သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြေယာသိမ်းဆည်းမှုပြဿနာ မြန်မာအစိုးရဖြေရှင်းပေးဖို့ HRW တိုက်တွန်း


နေပြည်တော်ရှိ လယ်ကွင်းတခုတွင်တွေ့ရသည့် လယ်ယာလုပ်သားများ။ ၂ မတ် ၂၀၁၈။

သိမ်းဆည်းခံ မြေယာတွေ အတွက် မြန်မာ အစိုးရဘက်က လျော်ကြေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က တောင်းဆိုလိုက်ပါတယ်။

မြေယာ သိမ်းဆည်းခံရမှုတွေ နောက်ထပ် မဖြစ်စေရေး အတွက် လယ်သမားတွေနဲ့ မြေယာပိုင်ရှင်တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို အစိုးရ အနေနဲ့ ပြဌာန်းဆောင်ရွက်ဖို့လည်း HRW က တိုက်တွန်းပါတယ်။

မြေသိမ်းခံ လယ်သမားတွေ မြေပိုင်ရှင်တွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေနဲ့ အတူ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ HRW ရဲ့ အစီရင်ခံစာထဲမှာတော့ မြေယာ သိမ်းဆည်းခံရမှုကြောင့် လယ်သမားတွေ ၀င်ငွေ ဆုံးရှုံးရပြီး အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကလေးတွေ အတွက် ပညာရေးတို့လို အခြေခံ လိုအပ်ချက်တွေ အတွက် ကုန်ကျခံနိုင်ဖို့တောင် ခက်ခဲသွားစေတယ်လို့လည်း ထောက်ပြထားပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာ မြေယာ သိမ်းဆည်းခံရမှုက အဓိက ပြသနာကြီး တခု ဖြစ်ခဲ့ပြီး လျော်ကြေးမပေးဘဲ ခန့်မှန်းခြေ မြေယာ ဧက သန်းနဲ့ချီပြီး သိမ်းဆည်းခဲ့တယ်လို့လည်း HRW ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ သိမ်းဆည်းခံ မြေယာတွေ ပြန်လည်ရရှိရေး တောင်းဆိုသူတွေ ဒါမှမဟုတ်လည်း သိမ်းဆည်းခံ မြေယာကနေ ထွက်ခွာမပေးသူတွေလည်း ရာဇ၀တ်ကြောင်း အရ တရားစွဲခံရပြီး ထောင်ဒဏ် အပြစ်ပေးခံရတာတွေလည်း ရှိနေတာပါ။

အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က စလို့ အခု အစိုးရ လက်ထက် အထိ သိမ်းဆည်းခံ မြေယာတွေကို စိစစ်ပြီး ပြန်လည်ပေးအပ်နေပေမယ့် မြေယာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတ၀န်းမှာ အငြင်းပွားမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG