သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေးအဖွဲ့ စိုးရိမ်မကင်းရှိဆဲ


အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman
အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း၊ ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မကြာသေးခင်ကမှ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေထံက သိခဲ့ရကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောလိုက်ပါတယ်။

နောက်ထပ်ရောက်လာသူတွေထဲက စီးပွားရေးအရ ပိုအဆင်ပြေတဲ့သူတွေကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ၊ အကြမ်းဖက်မှုတွေနဲ့ အပြစ်ပေးအရေးယူခံရတာတွေ၊ စားဝတ်နေရေး အခြေခံ လိုအပ်ချက်တွေ ဖြတ်တောက်ခံထားရတာတွေလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြောင့် နေရပ်ကိုစွန့်ခွာခဲ့ကြရတာကို တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အဆုံးသတ်အဖြစ် ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေဟာ သူတို့ဘ၀ အနာဂတ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ကြတွေ ရှိခဲ့ကြပြီး၊ သူတို့ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေး၊ တရားဥပဒေကို လေးစားလိုက်နာရေးနဲ့ တရားမျှတမှုရှိရေး အာမခံချက် ရှိဖို့ကသာ ပြဿနာရဲ့ အဖြေဖြစ်ကြောင်းလည်း အဖွဲ့ဝင် ၃ ဦးပါ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman ကပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ ARSA အစွန်းရောက် အုပ်စုက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တာကို မြန်မာလုံခြုံရေးတပ်ဖွဲ့က တုန့်ပြန်ချေမှုန်းရာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ရာက လူ့အခွင့်အရေး ကောင်စီက အချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းစုံစမ်းဖို့ စီစဉ်ခဲ့တာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ရှိတဲ့အတွက် လူ့အခွင့်အရေး ကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကိုလည်း လက်မခံပဲ ငြင်းဆန်ထားပါတယ်။

ဒီနေ့မှာပဲ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Fortify Rights ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က စနစ်တကျ ကျုးလွန်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကျေးရွာတွေမှာ ခြံစည်းရိုးတွေကို ဖယ်ရှားခိုင်းတာ၊ ဓားနဲ့ချွန်ထက်တဲ့ လက်နက်အသုံးအဆောင်တွေကို သိမ်းဆည်းတာ၊ မူဆလင်မဟုတ်တဲ့သူတွေကို လက်နက်တပ်ဆင် လေ့ကျင့်သင်ကြားပေးတာတွေကို ARSA အစွန်းရောက်အုပ်စုက တိုက်ခိုက်မှု မကျုးလွန်ခင်မှာ ကတည်းက စစ်တပ်ကလုပ်ခဲ့ကြောင်းလည်း အစီရင်ခံစာထဲမှာ စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG