သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို “ဒုက္ခသည်အဆင့်” သတ်မှတ်ကာကွယ်ဖို့ ယန်ဟီးလီ တိုက်တွန်း


မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံတွေ အနေနဲ့ရော အဖွဲ့အစည်း အသီးသီးကပါ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး၊ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ ဥပဒေသတွေအတိုင်း စောင့်ရှောက်ကာကွယ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ နိုင်ငံမဲ့ ဖြစ်နေရတဲ့ ကိစ္စမှာ ဘာကြောင့် နိုင်ငံမဲ့ ဖြစ်ခဲ့ရသလဲ ဆိုတာကိုလည်း သိထားဖို့ လိုပြီး၊ မြန်မာ အစိုးရက ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံပြီး နိုင်ငံသား ဖြစ်ခွင့်ကို တားဆီးထားတာကြောင့်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ဘင်္ဂလားဒေရှ့်နိုင်ငံ ခရီးစဉ် အပြီး ကြေညာချက်မှာ ပြောဆိုထားတာပါ။ အိန္ဒိယ နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခွင့် တောင်းခဲ့ပေမယ့် အိန္ဒိယ အစိုးရဘက်က အကြောင်းမပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကိုလည်း ၀င်ရောက်ခွင့် မရခဲ့တဲ့ အတွက် ဘင်္ဂလားဒေရှ့်က ဒုက္ခသည် စခန်းတွေကိုသာ သွားရောက်ခွင့် ရခဲ့ကြောင်းလည်း ကုလ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်းက အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ ဗွီဒီယိုကနေ တဆင့် ဆက်သွယ် ပြောဆိုပြီး သူတို့ ပြောပြတဲ့ နိုင်ငံတွင်း အခြေအနေတွေကို သိရှိရကြောင်းလည်း ပြောပါတယ်။ ဒီပုဂ္ဂိုလ်တွေ အဆိုအရ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဟာ သိသိသာသာ ကျဆင်းလာနေတယ်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ မတရားအသင်း ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့လို ဖိနှိပ်တဲ့ ဥပဒေတွေက လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်နေကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေ၊ စစ်တပ်ရဲ့ မြေသိမ်းယာသိမ်းမှုတွေ၊ မကြာခင်က ဖြစ်ခဲ့တဲ့ ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု အပေါ် ဆန္ဒပြသူတွေကို ရဲက နှိမ်နှင်းခဲ့တာတွေကိုလည်း ယန်ဟီးလီက ထောက်ပြခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်ခံမထားသလို မြန်မာ ဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကတည်းက ပြည်ဝင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG