
အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ  ပြင်းအား ပမာဏ ၆.၉ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက်ပိုင်း သေဆုံးသူ ဦးရေ တိုးလာနေ

တနင်္ဂနွေနေ့က အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးရသူအရေအတွက် ဟာ အခုဆိုရင် ၃၄၇ ဦး ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားအစိုး့ရဲ့ Antara သတင်းမှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသား ဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugroho ရဲ့ ပြောကြားချက်အရ ငလျင်ကြောင့် ဒဏ်ရာရသူက ၁၄၄၇ ဦး ရှိနေပြီး အိုးအိမ်ရွှေ့ပြောင်းပြေးရသူပေါင်းက ၁၆၅ ၀၀၀ ကျော် ရှိနေတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

Lombok ကျွန်းမြောက်ပိုင်းက Kayangan ဒေသမှာ သေဆုံးမှု အများဆုံး ဖြစ်ကြောင်းလည်း Antara သတင်မှာ ဖေါ်ပြပါတယ်။ ပြင်းအား ပမာဏ ၆.၉ ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက်ပိုင်း အဲဒီ Lombok ကျွန်းမြောက်ပိုင်းက ခေါင်တဲ့ ဒေသတွေမှာ ရေကြီးတဲ့ဒဏ် ခံခဲ့ရတာမို့ အခုလို သေဆုံးသူ ဦးရေ တိုးလာခဲ့တာပါ။ ငလျင်လှုပ်ခတ်မှုကို အနားက Gili ကျွန်း၊ ဘာလီကျွန်း၊ Sumbawa နဲ့ အရှေ့ ဂျာဗားကျွန်း တချို့နေရာတွေကပါ ခံစားခဲ့ရတာပါ။

Lombok ကျွန်းမြောက်ပိုင်းမှာ ရှိတဲ့ အဆောက်အဦးတွေရဲ့ ၈၀ % ပျက်စီးသွားမယ်လို့ အင်္ဂါနေ့မှာ အစိုးရက ခန့်မှန်းခဲ့ပါတယ်။ Lombok ကျွန်းနဲ့ Gili ကျွန်းတွေမှာ ရှိနေတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြား ခရီးသွား တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲဒီ Lombok ကျွန်းမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြင်းအား ၆.၄ ရှိတဲ့ ငလျင် လှုပ်ခဲ့တဲ့အတွက် လူပေါင်း ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG