သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်ဒိုနီးရှားဘာလီကျွန်းမှာ ပြင်းအား ၆.၂ ငလျင်လှုပ်


အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းနဲ့ ကပ်လျက်ရှိနေတဲ့ ဘာလီကျွန်းမှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်တခု ဒီကနေ့ ထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသမှာ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။

ဘာလီကျွန်းက Ngurah Rai အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လူတွေအော်ဟစ်ပြီး၊ အလုအယက် ထွက်ပြေးတာကိုလည်း တွေ့ခဲ့ကြရတာပါ။ နောက်ဆက်တွဲ ငလျင်ဟာ ကုန်းတွင်းပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အတွက် ဆူနာမီရေလှိုင်းဒဏ်ကိုတော့ စိုးရိမ်စရာ မရှိကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တညှ်းာပဲ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၄၇ ယောက်အထိ ရှိသွားပြီဖြစ်ကြောင်း အစိုးရပိုင် Antara သတင်းက ဖော်ပြခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူ ၁၄၄၇ ယောက်ရှိခဲ့ပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ၁ သိန်း ၆ သောင်းခွဲ ရှိခဲ့ကြောင်းလည်း အင်ဒိုနီးရှား ကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဌာန ပြောခွင့်ရSutopo Purwo Nugroho က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။

သေဆုံးသူအများစုဟာ ကျွန်းရဲ့မြောက်ပိုင်း Kayangan မှာဖြစ်ကြောင်းလည်း အစိုးရပိုင်သတင်းက ဖော်ပြပါတယ်။ Lombok ကျွန်း မြောက်ပိုင်း ကမ်းလွန်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အား ၆.၉ ရှိတဲ့ ငလျင်လှုပ်ဒဏ်သင့်ရာ လူသူအလှမ်းဝေးတဲ့ ဒေသတွေက သတင်းတွေ ထပ်မံရရှိခဲ့ရာက သေဆုံးသူအရေအတွက် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။ ငလျင်ဒဏ်ကိုတော့ အနီးအနားက Gili, Bali, Sumbawa ကျွန်းတွေအပြင်၊ အရှေ့ဂျာဗားက နေရာတချို့မှာပါ ခံစားခဲ့ကြရတာပါ။

Lombok ကျွန်းမြောက်ပိုင်းက အဆောက်အဦး ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ကြောင်းလည်း အာဏာပိုင်တွေက အင်္ဂါနေ့တုန်းကပဲ ခန့်မှန်းထားကြပါတယ်။ ငလျင်ကြောင့် Lombok ကျွန်းနဲ့ Gili ကျွန်းစုတွေက ထောင်ချီတဲ့ ခရီးသွားတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတာပါ။ ငလျင်ဒဏ်သင့် ဒေသတွေကို အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးသမားတွေ ဆက်လက် သွားရောက်နေပြီး၊ အပျက်အစီးတွေကြားမှာ ရှာဖွေကယ်ဆယ်နေကြတဲ့အတွက် သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်ကြောင်းလည်း အင်ဒိုနီးရှား ကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဌာန ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG